Tuesday , May 30 2017
Home / ဗပာုသုတ / ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ၀ တိုင်းရင်းသား (၃)သိန်းကျော်နေထိုင်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ၀ တိုင်းရင်းသား (၃)သိန်းကျော်နေထိုင်

ရှမ်းပြည်နယ်တစ်ခုလုံး၌(၀)တိုင်းရင်းသား (၃)သိန်းကျော် နေထိုင်သည်ဟု လားရှိုးမြို့ရှိ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်မှ သိရှိရသည်။

ရှမ်းပြည်နယ်အတွင်းနေထိုင်သော လူမျိုး(၈)မျိုးအနက် ရှမ်းလူမျိုး(၁၀)သိန်းကျော်၊ ကချင်(၁)သိန်းခွဲ၊ ကိုးကန့် (၁)သိန်း (၇) သောင်း၊ ပလောင်(၃)သိန်း၊ လားဟူ(၃)သောင်း၊ လီဆူ(၃)သောင်းနှင့် (၀)တိုင်းရင်းသား (၃)သိန်းကျော် နေထိုင်ခြင်း ဖြစ်သည် ဟု ယဉ်ကျေးမှုပြတိုက်အ၀င်ခန်းမ၌ ဖော်ပြထားခြင်းဖြစ်သည်။

 ရှမ်းပြည်နယ်သည် မြန်မာပြည်၏အရှေ့ဖက်တွင် တရုတ်နိုင်ငံနှင့်နယ်နိမိတ် ကီလိုမီတာ  (၂၀၀၀)ကျော် ထိဆက်နေပြီး လာအိုနိုင်ငံ ထိုင်းနိုင်ငံတို့နှင့်လည်း ထိဆက်နေသည့် အနောက်ဖက်တွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊  မန္တလေးတိုင်း ကယားပြည်နယ်တို့နှင့်ထိဆက်နေသည် တရုတ်နိုင်ငံနှင့်နယ် နိမိတ်ကီလိုမီတာ(၂၀၀၀)ဆက်စပ်နေသော်လည်း တံခါးပေါက် မရှိ၍ လွယ်လွယ်ကူကူဝင်ထွက်သွားလာနိုင်သည့် ဒေသဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

လက်ရှိအချိန်တွင် တန့်ယန်းနှင့် လားရှိုးမြို့အကြားအကောင်အထည်ဖော်မည့် ရေအားလျှပ်စစ်ထုတ်စီမံကိန်းစတင်မည်ကို လားရှိုးဒေသခံများမှ စိုးရိမ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများအနေဖြင့် အဆိုပါစီမံကိန်းကြောင့် နစ်နာနိုင်သည့် ကျေးရွာများမှာ ရှမ်းရွာနှင့်ပလောင်ရွာဖြစ်ပြီး အဆိုပါစီမံကိန်း စတင်ပါက လုံခြုံတာဝန်ယူထားသူများနှင့် (၀)သွေးစည်းညီညွတ်ရေး တပ်မတော်  (UWSA) အကြား တိုက်ပွဲများ ဖြစ်ပွားနိုင် သည့်အပေါ်တွင် စိုးရိမ်နေခြင်းဖြစ်သည်ဟု လားရှိုးမြို့ခံများထံမှ သိရှိရသည်။

ရှမ်းပြည်နယ်၌  ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ရုံးစိုက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုးမြို့ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ကျိုင်းတုံမြို့၌ တွဲဖက်ပြည်နယ်အုပ်ချုပ်ရေးရုံးစိုက်သည် ခရိုင်ပေါင်း(၁၄)ခရိုင်၊ မြို့နယ်ပေါင်း(၅၅)မြို့နယ်၊ မြို့နယ်ခွဲပေါင်း(၂၉)မြို့နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ်(၅)မြို့နယ်ရှိသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၅)ခု၌ (၀)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်းပါသည်။ (၀)လူမျိုးအများစုမှာ(၀) ဒေသ၌သာ နေထိုင် ကြပြီး (၀)ဒေသသည် တရုတ်နိုင်ငံနှင့်တောတောင်ရေမြေချင်းဆက်စပ်နေပြီး ဆွေမျိုးပေါက်ဖေါ်များဖြစ်သည်။

(၀)ပြည်နယ်အဖြစ် သီးခြားခွဲထွက်လိုကြောင်း ပြောဆိုမှုများရှိသည်ဟု ဒေသခံများထံမှ သိရှိရသည်။ (၀)သွေးစည်းညီညွတ်ရေး တပ်မတော်  (UWSA)သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် အင်အားအတောင့်တင်းဆုံးဖြစ်သည် ဟု သိရ သည်။

မြန်မာပြည်ကို ဖြတ်သန်းသွားသည့် တရုတ်၏ရွှေရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ သီပေါ၊ နမ္မတူ၊ နမ့်ခမ်းမြို့နယ်များမှဖြတ် သန်းသွားရာ ပိုက်လိုင်းလုံခြုံရေးအတွက် (၀) တပ်မတော် မှလုံခြုံရေးယူပေးနေသည် ထိုသို့ လုံခြုံရေး ယူပေးခြင်းမှာ တရုတ်ပြည်အတွက်လုပ်ဆောင်ချက်ဖြစ်သည်ဟု ဒေသတွင်း၌ ပြောင်ပြောင်တင်းတင်း ပြောဆိုသံများကိုလည်း ကြားနေရသည်။

ရှမ်းပြည်နယ်အတွင်း (၀)တိုင်းရင်းသား အများစုနေထိုင်ရာမြို့များမှာ ဟိုပန်၊ ကုန်းကြမ်း မိုင်းမော၊ပန်ဝိုင်၊ မန်ဖန့်ပန်ဆန်း (၀)နယ်တို့ဖြစ်ကြောင်း အဆိုပါဒေသများမှ (၀)တိုင်းရင်းသားအများစုမှာ တရုတ်ဘာသာစကား ပြောဆိုကြပြီး သုံးစွဲငွေမှာ လည်း တရုတ်ယွမ်ငွေဖြစ်ကြောင်း အဆိုပါဒေသသို့ ရောက်ဖူးသူများထံမှ သိရှိရသည်။

ရှမ်းပြည်မြောက်ပိုင်း မြို့တော်လားရှိုး၌လည်း (၀)တိုင်းရင်းသားများနေထိုင်ရာ ရပ်ကွက်တစ်ခုလည်းရှိသည်။

Check Also

မှား . . . မှားနိုင်လွန်းတဲ့ စာလုံးပေါင်းတွေ တွေးမိတွေးရာ မြန်မာစာ (၃)

စာရေးရာတွင် စာလုံးပါင်းမှားတတ်ပါသည်။ တစ်ခါတစ်ရံ အလွယ်လေးဟုထင်ပြီး ဇဝေဇ၀ါဖြစ်နေသော စာလုံးပေါင်းများလည်းရှိသည်။ တချို့စာလုံးပေါင်းကျတော့လည်း ကိုယ်က တစ်သက်လုံးအမှန်ထင်ပြီး ပေါင်းလာသည့် စာလုံးပေါင်းမှာ အဘိဓာန်နှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါမှ မှားမှန်းသိရတော့သည်။