Wednesday , March 21 2018
Home / FNews / ရှယ်ယာဈေးကျဆင်းမှုကြောင့် တစ်နေ့ထဲနဲ့ ဒေါ်လာ ၆ ဘီလီယံကျော် ဆုံးရှုံးသွားတဲ့ ဇူကာဘက်

ရှယ်ယာဈေးကျဆင်းမှုကြောင့် တစ်နေ့ထဲနဲ့ ဒေါ်လာ ၆ ဘီလီယံကျော် ဆုံးရှုံးသွားတဲ့ ဇူကာဘက်

 

ကျန်ခဲ့တဲ့ တနင်္လာနေ့တုန်းက Facebook ရဲ့ ရှယ်ယာဈေးတွေ ကျဆင်းလာခဲ့တာကြောင့် Facebook တည်ထောင်သူလည်းဖြစ် အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ Mark Zuckerberg ဟာ တစ်နေ့ထဲမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပါတယ်။ Facebook အသုံးပြုသူတွေစုစုပေါင်း သန်း ၅၀ ကျော်ရဲ့ အချက်အလတ်တွေကို ခွင့်ပြုချက်မရှိဘဲ ကန်းဘရေ့ခ်ျ(Cambridge) အကဲဖြတ်အဖွဲ့က  အသုံးပြုခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီးနောက်မှာ ရှယ်ယာဈေးတွေဟာ ၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

“ချန်ဇူကာဘတ်”လိုမျိုး ဇူကာဘတ်နဲ့ တွဲဖက်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဇူကာဘတ်တို့ဟာ Facebook ကုမ္ပဏီထဲမှာ ရှယ်ယာ ၄၀၃ သန်းကျော်ရှိပြီး class A ရှယ်ယာပမာဏ ၉,၃၄၇,၁၈၃ နဲ့ class B ရှယ်ယာ ပမာဏ ၃၉၃,၉၃၈,၈၅၃  စီ ပိုင်ဆိုင်ထားကြပါတယ်။ ဒီရှယ်ယာတွေဟာ လက်ရှိအချိန်အထိ ဒေါ်လာ ၆၈.၅ ဘီလီယံခန့် တန်ဖိုး ရှိနေပါသေးတယ်။

ဒီလို ဒေါ်လာ ၆ ဘီလီယံကျော် ဆုံးရှုံးခဲ့ပေမယ့်လည်း ဇူကာဘတ်ဟာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတွေထဲမှာ နံပါတ် ၄ နေရာမှာ ဆက်လက်ရပ်တည်နေနိုင်ပါသေးတယ်။ ဇူးကာဘတ်ရဲ့ အထက်မှာတော့ အမေဇုန်တည်ထောင်သူ သူဌေးကြီး Jeff Bezos ၊ သူဌေးကြီး Bill Gates ၊သူဌေးကြီး Warren Buffet တို့ဟာ အစဉ်လိုက်ရပ်တည်နေပါတယ်။ တနင်္လာနေ့က ရှယ်ယူကျဆင်းခဲ့မှုကြောင့် Facebook ဟာ တစ်နှစ်ပတ်လုံးအနေနဲ့ ရှယ်ယာတန်ဖိုး ၂.၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာဖြစ်ပါတယ်။

ကင်းဘရေ့(Cambridge) ဟာ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတုန်းက သမ္မတ ဒေါ်နယ်ထရမ့်အတွက် Facebook ကြော်ငြာတွေကို ပြုလုပ်ပေးခဲ့တဲ့ အချက်အလတ်အကဲဖြတ်စိစစ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ အစီရင်ခံစာကြောင့် Facebook ဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၃၅ ဘီလီယံလောက် ဆုံးရှုံးခဲ့ရပါတယ်။ ကျန်ခဲ့တဲ့ သောကြာနေ့က Facebook ဟာ ကင်းဘရေ့အဖွဲ့အစည်းကို Facebook platform ပေါ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Facebook ပေါ်က သတင်းအမှားတွေကိစ္စနဲ့ ပတ်သတ်ပြီးတော့ Facebook ရဲ့ လုံခြုံရေးအရာရှိချုပ် Alex Stamos ကလည်း အလုပ်ထွက်ဖို့ ပြင်ဆင်နေပါတယ်။ သတင်းအမှားကိစ္စနဲ့ ပတ်သတ်ပြီး ကုမ္ပဏီအနေနဲ့ ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတဲ့ အချက်အပေါ်မှာ အငြင်းပွားမှုတွေဖြစ်ခဲ့ပြီး သူဟာ အလုပ်ထွက်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဇူကာဘတ်အနေနဲ့ ဒေါ်လာ ၆ ဘီလီယံကျော်ကို ဆုံးရှုံးရရုံသာမက ၀န်ထမ်းတစ်ဦးကိုလည်း ဆုံးရှုံးရနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

REF

Check Also

တစ်နေ့ကြက်ဥကိုးလုံးခန့်စားတဲ့ ကိုယ်ဝန်ဆောင်တွေဟာ IQ မြင့်တဲ့ ကလေးကို မွေးနိုင်

  အသစ်ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ တစ်နေ့ကို ကြက်ဥကိုးလုံးလောက်စားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဉာဏ်ရည်မြင့်မားတဲ့ ကလေးကို မွေးဖွားနိုင်တယ်လို့ ဆိုပါတယ်။ သတင်းအချက်အလတ်တွေကို ခွဲခြမ်းစိတ်ဖြာတဲ့စွမ်းရည်နဲ့ မှတ်ဉာဏ်ကို တိုးစေတဲ့ ကိုလင်း(choline) …