Thursday , March 8 2018
Home / ဗပာုသုတ / အလှအပအတွက် တစ်နေ့ကို ပေါင် တစ်ထောင်ကျော် အကုန်အကျခံတဲ့ ဗစ်တိုးရီးယား ဘက်ခမ်း

အလှအပအတွက် တစ်နေ့ကို ပေါင် တစ်ထောင်ကျော် အကုန်အကျခံတဲ့ ဗစ်တိုးရီးယား ဘက်ခမ်း

 

အဆိုတော်တစ်ယောက်လည်း ဖြစ်သလို ဖက်ရှင် ဒီဇိုင်နာတစ်ယောက်လည်း ဖြစ်တဲ့ ဗစ်တိုးရီးယားဘက်ခမ်းဟာ အလှအပအပေါ် သူမအသုံးပြုထားတဲ့ ငွေကြေးပမာဏကို ထုတ်ဖော်ပြပြောကြားခဲ့ပါတယ်။

တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Spice Girl အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယားဘက်ခမ်းဟာ အရေပြားထိန်းသိမ်းတဲ့အလှကုန်တွေအပေါ်မှာ ၆၄၈ ပေါင်အထိ အကုန်ကျခံသုံးစွဲနေပြီး မိတ်ကပ်တွေအတွက် ၃၆၆ ပေါင်သုံးစွဲကာ ကိုယ်လိမ်းလိုးရှင်းတွေအတွက် ၁၂၄ ပေါင်နဲ့ ဆံပင်အတွက်ကို ၆၆ ပေါင် အသုံးပြုနေပါတယ်လို့ဆိုပါတယ်။ ဒါတွေအားလုံးစုပေါင်းလိုက်ရင်တော့ သူမတစ်နေ့တာ သုံးစွဲတဲ့ ပမာဏဟာ ၁၂၀၄ ပေါင်အထိရှိပါတယ်။

ဗစ်တိုးရီးယားဘက်ခမ်းဟာ ငယ်ငယ်က အသားအရည်မကောင်းခဲ့လို့ အရေပြားပေါ်က အစက်အပျောက်တွေကို အမြဲလိုလိုဖုံးအုပ်ခဲ့ရပေမယ့် အခုတော့ အရေပြားပြသနာနဲ့ ပတ်သတ်ပြီး စိတ်ပူစရာ သိပ်မလိုတော့ဘူးလို့ သူမက ဖွင့်ဟခဲ့ပါတယ်။

သူမဟာ Spice Grils အဆိုတော်အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တုန်းကတည်းက အလှအပနဲ့ ပတ်သတ်ပြီး အကောင်းဆုံးဖြစ်အောင်ပြင်ဆင်နေထိုင်ခဲ့ပါတယ်။ သူမဟာ ဓါတ်ပုံတွေအများကြီးအရိုက်ခံခဲ့ရတာကြောင့်လည်း သူမရဲ့ အလှအပဆိုင်ရာ အားနည်းချက်တွေကို သိရှိဖို့ သူမရဲ့ ဓါတ်ပုံတွေကို ပြန်လည်ကြည့်ရှုကာ အားနည်းချက်တွေကို ရှာခဲ့တယ်လို့ ဆိုပါတယ်။

သူမရဲ့ ခင်ပွန်းဖြစ်သူ ဒေးဗစ်ဘက်ခမ်းဟာ အမျိုးသားတွေအတွက် စတိုင်ကျလှပစေမယ့် ထုတ်ကုန် ၂၁ မျိုးပါဝင်တဲ့ HOUSE 99 အမှတ်တံဆိပ် အလှကုန်တွေကို ကြေငြာနေစဉ်မှာ ဗစ်တိုးရီးယားဘက်ခမ်းဟာ သူမရဲ့ အလှအပနဲ့ ပတ်သတ်တဲ့ အကြောင်းအရာအသေးစိပ်တွေကို ပြောပြခဲ့တာပါ။

အမျိုးသားတွေအတွက် ပင်ကိုယ်ထူးခြားမှုတွေကို ဖော်ထုတ်နိုင်ပြီး ပုံပန်းသွင်ပြင်ကို စတိုင်ကျနစေဖို့အတွက်ရည်ရွယ်ထားတဲ့ ဒီအလှကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ ဘက်ခမ်းတို့ဇနီးမောင်နှံနှစ်ယောက်က ပူးပေါင်း တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီထုတ်ကုန်အသစ်ကို ဗြိတိန်မှာ ဖေဖော်ဝါရီလ တစ်ရက်နေ့ကစပြီး ဖြန်ချိမှာဖြစ်ပြီး မတ်လ ၁ ရက်နေ့မှာ နိုင်ငံပေါင်း ၁၉ နိုင်ငံမှာဖြန့်ချိသွားမှာဖြစ်ပါတယ်။

မကြာသေးခင်ကပဲ သူတို့စုံတွဲဟာ သူတို့ရဲ့ ပေါင် ၆ သန်းတန်အိမ်ကြီးထဲမှာ အသုံးပြုဖို့အတွက် အောက်ခံအ၀တ်အစားထည့်တဲ့ ဘီဒိုကို ပေါင် ၆၀၀၀၀ နဲ့ ၀ယ်ယူခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဒီလိုအဖိုးတန်ပစ္စည်းတွေအပြင် သူတို့ရဲ့ အိမ်ကြီးထဲမှာ အနိပ်ခန်းတစ်ခန်းနဲ့ ဖက်ရှင်လျှောက်တဲ့အခါမှာ အသုံးပြုတဲ့ လျှောက်လမ်းတစ်လမ်းကိုလည်း ထည့်သွင်းထားတယ်လို့ နောက်ထပ်အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

REF

Check Also

ဒီဇင်ဘာလနဲ့ပတ်သတ်တဲ့စိတ်ဝင်စားဖွယ်အချက်များ

  ဒီဇင်ဘာလထဲမှာတော့ ခရစ်စမတ်ပွဲတော် နှစ်သစ်ကူးပွဲတော် စသည်ဖြင့် ကျော်ကြားတဲ့ ပွဲတော်ကို ကျင်းပကြပါတယ်။ ဒီလထဲမှာ အားလပ်ရက်တွေများတဲ့အတွက်လည်း လူအများ ပျော်ရွှင်ရတဲ့ လ လည်း ဖြစ်ပါတယ်။ …