Wednesday , November 29 2017
Home / သတင်း / အနုပညာသတင်း / နိုင်ငံတကာတန်းဝင်ဖြစ်ဖို့ ကြိုးစားသွားမယ့် မချစ်တတ်သေးတဲ့ ဟန်သီ

နိုင်ငံတကာတန်းဝင်ဖြစ်ဖို့ ကြိုးစားသွားမယ့် မချစ်တတ်သေးတဲ့ ဟန်သီ

ဝါးဝါး(မြစ်မခ)

 

အလှမယ်ဟန်သီအနေဖြင့် နိင်ငံတကာတန်းဝင် အနုပညာရှင်တစ်ယောက်ဖြစ်စေရန် နယူးယောက်ရှိ New York Flim Academy (NYFA) အနုပညာတက္ကသိုလ်တွင် Acting Major ဖြင့် (၉)လကြာ ပညာ တော်သင်သွား ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းတက်ရန် စက်တင်ဘာလ(၁၇)ရက်နေ့တွင် သွားရောက်မည်ဖြစ်ပြီး ၂၀၁၆ခုနှစ် မေလတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

”ညီမကျောင်းသွားတက်ဖြစ်တာက ညီမရဲ့အနာဂါတ်အတွက်ဖြစ်သလို အနုပညာနဲ့ ပက်သက်ပြီး ပိုပြီးကောင်းမွန်ဖို့ အတွက်ပါ။ နယူးယောက်မှာကျောင်း (၉)လလောက်ကြာမယ်။ ပြန်လာတဲ့ အခါ ကျရင် အနုပညာအလုပ်ဆက်လုပ်လို့ ရပါပြီ။ အဲ့ဒီကျမှ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေ ပြန်ရိုက်ပါမယ်။” ဟု အလှမယ်ဟန်သီက ပြောသည်။

အလှမယ်ဖြစ်ပြီး သီချင်းပါ သီဆိုလျှက်ရှိသည့် ဟန်သီက ဇူလိုင်လ(၂၆)ရက်နေ့တွင် ထွက်ရှိခဲ့သည့် ပထမဦးဆုံး တေးစီးရီး ဖြစ်သော “မချစ်တတ်သေးဘူး” တေးစီးရီးသည်တစ်လတည်းတွင်ပင် ရောင်း အား၂၅၀၀ ကျော်ရရှိခဲ့ပြီး Sky Net Top Music Program တွင် နံပါက်တစ်နေရာရပ်တည်နိင်ခဲ့သလို အွန်လိုင်းတွင်လည်း နံပါတ် ၃နေရာက ရပ်တည်နိင်ခဲ့ကြောင်း သိရသည်။

“ဟန်သီရဲ့ အခွေလေးက အခုဆိုတစ်လတည်းနဲ့ ရောင်းအား၂၅၀၀ကျော်ခဲ့တယ်။ “ထာဝရသက်သေ” သီချင်းကတော့ ပရိသတ်အကြိုက်ဆုံးသီချင်းပါ။ ပရိသက်တွေညီမရဲ့ အခွေလေးကို တော်တော် အား ပေးတယ်။ ဒီအခွေလေးက ဟန်သီနဲ့ ပရိသတ်အတွက်  ကုသိုလ်ရမယ့် အခွေလေးပါ။  ညီမတေးစီးရီး ရောင်းရငွေ အကုန်လုံးကို ရေဘေးသင့်အတွက် လိုအပ်နေတဲ့ နေရာတွေလှူခဲ့တယ်” ဟု သူမက ပြောသည်။

အလှမယ်ဟန်သီအနေဖြင့် ရန်ကုန်နှင့် မန္တလေးတွင်ပြုလုပ်သော ရေဘေးသင့်ပြန်လည် ထူထောင်ရေး ရန်ပုံငွေပွဲများ အတွက် ပါဝင်နေကြောင်း သိရသည်။

အလှမယ်ဟန်သီသည် ၂၀၁၄ခုနှစ်တွင် ကျင်းပခဲ့သည့်  Miss Supranational Asia & Oceania 2014 ပွဲတွင် Miss Supranational Asia & Oceania 2014 ဆု နှင့် Miss Supranational Internet 2014 ဆုစသည့် ဆုနှစ်ခုကို ဆွက်ခူးခဲ့ပြီး ၂၀၁၅ ဇူလိုင်လ ၂၆ ရက်နေ့၌ မချစ်တတ်သေးဘူး အမည် နှင့် တေးစီးရီးတစ်ခွေထွက်ရှိခဲ့ကြောင်း သိရသည်။

Check Also

ဒေါ်ဆွေဇင်ထိုက် ဦးဆောင်သင်ကြားသည့် ဒုတိယအကြိမ် ဇာတ်ညွန်းရေးသားနည်းသင်တန်း ပို့ချ

ထွယ်ဆန်(မြစ်မခ) ရန်ကုန်၊ ဇွန် ၁၉ ရက်။ Pen Myanmar မှ စီစဉ်၍ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်ဦးဆောင်သင်ကြားသည့် ဒုတိယအကြိမ် ဇာတ်ညွန်း ရေးသားနည်းသင်တန်းအမှတ်စဉ် ၁/၂၀၁၇ …