Thursday , November 30 2017
Home / FNews / ဒီမိုရပ်​ကွက်​ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်မင်းညီမှ ပထမဆုံး ဒါရိုက်​တာလုပ်ကာ​ ရိုက်​ကူးမည်

ဒီမိုရပ်​ကွက်​ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်မင်းညီမှ ပထမဆုံး ဒါရိုက်​တာလုပ်ကာ​ ရိုက်​ကူးမည်

စံပယ်ဖြူ(မြစ်မခ)

ရန်ကုန်၊ ဇွန် ၁ ရက်။

သရုပ်ဆောင်မင်းညီက ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာလုပ်ကာ ပထမဆုံးရိုက်ကူးမည့် ဒီမိုရပ်ကွက် ရုပ်ရှင်ကို ဇွန် ၁၅ ရက်တွင် စတင်ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းရုပ်ရှင်ဇာတ်ကားကို ဒီမိုကရေစီရက်သတ္တပါတ်ရုပ်ရှင်ပွဲတော်အတွက်ရည်ရွယ်ပြီး လင်း​သောင်း​အောင်​နှင့် နန္ဒာထွန်းရုပ်​ရှင်​​ထုတ်​လုပ်​​ရေးက ရိုက်ကူးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီဇာတ်ကားကို ကျွန်တော်တို့ ဒီမိုကရေစီရက်သတ္တပါတ်ရုပ်ရှင်ပွဲတော်အမီ ရိုက်ကူးမှာပါ။ သရုပ်ဆောင်တွေက တော့ မျက်နှာသစ်တွေထဲကပဲ ရွေးချယ်ရိုက်ကူးသွားမှာပါ။ ဝါသနာရှင်လူငယ်တွေကို မြေတောင်မြှောက်ပေးချင် တဲ့ ရည်ရွယ်ချက်ကြောင့်လည်း ပါပါတယ်။ နောက်ပြီးတော့ ဇာတ်ကားတွေ သိပ်မရိုက်ရတော့တဲ့ လူကြမ်းသရုပ် ဆောင်ကြီးတွေနဲ့ ဇာတ်ပို့သရုပ်ဆောင်ကြီးတွေကိုလည်း ဒီဇာတ်ကားမှာ ထည့်ပြီး သရုပ်ဆောင်သွားမှာပါ။”ဟု မင်းညီက ပြောသည်။

ကို​သောင်းထွန်း (မွန်​မင်းလမ်းဥယျာဉ်​၊​ မော်​လမြိုင်​)စီစဉ်​ပြီး ဒါရိုက်တာ မင်းညီ(ရင်နှင့် ရင်းသည်) ရိုက်ကူးမည့် အဆိုပါ ဇာတ်ကားတွင်ပါဝင်မည့် မျက်နှာသစ်သရုပ်ဆောင်များကို ဇွန် ၇ ရက်တွင် အပြီးသတ် ရွေးချယ်မည် ဖြစ်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ရိုက်ကူးသွားမည်ဖြစ်သည်။

Check Also

စစ်တောင်းစက္ကူစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ လက်ရှိဝန်ထမ်းများအား အလုပ်မှ ရပ်စဲမည်

မျိုးမြတ် (မြစ်မခ) သိမ်ဇရပ်၊ နိုဝင်ဘာ ၃၀ ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ စစ်တောင်းစက္ကူစက်ရုံကို ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ မွန်ပြည်နယ်အစိုးရအဖွဲ့သို့လွှဲပြောင်းကာ ယင်းစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ …