Monday , December 18 2017
Home / FNews / ကရင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်များအတွက် ကျပ်သိန်းပေါင်းတစ်သောင်းခန့် ချေးငွေထုတ် ပေးရန် စီစဉ်နေ

ကရင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်များအတွက် ကျပ်သိန်းပေါင်းတစ်သောင်းခန့် ချေးငွေထုတ် ပေးရန် စီစဉ်နေ

မောင်မောင်ငြိမ်း (မြစ်မခ)

ဘားအံ၊ ဇွန် ၇ ရက်။

ကရင်ပြည်နယ်အတွင်းရှိ လယ်သမားများ၊ ရာဘာစိုက်လုပ်ငန်းရှင်များနှင့် ဆန်စက်လုပ်ငန်းရှင်များအတွက် စုစု ပေါင်း ငွေကျပ်သိန်းပေါင်း တစ်သောင်းခန့်ကို ပထမဆုံးအကြိမ် ထုတ်ချေးပေးနိုင်ရန်စီစဉ်နေကြောင်း ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။

အဆိုပါ အစီအစဉ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြန်မာ့ရှေ့ ဆောင်ဘဏ်နှင့် ချိတ်ဆက်ကာ (၁၀၀)ကျပ်လျှင် တစ်လပြား(၇၀)မှ (၁)ကျပ်ကြားအတိုးနှုန်းဖြင့် ထုတ်ချေးပေး နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

“ပြည်နယ်အစိုးရရဲ့ထောက်ခံချက်နဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်က ကျပ်ငွေသိန်းတစ်သောင်းကို သုံးနှစ်ကာလ သတ်မှတ်ချက်နဲ့ ချေးဖို့သဘောတူတာပေါ့။ လောလောဆယ် ချေးငွေစာရင်းတောင်းထားတာ သိန်းခုနှစ် ထောင်လောက်တော့ ရှိနေပြီ။ ပြည်နယ်အစိုးရကတော့ သိန်းတစ်သောင်းကျော်လောက်အထိတော့ ခွင့်ပြုမယ် လို့သိရပါတယ်။ ချေးငွေတောင်းထားတာတွေက ဘားအံမြို့နယ် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းပါ တယ်။ ရာဘာအစေးကိုယ်တိုင်ထုတ်လုပ်၊ ဝယ်ယူစုဆောင်းတဲ့ တစ်နိုင်တစ်ပိုင်ရာဘာစေးလုပ်ငန်းသမားတွေပါ တယ်။ လယ်သမား၊ ငါးမွေးမြူရေးလုပ်ငန်းနဲ့ ဆန်စက်ပိုင်ရှင်တွေပါ ပါတယ်။”ဟု ကရင်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။

ကရင်ပြည်နယ်၌ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက(၅.၅)သိန်းလျာထားပြီး ရာဘာစိုက်ဧက(၂.၆)သိန်း ရှိကြောင်း သိရသည်။

“ကျွန်တော်က (၁၉)ဧကကျော် ရာဘာစေးကိုယ်တိုင်ထုတ်လုပ်တယ်။ အခြားခြံက ရာဘာစေးတွေကိုလည်း ဝယ်ယူတယ်။ ရာဘာစေးရည် ထုတ်လုပ်ဝယ်ယူသူပေါ့၊ ကျွန်တော်က ကျပ်သိန်း(၅၀၀)ချေးဖို့တင်ထားပါတယ်။ ကျွန်တော်လုပ်ငန်းတွေကိုတော့ တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးတာတို့၊ လိုအပ်တဲ့အချက်အလက်တွေ တော့ ယူမှာပေါ့။ လိုအပ်တာက လုပ်ငန်းတိုးချဲ့ဖို့နဲ့ ရာဘာစေးအရည်အသွေးမြှင့်ဖို့ပါ။”ဟု ဝဲကရင်ကျေးရွာအုပ်စု မှ ရာဘာလုပ်ငန်းရှင် ဦးကျော်ညွန့်က ပြောသည်။

ကရင်ပြည်နယ်တွင် စပါးကြိတ်ခွဲစက်များသည် အသေးစားနှင့် အရည်အသွေးနိမ့်စက်များကို အသုံးပြုကြိတ်ခွဲ နေကြရသဖြင့် ဆန်အရည်အသွေးနိမ့်ပြီး ဆန်ဈေးကွက်နှင့် စပါးဈေးကွက်ပါ ရသင့်သလောက် မရရှိခြင်းသည် လယ်သမားများအား ထိခိုက်စေသောကြောင့် ဆန်စက်များ အရည်အသွေးမြှင့်ရန်လည်း လိုအပ်နေကြောင်း ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

Check Also

လားရှိုးမြို့တွင် စစ်ဘေးရှောင်များထဲမှ မိဘမဲ့ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးသွားရန် ဂေဟာတစ်ခုတည်ဆောက်သွားမည်

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ဘေးရှောင်များထဲမှ မိဘမဲ့ကလေးသူငယ်များအား ပြုစု ပျိုးထောင်ပေးသွားရန် ဂေဟာတစ်ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီထံ မှ သိရှိရသည်။ “စစ်ဘေးသင့်ပြည်သူတွေထဲကမှ လုံးဝမိဘမဲ့ကလေးသူငယ်တွေအတွက် ပြုပြင်ပျိုးထောင်ရေး ဂေဟာ တည်ဆောက်သွားဖို့ …