Saturday , May 27 2017
Home / သတင်း / စီးပွားရေးသတင်း / ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ ပင်လယ်ပြင်ငါးဖမ်းဆီးခြင်းကို ရက်ပေါင်း(၆၀)သာခွင့်ပြုမည်

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ ပင်လယ်ပြင်ငါးဖမ်းဆီးခြင်းကို ရက်ပေါင်း(၆၀)သာခွင့်ပြုမည်

ယမုံ (မြစ်မခ)

ရန်ကုန်၊ မေ ၂၅ ရက်။

မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းရာသီကို ရက်ပေါင်း(၉၀)သတ်မှတ်ထားသော်လည်း ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ ရက်ပေါင်း(၆၀)သာ သတ်မှတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။

“ပင်လယ်ပြင်ထဲမှာ ရက်(၉၀)ဆက်တိုက်နေရတာထက်စာရင် ဖြေလျှော့တဲ့အနေနဲ့ ရက်(၆၀)ကို သတ်မှတ်ပေး နိုင်ဖို့အတွက် ကျွန်တော်တို့ ညှိနှိုင်းသဘောတူညီချက်အရ ဒီနှစ်ကတော့ ပုံမှန်အတိုင်းသွားပြီးတော့ လာမယ့်သြ ဂုတ် ၃၁ ရက်မှာ ၂၀၁၆-၁၇ ငါးဖမ်းရာသီကုန်ဆုံးမှာဖြစ်တဲ့အတွက် စက်တင်ဘာ ၁ ရက်နေ့ကစပြီးတော့ ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်အတွက်ငါးဖမ်းရက်ကို ရက်(၆၀)သတ်မှတ်တာက အကျုံးဝင်အကောင်အထည်ဖော် သက်ရောက်မှာဖြစ်ပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ငါးဖမ်းရက်ပေါင်း(၆၀)ထက်ကျော်လွန်သည့် နိုင်ငံခြားသားငါးဖမ်းသင်္ဘောများအား တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ခုနှစ်သောင်းသတ်မှတ်မည်ဖြစ်ပြီး ပြည်တွင်းသင်္ဘောများအား (၁)ရက်မှ (၅) ရက်ကျော်လွန်ပါက တစ်ရက်လျှင် ငါးသောင်းကျပ်၊ (၆)ရက်မှ (၁၀)ရက်ထိ ကျော်လွန်ပါက တစ်ရက်လျှင် တစ် သိန်းကျပ်၊ ၁၁ ရက်မှ ၁၄ ရက်ထိ တစ်ရက်လျှင်နှစ်သိန်းကျပ်၊ (၁၅)ရက်အထက်ကျော်လွန်ပါက စည်းပျက် ယာဉ်များအဖြစ်သတ်မှတ်၍ ငါးဖမ်းဆီးခွင့်ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ဘယ်နှစ်ကို ဘယ်လိုဖမ်းဆီးရမယ်ဆိုတာကတော့ ဆွေးနွေးပွဲနဲ့ သုတေသနလုပ်ငန်းတွေ များများပြုလုပ်ရင် ထိရောက်တဲ့အဖြေထွက်လာမှာပေါ့။ အဲ့တော့ အဲဒီအတိုင်းသွားဖို့ဖြစ်ပါတယ်။ အရင်ကလည်း အစိုးရက သူ့ သဘောသူဆောင်ပြီးတော့ သူတစ်ယောက်တည်းသဘောနဲ့ ဆုံးဖြတ်တာမဟုတ်တော့ဘဲနဲ့ ငါးလုပ်ငန်းအဖွဲ့ချုပ် လို ပညာရှင်တွေ၊ ပင်လယ်ငါးဖမ်းအသင်းနဲ့၊ လုပ်ငန်းရှင်တွေနဲ့ အားလုံးဘက်စုံဆွေးနွေးပြီးတော့ ဆောင်ရွက်ရ တာဖြစ်တဲ့အတွက် ဒီအစီအစဉ်တွေက တစ်နှစ်ထက်တစ်နှစ်ပိုပြီးတော့ ကောင်းမွန်လာမယ်။ တိကျသေချာမယ် လို့မျှော်လင့်ပါတယ်။”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ကပြောသည်။

ရက်လွန်ငါးဖမ်းဆီးခြင်း အကြိမ်အရေအတွက်ပေါ်မူတည်၍ ဒဏ်ကြေးငွေများလည်းတိုးမြှင့်မည်ဖြစ်ပြီး သတ် မှတ်ရက်ထက်(၁၅)ရက်ထိကျော်လွန်သည့် စည်းပျက်ငါးဖမ်းယာဉ်များအား ပထမအကြိမ် စည်းကမ်း ပျက်ပါက ကျပ်သိန်း(၃၀)နှင့် ငါးဖမ်းဆီးခွင့်(၃)လပိတ်ခြင်း၊ ဒုတိယကြိမ်ဖြစ်ပါက ကျပ်သိန်း(၆၀)နှင့် ငါးဖမ်းဆီးခွင့် (၆)လ ပိတ်ခြင်း၊ တတိယအကြိမ်ဖြစ်ပါက ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းယူသွားမည်ဖြစ်ကာ ငါးဖမ်းရေယာဉ်မောင်းသူကို လည်း ထောင်ဒဏ်ထိအပြစ်ပေးအရေးယူနိုင်ရန် တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Check Also

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အထူးစီးပွားရေးဇုန်သစ်တစ်ခု အကောင်အထည်ဖော်မည်

ယမုံ (မြစ်မခ) ရန်ကုန်၊ မေ ၂၂ ရက်။ ကုန်စည်စီးဆင်းမှုများပြုလုပ်ရာ၌ ကုန်ကျစရိတ်လျော့နည်းပြီး လျင်မြန်မှုရှိစေရန် အထူးစီးပွားရေးဇုန်သစ်တစ်ခု ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး …