Monday , November 27 2017
Home / FNews / အရေးအခင်းကာလများတွင် နောက်ကွယ်မှ ရုန်းကန်ခဲ့ကြသူများကို မမေ့စေလိုသဖြင့် “မုန်တိုင်းကို ရင် ဆိုင်ကြသူတွေ” ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးထုတ်လွှင့်

အရေးအခင်းကာလများတွင် နောက်ကွယ်မှ ရုန်းကန်ခဲ့ကြသူများကို မမေ့စေလိုသဖြင့် “မုန်တိုင်းကို ရင် ဆိုင်ကြသူတွေ” ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးထုတ်လွှင့်

 

မြစ်မခ

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက်။

အရေးအခင်းကာလများတွင် နောက်ကွယ်မှ ရုန်းကန်ခဲ့ကြသူများကို မမေ့စေလိုသဖြင့် ပြန်လည်အမှတ်ရစေရန် “မုန်တိုင်းကို ရင်ဆိုင်ကြသူတွေ” ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးထုတ်လွှင့်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ယင်းဇာတ်ကားထုတ်လုပ်သူ မြစ်မခမီဒီယာဂရုမှ သိရသည်။

အဆိုပါဇာတ်လမ်းတွဲတွင် ၁၉၉၀ ရွေးကောက်ပွဲ၊ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် အခြားပဋိပက္ခဖြစ်စဉ်များကိုပါ ထည့်သွင်းရိုက်ကူးထားကြောင်း သိရသည်။

“မြန်မာနိုင်ငံကလူတွေက အဖြစ်အပျက်တွေကို ကြာလာရင်မေ့ထားတတ်ကြတယ်။ အဲဒါကြောင့် ဒီဇာတ်ကား က မှတ်တမ်းတစ်ခုအဖြစ်ရှိစေချင်တာကြောင့် မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေမှာ နောက်ကွယ်ကနေပြီးတော့ ဘယ် လိုကြိုးပမ်းကာ မုန်တိုင်းကိုရင်ဆိုင်ခဲ့ကြရသလဲဆိုတာကို ပြသချင်လို့ ရိုက်ကူးရတာပါ။”ဟု ယင်းဇာတ်ကား ထုတ်လုပ်သူ မြစ်မခမီဒီယာဂရုမှ အမှုဆောင်အရာရှိချုပ် ဒေါ်မေသင်္ကြန်ဟိန်ကပြောသည်။

“မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ” ရုပ်သံဇာတ်လမ်းတွဲမှာ ဒေါ်မေသင်္ကြန်ဟိန်ရေးသားထားသည့် “ကျွန်မချစ်တဲ့သူ တွေအကြောင်း” ဖြစ်ရပ်မှန်ဝတ္ထုကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရွှေမြစ်မခမီဒီယာဂရုနှင့် အန်အမ်အက်ဖ်ဂရုကုမ္ပ ဏီတို့ ပူးပေါင်းရိုက်ကူးနေခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဇာတ်ကားရိုက်ကူးတဲ့နေရာမှာ အခက်အခဲတွေအများကြီးရှိလာနိုင်ပါတယ်။ ဥပမာ ရွှေဝါရောင်တော်လှန်ရေး လိုအခန်းတွေကို ရိုက်ကူးတဲ့နေရာမှာ သွေးတွေပေကျံတဲ့လူတွေ (၁၀၀)လောက်နဲ့ သူတို့ရဲ့မျက်နှာမှာ စိတ်ခံ စားချက်တွေပေါ်လွှင်အောင် ရိုက်ကူးရမယ်။ အဲအတွက် ဒီမှာ အခက်အခဲတွေအများကြီးရှိလာနိုင်ပေမယ့် လုပ် လို့ရတဲ့ဘောင်ထဲကနေ လုပ်နိုင်သလောက်ကို အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ။ အားနည်းချက်တွေရှိခဲ့ရင် အဲဒါကျွန်တော့်ကြောင့်လို့ နားလည်ပေးကြပါ။”ဟု ယင်းဇာတ်လမ်းတွဲ၏ဒါရိုက်တာ နေသူရိန်ကပြောသည်။

“မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ” ဇာတ်လမ်းတွဲတွင် အဓိကသရုပ်ဆောင်များအဖြစ် နေမင်း၊ ကောင်းပြည့်၊ နေ ထက်လင်း၊ ခင်စုလှိုင်၊ စုဒါလီနှင့် သရုပ်ဆောင်သစ်များစွာဖြင့် ဒါရိုက်တာ နေသူရိန်ကရိုက်ကူးကာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ မန္တလေး၊ ရန်ကုန်၊ ဘန်ကောက်နှင့် ချင်းမိုင်တို့တွင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီဇာတ်ကားကိုရိုက်ရတာ ဘယ်လိုဖြစ်နေလဲဆိုရင် ဘောလုံးကွင်းအကြီးထဲမှာ ငါးနှစ်သားကလေးတွေကို ထည့်ကန်ခိုင်းသလိုဖြစ်နေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လုပ်လို့ရတဲ့ဘောင်နဲ့ ကျွန်တော်တို့သုံးနိုင်တဲ့ ငွေကြေး အတိုင်းအတာတွေနဲ့ အားလုံးက လိုအပ်ချက်တွေအများကြီးရှိနေပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးပီပြင်အောင် ကြိုးစားလုပ်ဆောင်ထားပါတယ်။ ငါးနှစ်သားလေးပေမယ့် ဂိုးပေါက်ကိုတော့ ဝင်အောင်ကန်နိုင်ခဲ့ပါတယ်။”ဟု ယင်းဇာတ်ကားမှ ခေါင်းဆောင်မင်းသား သရုပ်ဆောင် နေမင်းက ပြောသည်။

“မုန်တိုင်းကို ရင်ဆိုင်ကြသူတွေ” ရုပ်သံဇာတ်လမ်းတွဲကို MNTV ရုပ်သံလိုင်းတွင် နိုဝင်ဘာ ၁၈ ရက်မှ စတင်ကာ စနေ၊ တနင်္ဂနွေနေ့များတွင် ည(၈)နာရီသတင်းပြီးချိန်များနှင့် Channel-9 တွင် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များ၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …