Saturday , September 30 2017
Home / FNews / ၂၀၁၇ မိုးရာသီတွင် အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ် တစ်ဧကလျှင်ငါးသောင်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးမည်

၂၀၁၇ မိုးရာသီတွင် အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ် တစ်ဧကလျှင်ငါးသောင်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးမည်

 
ကျော်မျိုးထွဋ် (မြစ်မခ)
 
မန္တလေး၊ မေ ၂၂ ရက်။
 
၂၀၁၆ မိုးရာသီသီးနှံချေးငွေတွင် အခြားသီးနှံများအတွက် တစ်ဧကလျှင် နှစ်သောင်းကျပ်နှုန်းသာ ထုတ်ချေးခဲ့ သော်လည်း ၂၀၁၇ ခုနှစ်မှစတင်၍ တစ်ဧကလျှင် ငါးသောင်းကျပ်နှုန်းဖြင့် တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။
 
၂၀၁၆ ခုနှစ်တွင် စပါးတစ်ဧကလျှင် တစ်သိန်းခွဲ၊ ချက်ကြံတစ်ဧကလျှင် တစ်သိန်းနှင့် အခြားသီးနှံများကို တစ် ဧကလျှင် နှစ်သောင်းနှုန်းဖြင့် ချေးပေးခဲ့ခြင်းဖြစ်ကာ အခြားသီးနှံများမှာ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ၊ ချည်မျှင်ရှည်ဝါ၊ အ စေ့ထုတ်ပြောင်း၊ ဆီမုန်ညင်းနှင့် ဂုန်လျှော်တို့ဖြစ်ကြောင်း သိရသည်။
 
“ဒီနှစ်မှာထူးခြားတာက အခြားသီးနှံတွေကို သုံးသောင်းပိုပြီးထုတ်ချေးပေးသွားမှာပါ။ တောင်သူတွေအတွက် လုပ်ကိုင်ရတာ ပိုမိုအဆင်ပြေစေဖို့အတွက်ပါ။ လက်ရှိမှာ မီးဖိုချောင်သုံးသီးနှံတွေကို ထုတ်မချေးသေးပါဘူး။ စက်မူကုန်ကြမ်းသီးနှံနဲ့ ပြည်ပပို့သီးနှံတွေကို အဓိကထားပြီးချေးပေးနေတာပါ”ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်ခွဲမန်နေဂျာ ဦးဝင်းမြင့်က ပြောသည်။
 
၂၀၁၆ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးတစ်တိုင်းလုံးအနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၉၃၈၈၀.၁၁)သန်းကို တောင်သူ(၂၄၈၃၃)ဦးအား ထုတ်ချေးပေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကျပ်(၁၂၉၁၉၂.၃၅)သန်းထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။
 
ချေးငွေများကို ၂၀၁၇ မေ ၂၃ ရက်မှ စတင်ကာ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး တောင်သူများအနေဖြင့် အဆိုပါ ချေးငွေများကို ၂၀၁၈ ခနှစ် ဧပြီ ၁၅ ရက်တွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကာ ပေးဆပ်ရမည့် ရက်ကျော်လွန်ပါက ကျသင့်သောအတိုးအပြင် ကျော်လွန်သည့်တစ်လအတွက် ငွေကျပ်(၁၀၀)လျှင် (၁)ကျပ် နှုန်းကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်

Check Also

မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်နေ

ယမုံ (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက်။ မြန်မာ့လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ ပေးဆောင်ရသည့် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ …