Saturday , March 10 2018
Home / သတင်း / စီးပွားရေးသတင်း / FMI ကုမ္ပဏီများမှ အစုရှယ်ယာဈေးနှုန်းများ ဧပြီ (၂၉)ရက်နေ့အထိ ဆက်တိုက်ကျဆင်းနေ  

FMI ကုမ္ပဏီများမှ အစုရှယ်ယာဈေးနှုန်းများ ဧပြီ (၂၉)ရက်နေ့အထိ ဆက်တိုက်ကျဆင်းနေ  

ယမုံ (မြစ်မခ)

FMI ကုမ္ပဏီများမှ အစုရှယ်ယာများ အရောင်းအဝယ်နည်းပါးလာခြင်းကြောင့် ဧပြီ (၂၉) ရက်နေ့အထိ အစုရှယ်ယာဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေကြောင်း စတော့အိတ်ချိန်း ဈေးကွက်အတွင်းမှ သိရှိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဦးဆုံးရောင်းချခွင့်ရှိသည့် FMI ကုမ္ပဏီမှ အစုရှယ်ယာများကို မတ်လ (၂၅)  ရက်နေ့မှ စတင် အရောင်းအဝယ်ပြုလုပ်ခဲ့ကာ ဧပြီ(၂၅) ရက်နေ့အထိ ဈေးနှုန်းအတက်အကျဖြစ်ပေါ်ခဲ့ပြီး ဧပြီ (၂၆)ရက်နေ့မှ ဧပြီ(၂၉)ရက်နေ့ထိ အစုရှယ်ယာ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေကြောင်း သိရသည်။

“ရှယ်ယာအရောင်းအဝယ်ကတော့ ပုံမှန်လို့ပဲ ပြောရမယ်။ ဒီနေ့မှာဆိုရင် စတော့ရှယ်ယာဈေးစဖွင့်တဲ့ အချိန်က နေပြီး ဈေးပိတ်ချိန်အထိကို ရှယ်ယာတစ်စုကို ကျပ်(၃၀၀၀၀)နဲ့ပဲ အရောင်းအဝယ်ဖြစ်နေတယ်။” ဟု Yangon Stock Exchange Administration Department ၏ Executive Senior Manager ဦးသက်ထွန်းဦးက ပြောသည်။

စတော့ရှယ်ယာဈေးနှုန်းအတက်အကျသည် စတော့ရှယ်ယာ အရောင်းအဝယ်ပေါ်တွင် မူတည်ကာ ဈေးနှုန်း အပြောင်းအလဲရှိကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာရောင်းချခွင့်ရှိသည့် ကုမ္ပဏီ(၆)ခု၏ အစုရှယ်ယာများကို KBZ Stiriling Coleman Securities ကုမ္ပဏီ၊ CB Securities ကုမ္ပဏီ၊ Myanmar Securities Exchange Center၊ AYAtrust Securities ကုမ္ပဏီ၊ KTzRH Securities ကုမ္ပဏီတို့မှ တာဝန်ယူရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ(၉)ရက်နေ့က မြဝတီဘဏ်ဟောင်းရုံးချုပ်တွင် ဖွင့်လှစ်ခဲ့ပြီး မြန်မာ့ စီးပွားရေးဘဏ်မှ (၅၁)ရာခိုင်နှုန်း။ ဂျပန်နိုင်ငံ Daiaw Institute of Researchနှင့် Japan Exchange Groupတို့မှ (၄၉)ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာရောင်းချခွင့်ရှိသည့် ကုမ္ပဏီခြောက်ခုမှာ First Myanmar Investment ကုမ္ပဏီ၊ ပထမပုဂ္ဂလိကဘဏ်၊ Myanmar Citizen Bank၊ Myanmar Thilawa SEZ Holding Public ကုမ္ပဏီ၊ Great HORKHAN Public ကုမ္ပဏီနှင့် MAPCO ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။

Check Also

ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

  ယမုံ (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ(၁၉)ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ရန် ဖိတ်ခေါ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ …