Sunday , May 28 2017
Home / သတင်း / အထူးသတင်း / လောက်ကိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လားရှိုး-လောက်ကိုင်ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများ ရပ်နား

လောက်ကိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လားရှိုး-လောက်ကိုင်ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများ ရပ်နား

နောင် (မြစ်မခ)

လားရှိုး၊ မတ်(၆) ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့သို့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ များ ဖြစ်ပွားနေခြင်းကြောင့် လားရှိုးနှင့် လောက်ကိုင်သို့ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းများ ခေတ္တရပ် နားထားရကြောင်း သိရှိရသည်။

လောက်ကိုင်မြို့အတွင်း မတ်  ၆ ရက်၊ နံနက်(၁)နာရီခွဲဝန်းကျင်ခန့်က လက်နက်ကိုင်တပ်ဖွဲ့နှင့် တပ်မတော်တို့ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လားရှိုး-လောက်ကိုင် ပြေးဆွဲနေသော ခရီးသည်ယာဉ်များ ရပ်နားထားခြင်း၊ လားရှိုးမှ လောက်ကိုင်သို့ သွားသောကားများမှာလည်း ချင်းရွှေဟော်ထိသာသွားခွင့်ရကြောင်း သိရသည်။

“လောက်ကိုင်ကကားလည်း မထွက်လာရပါဘူး။ လားရှိုးကနေသွားမယ်ဆိုရင်လည်း ချင်းရွှေဟော်အထိပဲ သွား လို့ရပါတယ်။ ကားခတော့ အနည်းငယ်ဈေးတက်ပါတယ်။’’ဟု နယ်စပ်မန်းဂိတ်ပိုင် ဦးသားကြီးက ပြောသည်။

လောက်ကိုင်မြို့လယ်ခေါင်သို့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ သေနတ်များ၊ လက်နက်ကြီးများဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားအများအပြားသေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရသည်။

“မနက် တစ်နာရီခွဲလောက်ကနေစပြီး သေနတ်သံတွေကြားနေရတာပါ။ လက်နက်ကြီးသံလည်း ကြားရပါတယ်။ ရန်လုံကျိုင်းလောက်မှာဖြစ်နေတယ်လို့ ထင်မိပါတယ်။’’ဟု လောက်ကိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မဇာခြည်နွေးက ပြောသည်။

လောက်ကိုင်ဒေသတွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူ (၄၀၀၀၀)ကျော်မှာ စစ်ဘေးဒဏ်ခံခဲ့ရပြီး (၁၀၀၀၀)ကျော်မှာ တရုတ်ပြည်တွင် ခိုလှုံခဲ့ရကြောင်း သိရသည်။

Check Also

စစ်ကိုင်းတိုင်း ကသာမြို့တွင် လမ်းမြေချဲ့ရာမှ စစ်ကျန်ဗုံးသီးဟောင်းများနှင့် ကျည်ဆံများ တွေ့ရှိ

နေမျိုးလှရွှေ (မြစ်မခ) ရန်ကုန်၊ ဖေဖော်ဝါရီ(၁၄)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့၌ ရွှေဖုန်းရှိန်လမ်းနှင့် တာရိုးတန်းလမ်းဆုံနေရာတွင် ဖေဖော်ဝါရီ(၁၄)ရက်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လမ်းမြေချဲ့ခြင်း လုပ်ငန်းဆောင်ရွက်စဉ် စစ်ကျန်ဗုံးသီးဟောင်းများနှင့် ကျည်ဆံများ တွေ့ရှိခဲ့ကြောင်း …