Monday , November 27 2017
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ / ရခိုင်ပြည်နယ်တွင် ဆောင်းခိုငှက်များ ဝင်ရောက်ချိန်နောက်ကျခဲ့ပြီး အကောင်အရေအတွက်လည်း နည်းလာ

ရခိုင်ပြည်နယ်တွင် ဆောင်းခိုငှက်များ ဝင်ရောက်ချိန်နောက်ကျခဲ့ပြီး အကောင်အရေအတွက်လည်း နည်းလာ

ပန်လှအောင် (မြစ်မခ)

မင်းပြား၊ နိုဝင်​ဘာ ၂၂ ရက်။

ရခိုင်ပြည်နယ်သို့ ​ဆောင်းရာသီတွင်​ နှစ်စဉ်လာရောက်နေကျဖြစ်သည့်ဆောင်းခိုငှက်များသည် ၂၀၁၇ ခုနှစ် ဆောင်းရာသီတွင် ဝင်ရောက်ချိန်နောက်ကျပြီး အကောင်အရေအတွက်လည်း လျော့နည်းလာကြောင်း ဒေသခံ များထံမှ သိရှိရသည်။

အဆိုပါ ဆောင်းခိုငှက်များဖြစ်သည့် ဟင်္သာ၊ ဘဲရူး၊ ဘဲပြာနှင့် ဆိုက်ဘေးရီယားဘဲငန်းများသည် ယခင်နှစ်များက နိုဝင်ဘာလဆန်းပိုင်းမှ စတင်ဝင်ရောက်လေ့ရှိသော်လည်း ယခုနှစ်တွင် နိုဝင်ဘာလတတိယအပါတ်မှသာ စတင်ဝင်ရောက်လာနေကြောင်း သိရသည်။

”ဒီဆောင်းခိုငှက်တွေက တရုတ်ပြည်မြောက်ပိုင်းဒေသတွေကဖြစ်နိုင်ပါတယ်။ ဟိုမှာက ရာသီဥတုကအရမ်းဆိုး တာမို့ အအေးပေါ့တဲ့ရခိုင်ဘက်ကို ရောက်လာကြတာဖြစ်မယ်။ ဒီဇင်​ဘာ ​နောက်​ဆုံးအပါတ်​ထိ ဝင်​​လေ့ရှိတယ်​။ အခု​တော့ ​ဆောင်းခိုငှက်​(၁၀၀)​ကျော်​​လောက်​ ​ရောက်​​နေတယ်​။ ခါတိုင်းနှစ်​​တွေထက်​ ​ကောင်ရေနည်းသွား တယ်​။ ဒါက ရာသီဥတုပြောင်းလဲလာတာနဲ့ဆိုင်မယ်၊ နောက်ပြီး ငှက်ဖမ်းသမားတွေကြောင့်လည်း သူ့တို့အ တွက်မလုံခြုံတာမို့ ဝင်ရောက်လာတဲ့ဆောင်းခိုငှက်ကောင်ရေ နည်းသွားတာဖြစ်လိမ့်မယ်။”ဟု ​မြေပုံမြို့နယ်​၊ ရက်​​ချောင်း​ကျေးရွာမှ ဦးဝင်းအောင်ကပြောသည်။

ယင်းဆောင်းခိုငှက်များသည် ရခိုင်ပြည်နယ်​မြောက်​ပိုင်း ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည့်မြို့ နယ်များရှိ စပါး၊ ငါး၊ ပုစွန်၊ ဂဏန်း၊ ခရု၊ ရေမှော်ပေါများရာနေရာများတွင် အများဆုံးလာရောက်နေထိုင်ကျက်စား ကြကြောင်း သိရသည်။

”စွန်​ရဲရွာအနီးတဝိုက်​မှာ ​ဆောင်းခိုငှက်​​တွေ နှစ်​တိုင်းအများအပြား​ရောက်​​နေကျပါ။ သူ့တို့မ​ရောက်​တဲ့နှစ်​ မရှိပါ ဘူး။ အမှန်​က နိုဝင်​ဘာလထဲက ​ရောက်​​​လေ့ရှိတယ်​။ ဒီနှစ်​​တော့ ခုချိန်​အထိ မ​ရောက်​​သေးပါဘူး။ မိုးရှိ​သေးလို့ လား မသိဘူး။ ​သူတို့အသုတ်​လိုက်​​ရောက်​ပြီး ​ချောင်းစပ်​​တွေ၊ လယ်​ကွင်း​တွေမှာနေကြတယ်​။”ဟု မင်းပြားမြို့ နယ်၊ စွန်ရဲကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​​သောင်းလှကပြောသည်။

ရခိုင်ပြည်နယ်သို့လာရောက်တတ်သည့် ဆောင်းခိုငှက်များတွင် ဟင်္သာဘဲငှက်သည် အုန်းခွံရောင်ရှိပြီး လာ ရောက်မှုအများဆုံးဖြစ်ကာ ရေဘဲငှက်နှင့်ဆင်တူသည့် ဘဲရူးငှက်ငယ်များနှင့် အကောင်ကြီးမျိုးဖြစ်သော ဆိုက် ဘေးရီးယားဘဲငန်းများလာရောက်မှု လျော့နည်းသွားကြောင်း သိရသည်။

ယင်းဆောင်းခိုငှက်များသည် နိုဝင်ဘာလမှ ဒီဇင်ဘာထိ အုပ်စုလိုက်လာရောက်လေ့ရှိရာမှ မတ်လတွင် ပြန် လည်ထွက်ခွာသွားကြကြောင်း သိရသည်။

Check Also

ရွာငံတွင် အော်ဂဲနစ်နည်းစနစ်ဖြင့် ကော်ဖီစိုက်ပျိုးသည့် တောင်သူများကို အော်ဂဲနစ်လက်မှတ်ပေးအပ်

မြတ်မိုးသူ (မြစ်မခ) တောင်ကြီး၊ သြဂုတ် ၂၈ ရက်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် အော်ဂဲနစ်နည်းစနစ်ဖြင့် ကော်ဖီ စိုက်ပျိုးတောင်သူများကို အောင်နေလင်းထွန်းကုမ္ပဏီ(ဥာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီ)က …