Monday , November 27 2017
Home / FNews / ရွာငံတွင် အော်ဂဲနစ်နည်းစနစ်ဖြင့် ကော်ဖီစိုက်ပျိုးသည့် တောင်သူများကို အော်ဂဲနစ်လက်မှတ်ပေးအပ်

ရွာငံတွင် အော်ဂဲနစ်နည်းစနစ်ဖြင့် ကော်ဖီစိုက်ပျိုးသည့် တောင်သူများကို အော်ဂဲနစ်လက်မှတ်ပေးအပ်

မြတ်မိုးသူ (မြစ်မခ)

တောင်ကြီး၊ သြဂုတ် ၂၈ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် အော်ဂဲနစ်နည်းစနစ်ဖြင့် ကော်ဖီ စိုက်ပျိုးတောင်သူများကို အောင်နေလင်းထွန်းကုမ္ပဏီ(ဥာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီ)က အော်ဂဲနစ် လက်မှတ်ပေးအပ်လိုက်ကြောင်း သိရှိရသည်။

အဆိုပါလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ရွာခံမြို့ရှိ ဗထူးခန်းမတွင် သြဂုတ် ၂၇ ရက်ကပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံဟာ ဓာတုဆေးဝါးနဲ့ စိုက်ပျိုးခဲ့တဲ့သီးနှံကို နှစ်ပေါင်း (၅၀)ကျော် စားသုံးလာရတဲ့အကျိုးဆက် ရဲ့ ထိခိုက်နစ်နာမှုတွေက ကျွန်တော်နိုင်ငံရဲ့လူမျိုးက အာဟာရနဲ့ ကျန်းမာကြံ့ခိုင်မှုမှာ အခြားသောနိုင်ငံများနဲ့ ကွာပါတယ်။ အဲဒီရဲ့ရလဒ်က ဘယ်အားကစားပြိုင်ပြိုင် မနိုင်ပါဘူး။ ရေကုန်ရေခမ်းကစားရမယ်ဆို သက်လုံမ ကောင်းပါဘူး။”ဟု ပြည်ထောင်စုလွှတ်တော်၊ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ ဦးရန်လင်းနိုင်က ပြောသည်။

ရွာငံဒေသတွင် ကော်ဖီစိုက်ခင်းများ စိုက်ပျိုးရာတွင် မိရိုးဖလာ စိုက်ပျိုးနည်းဟူ၍ ရှေးရိုးစွဲမထားဘဲ လိုအပ်သည့် နည်းပညာများနှင့် စိုက်ပျိုးနည်းများကိုလည်း အသုံးပြုစေချင်ကြောင်း ဦးရန်လင်းနိုင်က ဆက်ပြောသည်။

“ရွာငံမြို့က ထွက်တဲ့ကော်ဖီက နိုင်ငံတကာကို ထိုးဖောက်နိုင်နေခြင်းက ဒီအော်ဂဲနစ်နည်းစနစ်ကို အသုံးပြုလာ တာကြောင့် အရည်အသွေးပြည့်မီတဲ့ ထုတ်ကုန်တစ်ခုဖြစ်လာပြီး တောင်သူများအတွက် အကျိုးအမြတ်ပိုမိုရရှိ လာပြီး တောင်သူများအတွက်ကြည့်ပေးနိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်များလိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင် တော်တော်များများက အမြတ်သေချာတဲ့ နေရာမှာမြုပ်နှံတယ်၊ စိုက်ပျိုးလုပ်ငန်းဆို ရှောင်ကြတယ်။ ခုဆို အော်ဂဲနစ်နည်းစနစ်နဲ့ စိုက်ပျိုးနေတဲ့တောင်သူတွေ များလာတာနဲ့အမျှ စားသုံးသူများအတွက်ရော စီးပွားရေး လုပ်ငန်းရှင်တွေအတွက်ပါ အလားလာကောင်းတာကို တွေ့ရတယ်။”ဟု မြန်မာနိုင်ငံအော်ဂဲနစ်စိုက်ပျိုးထုတ်လုပ် သူများအသင်းမှ ဒုတိယဥက္ကဌ ဒေါ်သန်းသန်းစိန်ကပြောသည်။

ရွာငံမြို့နယ်၊ လယ်ကိုင်းကျေးရွာမှ အော်ဂဲနစ်နည်းစနစ်နှင့် ကော်ဖီစိုက် တောင်သူ (၅၀)ဦးကို PGS (participtory Guarantee Systems)လက်မှတ်ပေးအပ်ခဲ့ပြီး လယ်ကိုင်းကျေးရွာတွင် လူဦးရေ(၂၃၀)ခန့်ရှိရာ လူဦးရေ(၁၈၀)ခန့်က ကော်ဖီစိုက်ပျိုးကြကြောင်း သိရသည်။

Check Also

ပုသိမ်မြို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးအပြီး (၄)တန်းကျောင်းသူတစ်ဦးသေဆုံး

  မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ နိုဝင်ဘာ ၂၂ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၄)တန်းကျောင်းသူတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ် ဆေးထိုးပြီးနောက် မူးဝေအော့အန်ကာ နိုဝင်ဘာ ၂၁ …