Thursday , October 18 2018
Home / FNews / နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်သို့ ရောက်ရှိ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်သို့ ရောက်ရှိ

နောင်ဒီလင်း (မြစ်မခ)

မြစ်ကြီးနား၊ မတ် (၂၈) ရက်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ် ၂၈ ရက်က ကချင်ပြည်နယ်သို့ရောက်ရှိလာ ကာ ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပြီး စစ်ရှောင်စခန်းများသို့ ဆက်လက်သွားရောက်ခဲ့ ကြောင်း သိရှိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြစ်ကြီးနားမြို့ရှိ Palm Spring Hotel ၌ တိုင်းရင်းသားကိုယ်စားလှယ် များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဘာသာရေးအ သင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး ၎င်းတို့က ဒေသတွင်းလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

“ကချင်ပြည်နယ်မှာ ဖက်ဒရယ်စနစ်ရှိဖို့နဲ့ အဲဒီထဲမှာ အမျိုးသမီးတွေပါဝင်နိုင်ဖို့ကို တင်ပြခဲ့ပါတယ်။ နောက်တစ်ခု ကတော့ ပဋိပက္ခအတွင်းမှာ အမျိုးသမီးတွေရဲ့ ကြုံတွေ့ရတဲ့အခက်အခဲတွေက ဘာတွေဖြစ်နေတယ်ဆိုတာတွေ ကို တင်ပြခဲ့ပါတယ်။ အဲဒါတွေကို အထက်ကိုတင်ပြလိုက်ပါ။ အဲဒါမှအဆင်မပြေရင် သူ့ဆီကိုတင်ပြပါဆိုပြီး ပြန် ပြောပါတယ်။ နောက်ပြီး အစိုးရက လူမှုရေးအသင်းအဖွဲ့တွေနဲ့ အတူပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်ဆို ပြီးပြန်ပြောပါတယ်။”ဟု ဒေသခံတိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးကပြောသည်။

ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ဝင်းမြတ်အေးက ကချင်ပြည် နယ် စစ်ရှောင်စခန်းများသို့လှူဒါန်းထားခဲ့သော ငွေကျပ်သိန်း(၃၀၀၀)အား မည်သို့အသုံးပြုကူညီဆောင်ရွက်ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့က အရင်ကလှူထားတာရှိတယ်။ ကျပ်သိန်း(၃၀၀၀)လှူထားတာပါ။ အဲဒါကို ဘယ်လို အသုံးပြု တယ်၊ ဘယ်နေရာတွေမှာ ဘယ်လိုပုံနဲ့လှူခဲ့တယ်ဆိုတာတွေကို ရှင်းလင်းတင်ပြခဲ့တာပါ။ အဲဒီလှူထားတဲ့ နေရာတွေကိုလည်း အခုခဏနေရင်သွားမှာ၊ သွားပြီး စစ်ရှောင်တွေကို အမေစုက အားပေးစကားပြောမယ်။ အခုလည်း လှူစရာပစ္စည်းတွေ ပါသေးတယ်။ အဲဒါတွေကို သွားလှူပေးမယ်။”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် တိုင်းရင်းသားကိုယ်စားလှယ်များ၊ လူမှု ရေးအသင်းအဖွဲ့များနှင့် နေ့လည်(၁၂း၀၀)နာရီအထိ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဝိုင်းမော်မြို့နယ်ရှိ ခတ်ချိုစစ်ရှောင်စခန်း၊ မိုင်းနားစစ်ရှောင်စခန်း၊ မန်ခိန်စစ်ရှောင်စခန်းများသို့ သွားရောက်၍ စစ်ဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားခြင်း၊ အဝတ်အထည်နှင့် အစားအသောက် လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

 

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …