Saturday , May 27 2017
Home / FNews / ဒရုန်းများဖြင့် စိုက်ခင်းများရှိ အပင်များ၏ ကြီးထွားမူ၊ ရေးပေးသွင်းခြင်း မှတ်တမ်းတင်ခြင်းများပြုနိုင်ရန် ဝန်ထမ်း (၃၀) ဦးအား သင်တန်းပေး

ဒရုန်းများဖြင့် စိုက်ခင်းများရှိ အပင်များ၏ ကြီးထွားမူ၊ ရေးပေးသွင်းခြင်း မှတ်တမ်းတင်ခြင်းများပြုနိုင်ရန် ဝန်ထမ်း (၃၀) ဦးအား သင်တန်းပေး

 

ကျော်မျိုးထွဋ် (မြစ်မခ)

မန္တလေး၊ မေလ (၂၀) ရက်၊

ဒရုန်း(မောင်သူမဲ့လေယာဉ်)များဖြင့် စိုက်ခင်းများရှိ အပင်များ၏ ကြီးထွားမူ၊ ရေးပေးသွင်းခြင်း မှတ်တမ်းတင် ခြင်းများပြုနိုင်ရန် စိုက်ပျိုးရေးဌာနမှ အရာရှိဝန်ထမ်း (၃၀) ဦးအားသင်တန်းများ ပို့ချပေးပြီး operator အပိုင်း အတွက် တစ်လအတွင်း (၅)ကြိမ် သင်တန်းဆက်လက်ပို့ချပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လုပ်ဆောင်ခြင်းကို မြန်မာနိုင်ငံလေကြောင်းနှင့် အာကသပညာတက္ကသိုလ်၊ (FAO) ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တို့ ပူပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သင်တန်းပေးပြီး ပြန်ပို့ချဖို့ထိ ပါပါတယ်။ အဓိကကတော့ ပြည်သူလူထု လုံခြုံရေးအတွက်ရော ပျံနေရင်း အောက်ပျက်ကျရင် ထိခိုက်မူ မရှိအောင် သုံးချင်တဲ့အခန်းကဏ္ဍပေါ်မူတည်ပြီး ဒီဇိုင်းကို တွက်ချက်လုပ်ရတာပါ။ ဧရိယာ ကျယ်ကျယ်သွားချင်တယ် နေရာတစ်ခုကို အသေးစိတ်ရိုက်ချင်တယ်။ ဒီပေါ်မူတည်ပြီး ဒရုန်းကို သုံးမှာ လား လေယာဉ်ကိုသုံးမှာလား သုံးမဲ့အခန်းကဏ္ဍကို ဆွေးနွေးပြီး လုပ်လို့ရပါတယ်။”ဟု အဆိုပါ တက္ကသိုလ်မှ မောင်းသူမဲ့ လေယာဉ်ဌာနမှ ဌာနမှူး ဒေါက်တာ သဲမောင်က ပြောသည်။

အဆိုပါ သင်တန်းကို မေလ (၁၅) ရက်မှ စတင်ပို့ချခဲ့ပြီး ဒရုန်းအား operator ပြုလုပ်၍ ရလာသည့် မှတ်တမ်းကို ပြန်လည်တွက်ချက်ခြင်း၊ မြေပုံထုတ်ခြင်း အရောင်များဖြင့် စိုက်ခင်း၏ အပင်အခြေနေကို ပြသခြင်းများ စသည် တို့ကို သင်တန်းပို့ချပေးခဲ့ပြီးမေ (၁၉) ရက်တွင် မိတ္ထီလာမြို့ရှိ အဆိုပါတက္ကသိုလ်တွင် သင်တန်းပြီးဆုံး၍ စမ်းသပ် မောင်းနှင်ခဲ့ကြကြောင်း သိရသည်။

“နည်းပညာမိတ်ဆက်ဆိုပေမယ့် စပြီးသုံးတတ်နေပါပြီ။ ပိုပြီးတော့ ကျွမ်းကျင်အောင် လိုသေးပါတယ်။ အရင် တုန်းက ကုန်ကြမ်းမရဘူး google ကနေ update မြေပုံ မရတော့ အင်တတ်ကောင်းကောင်းမထုတ် နိုင်ဘူး အဲဒီအခက်အခဲကို ဒရုန်ကနေမြေပုံထုတ်မယ်ဆိုရင် သက်သက်သာသာနဲ့ ရနိုင်တဲ့အနေ အထားဖြစ်သွားပြီး အရမ်းကောင်းမွန်တဲ့အခွင့်လမ်းပါ။”ဟု စိုက်ပျိုးရေးဦးစီးဌာန နေပြည်တော်ရုံးချုပ်မှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးနေဝင်းက ပြောသည်။

အဆိုပါ ဒရုန်းကို မြန်မာနိုင်ငံလေကြောင်းနှင့် အာကသပညာ တက္ကသိုလ်တွင် ဒီဇိုင်းဆွဲပြီး စိုက်ပျိုးရေးပိုင်း သာမက သဘာဝဘေးနှင့် အခြားအခန်းကဏ္ဍများတွင်လည်း တွင်ကျယ်စွာအသုံးပြုနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …