Wednesday , May 31 2017
Home / FNews / ခိုင်နှင်းဝေက ကလေးသူငယ်များအတွက် ထိရောက်သော ဥပဒေနှင့် အခွင့်အရေးများ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ တောင်းဆို

ခိုင်နှင်းဝေက ကလေးသူငယ်များအတွက် ထိရောက်သော ဥပဒေနှင့် အခွင့်အရေးများ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ တောင်းဆို

ဝါးဝါး(မြစ်မခ)

ရန်ကုန်၊ နိုဝင်ဘာ (၂၁) ရက်။

United Act ၏ ကလေးသူငယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အထူးသံတမန်ဖြစ်သော သရုပ်ဆောင် ခိုင်နှင်းဝေသည် ကလေးသူငယ်များအတွက် ထိရောက်သော ဥပဒေနှင့် အခွင့်အရေးများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ တင်ပြတောင်းဆိုထားကြောင်း သိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကလေးသူငယ်များအပေါ် ညှင်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ပတ်သက်၍ တောင်းဆိုထားခြင်းဖြစ်ပြီး သက်ငယ်မုဒိမ်းမှုများအတွက် သေဒဏ်မပေးပါက အစိုးရမှ ပေးသောအခွင့်အရေး၊ ခံစားခွင့်လုံးဝမပါသော တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်ခြင်းမျိုးပေးရန် တောင်းဆိုခဲ့ကြောင်း သရုပ်ဆောင် ခိုင်နှင်းဝေက ပြောသည်။

‘‘သက်ငယ်မုဒိန်းမှုတွေအတွက် သေဒဏ်ပေးဖို့က သေဒဏ်က ဥပဒေမှာမရှိဘူးဆိုလို့ တစ်သက်တစ်ကျွန်းချပေး ဖို့ တောင်းဆိုထားတယ်။ တစ်သက်တစ်ကျွန်းဆိုတဲ့နေရာမှာလည်း အစိုးရကပေးမယ့် လွတ်ငြိမ်းချမ်းသာခွင့်တို့၊ ဘာတို့ မပါတဲ့ပြစ်ဒဏ်မျိုးပါ။ အဲဒီပြစ်ဒဏ်ကိုချပေးဖို့ တောင်းဆိုထားပါတယ်။’’ဟု သရုပ်ဆောင် ခိုင်နှင်းဝေက ပြောသည်။

သရုပ်ဆောင်ခိုင်နှင်းဝေသည် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်မတွေ့ဆုံမီ ဒေသအသီးသီးမှ ခန့်အပ်ထား သော ကလေးသူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ကလေးများ၏လိုအပ်မှုများကို စစ်တမ်းကောက်ယူ ထားကြောင်းလည်းသိရသည်။

‘‘အစ်မ ၂၀ ရက်မတိုင်ခင်က ကလေးတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ လှိုင်သာဘက်ကကလေးတွေ တောင်းဆိုတာက ကျတော့ လှိုင်သာယာအရက်ချက်စက်ရုံ၊ ဆေးလိပ်စက်ရုံနားမှာရှိတဲ့ကလေးတွေက စက်ရုံကထွက်တဲ့ အနံ့အ သက်ကြောင့် ကျန်းမာရေးထိခိုက်မှုတွေရှိနေတယ်လို့ပြောတယ်။ ဒါကိုတင်ပြတော့ သူ့တို့ဖက်က ဒီလိုစက်ရုံတွေ ထပ်တိုးမဖွင့်နိုင်အောင် အခွန်ပိုင်းမှာ ထပ်တိုးကောက်တာမျိုးတွေ လုပ်ပေးမယ်လို့ပြောတယ်။ နောက်ဆုံးတစ်ခု ကတော့ ကျောင်းတက်တဲ့ကလေးတွေပေါ့။ ကျူရှင်စနစ်က ကျောင်းသားတွေကြားမှာ ခွဲခြားဆက်ဆံမှုခံရတယ် ပေါ့။ ဒီစနစ်ကိုပပျောက်အောင်လုပ်ပေးဖို့ တောင်းဆိုတဲ့အတွက် ကလေးတွေအစားတောင်းဆိုခဲ့တယ်။”ဟု ခိုင်နှင်းဝေကပြောသည်။

ကလေးသူငယ်လူကုန်ကူးတိုက်ဖျက်ရေး အထူးသံတမန်ဖြစ်သော ခိုင်နှင်းဝေသည် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များနှင့် နိုဝင်ဘာ ၂၀ ရက်တွင် နေပြည်တော်၌ သွားရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။

ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို တောင်းဆိုခဲ့သည့်အချက်များတွင် မိဘမဲ့ကလေးများအ တွက် မှတ်ပုံတင်လုပ်ပေးရန်၊ ရပ်ကွက်အတွင်း အိမ်အကူလုပ်နေသည့် ကလေးအရေအတွက်သိရှိရန်၊ အိမ် တိုင်းဧည့်စာရင်းတိုင်ရန် စသည့်ကိစ္စရပ်များအပြင် ကလေးများ၏ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ရပိုင်ခွင့်များ နှင့်ပတ်သက်ပြီး တောင်းဆိုခဲ့ကြောင်းသိရသည်။

 

Check Also

၂၁ ရာစုပင်လုံတက်ရောက်ပြီး မိုးကုတ်မြို့သို့ ပြန်ရောက်လာသူများကို ဒေသခံလီဆူတိုင်းရင်းသားများ ကြိုဆို

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ မေ ၃၁ ရက်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံသို့ လီဆူလူမျိုးများ ကိုယ်စားတက်ရောက်၍ မေ ၃၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး …