Monday , December 18 2017
Home / သတင်း / ကလေးများဆိုင်ရာ / လုပ်ငန်းခွင်မှ ကလေးလုပ်သားများ ပညာဆက်လက်သင်ကြားနိုင်ရေး တာဝန်ယူသင့်

လုပ်ငန်းခွင်မှ ကလေးလုပ်သားများ ပညာဆက်လက်သင်ကြားနိုင်ရေး တာဝန်ယူသင့်

မြန်မာနိုင်ငံ၏ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည့် ကလေးလုပ်သားများ၏ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားပေးရန် လုပ်ငန်းရှင်များနှင့် အစိုးရတို့က တာဝန်ယူသင့်ကြောင်း  သမ္မတအကြံပေး ဒေါက်တာအောင် ထွန်းသက်က အောက်တိုဘာ (၂၀)ရက်နေ့က UMFCCI ၌ ပြောကြားလိုက်သည်။

ဆင်းရဲတဲ့ နိင်ငံတွေမှာ ကလေးတွေ အလုပ်လုပ်တာ အပြစ်မှ မဟုတ်တာ။ အလုပ်လုပ်တာ ပြဿနာမရှိပေမဲ့ ပညာမသင်ရတာ ပြသာနာပဲ။ အလုပ်လုပ်တဲ့အတွက် ပညာရေးနစ်နာတယ်။ လုပ်ငန်းရှင်၊ အစိုးရတွေမှာ တာဝန်ရှိတယ်။ အတန်းပညာမဟုတ်တောင် ရေးတတ်၊ ဖတ်တတ်၊ တွက်တတ်၊ချက်တတ်အောင် သင်ကြား ပေးရမယ်။ဟု ၎င်းက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေကြောင့် ကလေးများသည် ကျောင်းမှထွက်ကာ အလုပ်ခွင်ဝင်ခဲ့ ရခြင်းဖြစ်ပြီး ယင်းသို့ ကလေးများပညာသင်ကြားနိုင်ရန် NGO အချို့က ကားဖြင့် စာသင်ပေးမှုများရှိလာကာ  တချို့ရပ်ကွက်များတွင် အိမ်ဖော်ကလေးများကို တစ်ပတ်လျှင် တစ်နာရီခန့် ရပ်ကွက်တွင်း အိမ်တစ်အိမ်တွင် စုကာ စာသင်ပေးခြင်းတို့ကို ပြုလုပ်ပေးနေကြောင်း သိရသည်။

ဘွဲ့ရတွေက အလုပ်မှာအာရုံစိုက်မှုနည်းတယ်။ အထက်တန်းတက်နေတဲ့ ကလေးတွေကို လုပ်ငန်းခွင် ကျွမ်း ကျင်အောင် သင်တန်းပေးတယ်။ ၁၅၊ ၁၈ နှစ်တွေကို အန္တရာယ်မရှိရင် ခန့်ပါတယ်။ ဟု ရွှေတောင်ကုမ္ပဏီ မန်နေဂျာ ဒေါ်ကေခိုင်သန့်က ပြောသည်။

 မြန်မာနိုင်ငံရှိ လုပ်ငန်းခွင်တော်တော်များများတွင် ကလေးလုပ်သားများရှိနေပြီး အများစုမှာ လက်ဘက်ရည် ဆိုင်များ၊ ကားဝပ်ရှော့များနှင့် အထည်ချုပ်လုပ်ငန်းများတွင် လုပ်ကိုင်နေကြကာ ILOနှင့် UNICEF သည် ကလေးလုပ်သားပြသာနာများကို ကိုင်တွယ်ဖြေရင်းနေရသည်ဟု သိရသည်။

အထည်ချုပ်လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသည့် အသက်မပြည့်သေးသည့် ကလေးဝန်ထမ်းများကို ပညာသင် ကြားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်အသင်းမှ ဦးမြင့်စိုးက ပြောသည်။t

Check Also

ခိုင်နှင်းဝေက ကလေးသူငယ်များအတွက် ထိရောက်သော ဥပဒေနှင့် အခွင့်အရေးများ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ တောင်းဆို

ဝါးဝါး(မြစ်မခ) ရန်ကုန်၊ နိုဝင်ဘာ (၂၁) ရက်။ United Act ၏ ကလေးသူငယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အထူးသံတမန်ဖြစ်သော သရုပ်ဆောင် ခိုင်နှင်းဝေသည် ကလေးသူငယ်များအတွက် ထိရောက်သော ဥပဒေနှင့် …