Sunday , September 24 2017
Home / FNews / အကယ်ဒမီပေးပွဲဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ အဖြစ် နောက်ဆုံးပါလို့ ပြောဆိုလိုက်တဲ့ အကယ်ဒမီ သရုပ်ဆောင် လူမင်းနှင့် တွေ့ဆုံခြင်း

အကယ်ဒမီပေးပွဲဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ အဖြစ် နောက်ဆုံးပါလို့ ပြောဆိုလိုက်တဲ့ အကယ်ဒမီ သရုပ်ဆောင် လူမင်းနှင့် တွေ့ဆုံခြင်း

ဝါးဝါး(မြစ်မခ)

ရန်ကုန်၊ ဇန်နဝါရီ (၂၆)ရက်။

မြန်မာ့ရုပ်ရှင်လောကဖွံဖြိုးတိုးတက်ခြင်းနှင့် ပတ်သက်၍ လက်ရှိ အစည်းရုံးဥက္ကဌဖြစ်တဲ့ လူမင်းအနေနဲ့ ကျန်ရှိတဲ့ ဥက္ကဌ သက်တမ်းကာလမှာ ဘာတွေလုပ်ဆောင်နေလဲဆိုတာကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။    ။ အခုလို ရုပ်ရှင်ရုံ(၁၀၀)စီမံကိန်းကနေ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရုပ်ရှင်ရုံတွေကို အကောင်အထည်ဖော် တည်ဆောက်လာတဲ့အပေါ် ရုပ်ရှင်စည်းရုံး ဥက္ကဌ အနေနဲ့ ဒီအပေါ်ဘယ်လိုမြင်လဲ။

ဖြေ။    ။ ဒီရုံ(၁၀၀)စီမံကိန်းမှာက ကွှန်တော်တို့ ရုပ်ရှင်အစည်းရုံးရဲ့ပါဝင် ပတ်သက်မှုလဲရှိတယ်။ ရုပ်ရှင်လောက သားတွေရဲ့ အစုရှယ်ယာအနေနဲ့ ပါဝင်ပတ်သက်မှုတွေလည်း ရှိပါတယ်။ KBZ ရဲ့စတင်ပံ့ပိုးမှုတွေနဲ့ စတင်လုပ် ဆောင်ခဲ့တာပါ။ ကိုယ်တို့တိုင်းပြည်မှာ ကိုယ်တို့ ရုပ်ရှင်လောကအတွက်ရော ပရိသတ်တွေအတွက်ရော၊ ရုပ် ရှင်ရုံတွေ အပြတ်ဖြတ်နေပါတယ်။ ရုံ(၁၀၀)စီမံကိန်းဆိုတာလည်း အဲ့ဒီလိုအပ်ချက်နဲ့  မြန်မာ့ရုပ်ရှင်အရည် အ သွေးမြင့်ဖို့ ပါပါတယ်။ ဒီရည်ရွယ်ချက်နဲ့ လုပ်နေတာပေါ့။ အခုဆို တစ်ရုံစဖွင့်နိုင်ပြီပေါ့။

 

မေး။    ။ ရုပ်ရှင်ရုံ(၁၀၀)စီမံကိန်းက ပြင်ပပုဂ္ဂလိက အနေနဲ့ လုပ်ဆောင်နေတာဆိုတော့ ရုပ်ရှင်အစည်းရုံးအနေ နဲ့ ရုံလိုအပ်ချက်ကို လုပ်ဆောင်သွားဖို့ရှိလား။

ဖြေ။    ။ ရုပ်ရှင်အစည်းရုံးကြီးအနေနဲ့ ကတော့ ပိုက်ဆံထုတ်ပြီး ရုံတွေဆောက်ဖို့ မတက်နိုင်ဘူး။ NGO အဖွဲ့ အစည်းအနေနဲ့ စီးပွားရေးအနေနဲ့ ရင်းနှီးစိုက်ထုတ်ဖို့ကလည်း စည်းမျဉ်းအရလုပ်လို့မရတဲ့ အထဲမှာပါတယ်ပေါ့။

 

မေး။    ။ ဖိုရမ်အပြီး တချို့အကောင်အထည်ဖော်လာတာတွေရှိပေမယ့် တချို့ကျန်တဲ့အပိုင်းတွေကိုလည်း ရှိ သေးတော့ အဲ့ဒါတွေနဲ့ပတ်သတ်ပြီး ဘာတွေဆက်လုပ်နေလဲ။

ဖြေ။    ။ မူပိုင်ခွင့်တာဆီးကာကွယ်ရေးစနစ်ကို လုပ်ပြီးနေပြီ။ နောက် ရုံတင်ပြသရေးစနစ်ပေါ့။ Post Production၊ Pre Productionတွေ၊ စာချုပ်စာတမ်းကိစ္စတွေ ဆောင်ရွက်မယ့်အပိုင်းတွေ နောက်ဆက်တွဲ တွေက အများကြီးပဲ လုပ်ဖို့ကျန်သေးတယ်။ ဒါပေမယ့် ပွဲပြီးသွားရင် အရှိန်တွေက သေသွားတတ်ကြတယ်။

 

မေး။     ။ ဒါနဲ့ မူပိုင်ခွင့်တားဆီးကာကွယ်ရေးလုပ်နေတာကရော ဘယ်လိုအခြေအနေရှိလဲ။ ထိရောက်မှုဘယ် လောက်ရှိလဲ။

ဖြေ။     ။ အရင်က ခိုးကူးခွေတွေရှိပေမယ့် အခုကအွန်လိုင်းပေးမှာ တရားမဝင်ဖြန့် နေတာတွေရှိတယ်။ အဲ့လို တင်တာတွေက ဆိုးတယ်။ဆိုက်ဘာအမှုအခင်းနဲ့ ပတ်သက်ပြီး ဆောင်ရွက်တဲ့နေရာမှာ အခက်ခဲတွေ ရှိနေပါ တယ်။ အခုမြန်မာဇာတ်ကားတွေကို ပိုင်ရှင်ရဲ့ တရားဝင်ခွင့်ပြုချက်မရဘဲ ဥပဒေမဲ့ တင်နေတာတွေကို ချက်ခြင်း ပြန်ဖြုတ်ချနိုင်အောင် လုပ်နေတယ်။ လုပ်လည်းလုပ်နိုင်ခဲ့ပြီပေါ့။ တစ်ချို့ကားတွေတင်တာကို ချက်ခြင်းပြန်ဖြုတ် နိုင်ပြီ။နောက်ပြီးတင်တဲ့သူကို အရေးယူဆောင်ရွက်နေပါပြီ။ မကြာခင်မှာလည်း အမှုတစ်ချို့ကို ပြောနိုင်လိမ့်မယ် လို့ ထင်ပါတယ်။ ဒီဆိုက်ဘာအမှုအခင်းကိစ္စက ဆောင်ရွက်ရတာ အင်မတန်ခက်တယ်။ ပထမကတင်တဲ့ဟာကို ချက်ခြင်းဖြုတ်ချနိုင်အောင် လုပ်တယ်။ တင်တဲ့သူတွေကို တဖြည်းဖြည်းသိလာပြီ။ Share ချင်တဲ့သူတွေမြန်မြန် Share ထား မကြာခင်ဖြုတ်ချ ကြတော့မှာဆိုပြီး သူတို့ ကိုယ်တိုင်က Post ရေးပြီးတင်တယ်။ သူတို့လည်း သိလာကြတယ်ပေါ့။ ပရိသတ်အနေနဲ့ ဒါဟာ Share မလုပ်သင့်ဘူး။ Share လုပ်တယ်ဆိုရင် ဥပဒေမဲ့လုပ်ရပ်ကို အားပေး အားမြှောက်လုပ်ရာ ကျတယ်ဆိုတာ အသိပညာပေးချင်ပါတယ်။

 

မေး။    ။ ရုပ်ရှင် ဥက္ကဌ သက်တမ်းကြား ကာလမှာ နှုတ်ထွက်စာတင်ခဲ့ဖူးတော့ နောက်နှစ်ဥက္ကဌ သက်တမ်း ရွေးချယ်ပွဲမှာဆက်ပြီး ဝင်ရွေးခံဖို့ အခြေအနေရှိမရှိ သိချင်ပါတယ်။

ဖြေ။     ။ ကိုယ်ပြောဖူးပါတယ်။ ဒီနှစ်အကယ်ဒမီပွဲက ကိုယ့်ရဲ့နှုတ်ဆက်ပွဲလို့။

မေး။    ။ နှုတ်ဆက်ပွဲဆိုတော့  ဆိုလိုချင်တာက။

ဖြေ။     ။ အကယ်ဒမီပွဲကျရင်လည်းပြောဦးမှာပါ။

မေး။    ။ ဥက္ကဌ သက်တမ်းက ဒီနှစ်နောက်ဆုံးပေါ့။

ဖြေ။     ။ မှန်ပါတယ်။ သက်တမ်းနှစ်ဆက်ကာလမှာ ၄ နှစ်ကျော်ဖြစ်သွားတယ်။ ကိုယ့်ထက်ပိုပြီး အချိန်ပေးနိုင်မယ့် စွမ်းဆောင်နိုင်မယ့် သူတစ်ယောက်ကို မျှော်လင့်တယ်။

မေး။    ။ ဒီနှစ်အကယ်ဒမီပေးပွဲကို ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ။     ။ လောလောဆယ်တော့အချိန်ပဲ သတ်မှတ်ရသေးတယ်။ နေရာက Comfirm မဖြစ်သေးပါဘူး။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

 

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …