Saturday , October 21 2017
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ / Green Peasant Institute မှ တိုင်းဧရာအတွင်း လယ်ယာမြေနှင့် ပတ်သက်သည့် ဥပဒေသင်တန်းများ ပို့ချရန် စီစဉ်

Green Peasant Institute မှ တိုင်းဧရာအတွင်း လယ်ယာမြေနှင့် ပတ်သက်သည့် ဥပဒေသင်တန်းများ ပို့ချရန် စီစဉ်

မျိုးသက်ဦး (မြစ်မခ)

သာပေါင်းမြို့နယ်၊ မေလ (၁၀) ရက်။

ဧရာဝတီတိုင်းဒေသကြီး အခြေပြုတောင်သူလယ်သမားသင်တန်းကျောင်း (Green Peasant Institute)မှ ကာ တွန်းရုပ်ပုံများဖြင့် စိတ်ဝင်စားဖွယ် လယ်ယာမြေဥပဒေသင်တန်းမှတ်စုစာအုပ်ပြုစုကာ ဧရာဝတီတိုင်းဒေသကြီး အတွင်း လယ်ယာဥပဒေသင်တန်းများပို့ချသွားရန် စီစဉ်နေကြောင်း သိရှိရသည်။

“ဥပဒေတွေကို နားလည်အောင် ရုပ်ပုံတွေနဲ့ ဖန်တီးနေတာပါ။ အဓိက ကျေးလက်ဒေသက တောင်သူတွေ အနေနဲ့ စိတ်ဝင်တစားဖြစ်အောင် ပြုစုနေပါတယ်။ သိပ်မကြာခင် စာအုပ်ကပြီးတော့မှာပါ။” ဟု GPI မှ အမှု ဆောင် ဦးတင့်စိုးဌေးက ပြောသည်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေတွင် ပါဝင်သောဥပဒေပါ အချက်အလက်များအား ကာတွန်းရုပ်ပုံများဖြင့် ဒေသခံ တောင်သူများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးထားပြီး သင်တန်းများပို့ချရန် စီစဉ်နေခြင်းဖြစ်သည်။

“ဒေသခံ တောင်သူလယ်သမားတွေအနေနဲ့ ဥပဒေစာအုပ်ကြီးကို ထိုင်ဖတ်နေဖို့ဆိုတာက အဆင်မပြေဘူး။ အခုလို ရုပ်ပုံလေးတွေနဲ့ ဖန်တီးရင် စိတ်ဝင်စားမှုများသလို နားလည်လွယ်မယ်လို့ သုံးသပ်မိပါတယ်။”ဟု သာပေါင်းမြို့ နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ပြောသည်။

တောင်သူလယ်သမားသင်တန်းကျောင်း (Green Peasant Institute ) သည် ပုသိမ်မြို့တွင် ရုံးချုပ် ဖွင့်လှစ်ထားပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း တောင်သူလယ်သမားဖွံ့ဖြိုးရေးနှင့် ဥပဒေအသိပညာပေး လုပ်ငန်းများ လုပ်ဆောင်နေသော အရပ်ဖက်လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။

Check Also

တွံတေးမြို့နယ်၌ ငါးရှဥ့်နှင့် ငါးလင်ပန်း စမ်းသပ်မွေးမြူရန် သက်ဆိုင်ရာဦးစီးဌာနများသို့ တင်ပြထား

ယမုံ (မြစ်မခ) ရန်ကုန်၊ ဇူလိုင် ၁၇ ရက်။ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ မြေ(၅)ဧကဝန်းကျင်တွင် ငါးရှဥ့်နှင့် ငါးလင်ပန်း စမ်းသပ်မွေးမြူရန် သက်ဆိုင်ရာဌာနများသို့ ဇူလိုင်လဆန်းပိုင်းအတွင်း တင်ပြထားကြောင်း …