Thursday , November 30 2017
Home / သတင်း / စီးပွားရေးသတင်း / ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးခွဲ ဖွင့်လှစ်မည်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးခွဲ ဖွင့်လှစ်မည်

 

ယမုံ (မြစ်မခ)

ရန်ကုန်၊ သြဂုတ် ၁၅ ရက်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဆိုပြုလွှာများ လျင်မြန်စွာဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ရုံးခွဲကို ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)မှ သိရှိရသည်။

“ကျွန်တော်တို့ MIC ရုံးခွဲဖြစ်တဲ့ DICA ရုံးခွဲတွေ ဖွင့်လှစ်နေတာရှိပါတယ်။ ကျွန်တော်တို့ ရုံးခွဲ(၂)ခုဖွင့်လှစ်ဖို့ကျန် ပါတယ်။ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ရုံးခွဲထပ်ဖွင့်လှစ်ဖို့ ကျန်ပါတယ်။ အဲ့ရုံးခွဲကို ကျွန်တော်တို့ အခုလာ မယ့် စက်တင်ဘာလနဲ့ အောက်တိုဘာလထဲမှာ အပြီးပြတ် ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။”ဟု မြန်မာ  နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာန၌ ရင်းနှီး မြှုပ်နှံမှုအဆိုပြုလွှာများကို စိစစ်ခွင့်ပြုပေးနိုင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

“ဒါကြောင့် မကြာခင်ကာလအတွင်းမှာ ကျွန်တော်တို့ DICA ရုံးခွဲတွေက တိုင်းနဲ့ ပြည်နယ်တွေမှာ အားလုံးဖွင့် လှစ်ပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။ ဖွင့်လှစ်ပြီးတဲ့အခါမှာ ကျွန်တော်တို့ ရုံးချုပ်မှာရှိတဲ့ အရာထမ်း၊ အမှုထမ်း တွေက သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်က ရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်တဲ့အခါ လွယ်ကူချောမွေ့စေဖို့ လိုအပ်တာတွေကို အနီးကပ်ကူညီပေးသွားမှာဖြစ်ပါတယ်။”ဟု ဦးအောင်နိုင်ဦးက ဆက်ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ(၂၇)အရ ရင်းနှီးမြှုပ်နှံမှုများကို လုပ်ပိုင်ခွင့်ခွဲဝေ သတ်မှတ်ပေးနိုင်ရန် တိုင်း ဒေသကြီးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများမှ ရင်းနှီးမြှုပ်နှံမှု မတည်ငွေရင်းပမာဏ အမေရိကန်ဒေါ်လာ (၅)သန်း(သို့မဟုတ်)ကျပ်သန်း(၆၀၀၀)အထိ ခွင့်ပြုပေးနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးခွဲပေါင်း(၁၀)ခုကျော်ဖွင့်လှစ်ထားပြီး ရန် ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မွန် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း

Check Also

ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

  ယမုံ (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ(၁၉)ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ရန် ဖိတ်ခေါ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ …