Thursday , January 11 2018
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ / နွားထိုးကြီးမြို့နယ်မှ တောင်သူများ ငါးရံ့မင်း ပရိတ်တော်နှင့် မိုးခေါ်ကြပြီ

နွားထိုးကြီးမြို့နယ်မှ တောင်သူများ ငါးရံ့မင်း ပရိတ်တော်နှင့် မိုးခေါ်ကြပြီ

farmer in nathokyiမန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိတန်းခွကျေးရွာအုပ်စု၊ ဂွေးပင်တော ကျေးရွာအုပ်စု၊ စိန်ပန်းကန် ကျေးရွာအုပ်စုများတွင် မိုးခေါင်နေခြင်းကြောင့် ဆီထွက်သီးနှံစိုက်တောင်သူများမှာ စိုးရိမ်နေကြ သည်ဟု ဒေသခံတို့က ဆိုသည်။

မိုးခေါင်ခြင်းကြောင့် တောင်သူများမှ ဦးဆောင်၍ ကျေးရွာအလိုက် ငါးရံမင်း ပရိတ်တော်များကို ရွတ်ဆိုနေကြ ကြောင်းနှင့် ၎င်းကဲ့သို့ ပရိတ်ရွတ်ပါက ဘုန်းကြီးနှင့် တရားနာ ပရိတ်သတ်ပါ သတ်သတ်လွတ်စား၍ မနက် (၈း၀၀)နာရီ မှ ည (၆း၀၀)နာရီ အထိ (၃)ရက် ဆက်တိုက် ပရိတ်ရွတ်ဆိုနေရကြောင်း သိရသည်။

ဒီနှစ်တော့ အဘတို့ တောင်သူတွေ အတော်လေး စိုးရိမ်နေကြတယ်။ စိုက်ပြီး သိပ်မကြာဘူး မိုးက ဆုတ်သွားတာ။ အပင်တွေ ညိုးနေတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်လောက်က ဒီလိုရွတ်ဘူးတယ်။ အဲတုန်းက မဏ္ဍပ်တောင် မဖျက်ရသေးဘူး မိုးအကြီး အကျယ်ရွာခဲ့တယ်။ ဟု မြင်းခြံခရိုင် ထန်းခွရွာမှ တောင်သူတစ်ဦးက ပြောသည်။

ယခင်နှစ်က သီးနှံများစိုက်ပြီး ရက်ပေါင်း(၆၀) အကြာတွင် မိုးမရွာတော့ပဲ ယခုနှစ်တွင် စိုက်ပျိုးပြီး (၁၀၊ ၁၅) ရက်အကြာ၌ မိုးမရွာပါက ကျေးရွာဓလေ့ထုံးစံအရ ငါးရံမင်းပရိတ်ရွတ်ဆိုလေ့ရှိကြောင်း သိရသည်။

“နှမ်းက ရတော့မှာ မဟုတ်ဘူး။ မြေပဲက ပေါ်ချိန်နောက်ကျတော့မယ်။ မနှစ်ကလည်း မိုးခေါင်လို့ နှမ်းမရ လိုက်ဘူး။ ဒီနှစ်လည်း မိုက မရွာပြန်ဘူး။ ဘုရား တရားပဲ အားကိုးရတော့မယ်။ ဟု ဂွေးပင်တော ကျေးရွာမှ တောင်သူတစ်ဦးကပြောသည်။

အဆိုပါ မိုးခေါင်သော ကျေးရွာ အုပ်စု (၃) စု၌ မြေပဲနှင့် နှမ်း အဓိက စိုက်ပျိုးကြောင်းနှင့် တစ်အုပ်စုလျှင် မြေပဲစိုက်ဧက(၄၀၀၀) ကျော်၊ နှမ်းစိုက်ဧက (၂၀၀) ကျော်စီ ရှိကြောင်း သိရသည်။

 

Check Also

မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်နေ

ယမုံ (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက်။ မြန်မာ့လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ ပေးဆောင်ရသည့် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ …