Tuesday , November 28 2017
Home / သတင်း / အနုပညာသတင်း / အိမ်ထောင်ပြုချင်ပြီလို့ အသက် ၃၀ မှာ ဖွင့်ဟလိုက်တဲ့ အေးမြတ်သူ

အိမ်ထောင်ပြုချင်ပြီလို့ အသက် ၃၀ မှာ ဖွင့်ဟလိုက်တဲ့ အေးမြတ်သူ

ဝါးဝါး(မြစ်မခ)

 

အမျိုးသမီးတစ်ဦးအနေနဲ့ အသက် ၃၀ အရွယ်မှာ မိသားစုဘဝကို တောင့်တလာတာကြောင့် သရုပ်ဆောင် အေးမြတ်သူက အိမ်ထောင်ပြုချင်မိတယ်လို့ ဆိုပါတယ်။

ခေတ်စနစ်ပြောင်းလဲမှုတွေကြောင့် လက်ထပ်ထိမ်းမြားဖို့ သေချာစဉ်းစားဆုံးဖြတ်တတ်တဲ့ ကာလဖြစ်လို့ ယနေ့ခေတ်မှာ အမျိုးသားနှင့်အမျိုးသမီးတို့ လက်ထပ်ထိမ်းမြားဖို့ ခက်ခဲလျက်ရှိနေတယ်လို့လည်း သူမက သုံးသပ်ပါတယ်။

”ကျွန်တော် အသက်(၁၇)နှစ်ကတည်းက (၂၇)နှစ်ကျရင် ယူမယ်လို့ပြောခဲ့တာ။ အခုဆို အသက် ၃၀ရှိပြီ။ အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း ယောင်္ကျား လိုချင်နေပြီ။ အမျိုးသမီးအနေနဲ့ အသက်(၃၀)အရွယ်က ကလေးမီးဖွားဖို့ အသင့်တော်ဆုံးပဲလေ။ အလှအပနဲ့ကြည့်ရင်လည်းဒီအရွယ်မှာလှတာ ကုန်တော့မယ်။ ယူမယ့် ယောက်ျားက ရှားပြီ။ အမျိုးသားကျတော့ အဲ့ဒီအရွယ်မှာ အတောက်ပဆုံးဖြစ်ပြီး အလုပ် လုပ်တိုင်းဖြစ်မြောက် တဲ့ အချိန်ပါ။ အဲ့ဒီအချိန်မှာ သူတို့ဘေးမှာ မိန်းကလေးပေါသလို သူတို့က ၄၀လောက်မှ မိသားစုဘဝကို လိုချင် ကြတာလေ။ အဲ့ဒီလို ကွာခြားသလို အခုခေတ်စီးပွားရေးအခြေအနေတွေကြောင့် လက်ထပ်ဖို့ကိုတော်တော် စဉ်းစားနေကြရတယ်” ဟု အေးမြတ်သူက ပြောသည်။

သရုပ်ဆောင်အေးမြတ်သူသည် လက်တလောတွင် ဒါရိုက်တာဝင်းထွန်းထွန်းရိုက်ကူးသော “ပြုံးရွှင်ရယ် ပျော်ရဲ့ လား” ရုပ်ရှင်ဇာက်ကားကြီးကို ရိုက်ကူးနေပြီး အဆိုပါဇာက်ကားတွင် ကြမ်းတမ်းသောအကျင့်စရိုက်ရှိသည့် မစိန်ကြည် ဗီလိန်ဇာတ်ကောင်အဖြစ် ရိုက်ကူးနေကြောင်း သိရသည်။

“ဒီကားမှာကျွန်တော်က အဖြစ်မရှိတဲ့ ဗီလိန်ဇာတ်ရုပ်ကိုသရုပ်ဆောင်ထားပါတယ်။ ဇာတ်ထဲက ယိမ်းသမ တစ်ယောက် စရိုက်ကြမ်းပြီး ကွမ်းတပျစ်ပျစ်နဲ့အရပ်ထဲလှည့်ပြီး ဖဲရိုက်နေတဲ့မိန်းမပါ။ ကျွန်တော်ဒီကားမှာ ပိုက်ဆံမက်တဲ့ ပုံမျိုးဖြစ်အောင်ကြိုးစားထားတယ်။ ကျွန်တော့်အလှကို ပျက်စေတဲ့ အဝတ်မျိုးဝတ်တယ်။ ဗီလိန် ရိုက်ရဲ တာ ပရိသတ်ကြောင့်ပါ။ အရင်နဲ့မတူတော့တဲ့ ပရိသတ်အမြင်တွေလိုချင်လို့ပါ”ဟု သူမက ပြောသည်။

အေးမြတ်သူသည် ဇာက်ကားရိုက်ကူးမှုများကြောင့် ရေဘေးသင့်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်နိုင်ခြင်း မရှိသော် လည်း ရေဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရ သည်။

”ရေဘေးအတွက် အားလုံးက ပါဝင်နေကြတာ မြင်တော့ ဝမ်းသာတယ်။ အလုပ်ကိစ္စတွေကြောင့် လောလော ဆယ်မှာ ရေဘေးအတွက် လတ်တလောမှာ မပါဝင်ဖြစ်ပေမဲ့ပြန်လည်ထူထောင်ရေးကြရင် ပါဝင်ဖို့ရှိပါတယ်” ဟု အေးမြတ်သူက ပြောသည်။

အေးမြတ်သူသည် ၂၀၀၄ခုနှစ်တွင်အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး အနုပညာသက်တမ်း (၁၁)နှစ် တွင် ရုပ်ရှင်နှင့် ဗီဒီယိုဇာက်ကားပေါင်းများစွာ ရိုက်ကူးထားပြီးဖြစ်သည်။

Check Also

ဒေါ်ဆွေဇင်ထိုက် ဦးဆောင်သင်ကြားသည့် ဒုတိယအကြိမ် ဇာတ်ညွန်းရေးသားနည်းသင်တန်း ပို့ချ

ထွယ်ဆန်(မြစ်မခ) ရန်ကုန်၊ ဇွန် ၁၉ ရက်။ Pen Myanmar မှ စီစဉ်၍ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်ဦးဆောင်သင်ကြားသည့် ဒုတိယအကြိမ် ဇာတ်ညွန်း ရေးသားနည်းသင်တန်းအမှတ်စဉ် ၁/၂၀၁၇ …