Wednesday , September 27 2017
Home / သတင်း / အနုပညာသတင်း / အဆိုတော်၊ သရုပ်ဆောင် မေဖြူဖြူမှ လူမှုကွန်ယက်စာမျက်နှာမှ ဝေဖန်ပြောဆိုချက်များကို ပြန်လည်ဖြေရှင်း ပြောဆို

အဆိုတော်၊ သရုပ်ဆောင် မေဖြူဖြူမှ လူမှုကွန်ယက်စာမျက်နှာမှ ဝေဖန်ပြောဆိုချက်များကို ပြန်လည်ဖြေရှင်း ပြောဆို

ဝါးဝါး (မြစ်မခ)

ရန်ကုန်၊ ဇန်နဝါရီ(၄)ရက်။

အဆိုတော်၊ သရုပ်ဆောင် မေဖြူဖြူမှ ၎င်းအား လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်ပြောဆိုချက်များသည်  စစ်မှန်သော ဒီမိုကရေစီ၏အနှစ်သာရကို နားမလည်သေး၍ ဖြစ်ကြောင်း ပြန်လည်ပြောဆိုလိုက်သည်။

အဆိုပါ ဝေဖန်မှုများသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်များပထမအကြိမ် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲအပြီးတွင် လူမှုကွန်ယက်စာမျက်နှာမှ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။

“ဒီလိုပြောနေတာက လူတစ်ယောက်ရဲ့ စဉ်းစားဥာဏ်စွမ်းနဲ့ဆိုင်တာပေါ့။ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ မြန်မာ နိုင်ငံအတွက် လုပ်တာပါ။မြန်မာနိုင်ငံကောင်းဖို့ပါ။ရွေးကောက်ပွဲလုပ်နေတာ မဟုတ်ဘူးပေါ့။ ရွေးကောက်ပွဲတုန်း က မေဖြူက မဲဆွယ်ခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် မေဖြူကလွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် လွတ် လပ်စွာနဲ့ ကိုယ်ကြိုက်ရာကို အားပေးခွင့်ရှိပါတယ်။ ရွေးကောက်ပွဲမှာ တစ်ဦးတစ်ယောက်ကို လေးစားလို့ အားပေး ခွင့်ရှိသလို ပါတီတစ်ခုလုံးကို ကြိုက်လို့အားပေးခွင့်ရှိပါတယ်။ ဒါကမေဖြူရဲ့ လွတ်လပ်ခွင့်ပါ။ အဲ့လွတ်လပ်ခွင့်ကို ထိပါးလို့ မရပါဘူး။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်။ ဒါကို နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ သူ့ဟောပြောပွဲမှာ ဗဟုသုတအနေနဲ့ ထည့်ပြောလေ့ရှိတယ်။ဒါကိုလိုက်ပြီး မစဉ်းစားနိုင်တဲ့သူသာ ဒီစကားကိုပြောတာပါ။ ဖြန့်ချက်မတွေးနိုင်ဘူး။ သူဖြူတာပဲ အမှန်၊ သူဘာလို့ ဖြူတယ်၊ သူဘာလို့ မဲတယ်။ ဒီလိုမတူကွဲပြားတာကို လက်ခံပေးရမယ်။”ဟု သရုပ်ဆောင်၊ အဆိုတော် မေမြူဖြူက ပြောသည်။

အဆိုတော်မေဖြူဖြူသည် ရွေးကောက်ပွဲကာလတွင် ကြံ့ခိုင်ရေးပါတီကို အားပေးခဲ့သူဖြစ်ခြင်းကြောင့် လက်ရှိ အ နိုင်ရပါတီ NLD အစိုးရလက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပါဝင်ခဲ့သဖြင့် သူမကို ဝေဖန်ပြောဆိုခြင်းဖြစ်သည်။

“လူငယ်မူဝါဒရေးဆွဲရေးမှာလည်း ပါတီစုံလူငယ်တွေပါတယ်။ဘယ်ပါတီမှာမှ မပါတဲ့တိုင်းရင်းသားတွေလည်း ပါ တယ်။အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း ညီမက နိုင်ငံသားတစ်ယောက်အနေနဲ့ ကျရာနေရာကနေ နိုင်ငံအ တွက် ထမ်းဆောင်နေတာပါ။လူတိုင်းလွတ်လပ်စွာလုပ်ပိုင်ခွင့်အပေါ် ဝေဖန်ပိုင်ခွင့်မရှိဘူး။ ဒါက ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ဗဟုသုတနည်းလို့ပါ။ စာများများဖတ်။ အမေစုဟောပြောပွဲတွေကို နားထောင်ပါ။ ညီမကိုယ်တိုင် လည်း လိုက်နားထောင်ပါ။ အနုပညာရှင်လဲ လူပါပဲ၊ ယုံကြည်ရာကို လုပ်ခွင့်ရှိတယ်။အနုပညာနဲ့နိုင်ငံရေးမဆိုင်ပါ ဘူး။”ဟု မေဖြူဖြူက ပြောသည်။

အဆိုတော်မေဖြူဖြူအနေဖြင့် အဆိုပါ ဝေဖန်မှုပြောဆိုမှုများအပေါ်တွင် ဒီမိုကရေစီခေတ်တွင် နိုင်ငံသူ၊နိုင်ငံသား များအနေဖြင့် မိမိယုံကြည်ရာကို လွတ်လပ်စွာယုံကြည်ခွင့်၊ ထောက်ခံအားပေးခွင့်ရှိသလို သူတစ်ပါးယုံကြည်မှု၊ အားပေးကို ဝေဖန်ခွင့်မရှိကြောင်း မေဖြူဖြူက ပြောသည်။

အဆိုတော် မေဖြူဖြူသည် မြန်မာနိုင်ငံလူငယ်မူဝါဒရေးဆွဲဗဟိုတွင် အဖွဲ့ဝင်တစ်ဦးအနေဖြင့် ပါဝင်ထားသူဖြစ်ပြီး  အဆိုပါ ဆွေးနွေးပွဲတက်ရောက်ရန် မဲနှိုက်ရွေးချယ်ကာ တွေ့ဆုံခွင့်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေဖြူဖြူသည် အနုပညာလောကတွင် တစ်ကိုယ်တော်တေးစီးရီး အနေဖြင့် အချစ်ပန်းချီ၊ မာယာဝင်္ကပါ စသည့် တေးစီးရီးနှစ်ခွေထွက်ရှိထားကြောင်း သိရသည်။

Check Also

ဒီမိုရပ်​ကွက်​ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်မင်းညီမှ ပထမဆုံး ဒါရိုက်​တာလုပ်ကာ​ ရိုက်​ကူးမည်

စံပယ်ဖြူ(မြစ်မခ) ရန်ကုန်၊ ဇွန် ၁ ရက်။ သရုပ်ဆောင်မင်းညီက ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာလုပ်ကာ ပထမဆုံးရိုက်ကူးမည့် ဒီမိုရပ်ကွက် ရုပ်ရှင်ကို ဇွန် ၁၅ ရက်တွင် …