Friday , March 9 2018
Home / ဗပာုသုတ / တစ်နေ့ကြက်ဥကိုးလုံးခန့်စားတဲ့ ကိုယ်ဝန်ဆောင်တွေဟာ IQ မြင့်တဲ့ ကလေးကို မွေးနိုင်

တစ်နေ့ကြက်ဥကိုးလုံးခန့်စားတဲ့ ကိုယ်ဝန်ဆောင်တွေဟာ IQ မြင့်တဲ့ ကလေးကို မွေးနိုင်

 

အသစ်ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ တစ်နေ့ကို ကြက်ဥကိုးလုံးလောက်စားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဉာဏ်ရည်မြင့်မားတဲ့ ကလေးကို မွေးဖွားနိုင်တယ်လို့ ဆိုပါတယ်။ သတင်းအချက်အလတ်တွေကို ခွဲခြမ်းစိတ်ဖြာတဲ့စွမ်းရည်နဲ့ မှတ်ဉာဏ်ကို တိုးစေတဲ့ ကိုလင်း(choline) ဓါတ်ဟာ ကြက်ဥထဲမှာ အများအပြားပါဝင်ပါတယ်။ ဒါပေမယ့် တစ်နေ့အတွင်း ကြက်ဥကိုးလုံးစားခြင်းဟာ များပြားလှတဲ့ပမာဏဖြစ်ပြီး အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့ ကိုလက်စထရော(cholesterol) ဓါတ်မြင့်မားမှုကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေဟာ အဟာရ ၄၈၀ မီလီဂရမ်လောက်စားသုံးဖို့ သင့်တယ်လို့ ပြောကြပေမယ့် တကယ်တန်းတော့ ဒီပမာဏရဲ့ နှစ်ဆနီးပါးလောက်ကို စားသုံးဖို့ လိုအပ်ပါတယ်။ ကြက်ဥတွေဟာ ကိုလက်စထရောကို တတ်စေတယ်လို့ သိထားတာကြောင့်လည်း ကိုယ်ဝန်ဆောင်တွေဟာ ကြက်ဥကို သိပ်မစားကြပါဘူး။ ကြက်ဥတစ်လုံးမှာ ကိုလင်းပမာဏ ၁၁၅ မီလီဂရမ် ပါဝင်ပြီး အသား၊ ငါး၊ ပဲ၊ အခွံမာသီးစတာတွေမှာလည်း ကိုလင်းဓါတ်ပါဝင်ပါတယ်။

မိခင်လောင်းတွေဟာ ထွေထွေထူးထူးအစားရှောင်ဖို့မလိုဘဲ အဟာရရှိစေမယ့် အစားအစာမျိုးစုံကို စားပေးဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကြက်ဥကို စားပေးဖို့ အကြံပြုထားပေမယ့်လည်း အစာအဆိပ်သင့်ခြင်းမဖြစ်စေဖို့ ကြက်ဥကို မကျက်တကျက်မစားဘဲ အကျက်ကိုသာစားဖို့ အကြံပြုထားကြပါတယ်။

သုတေသနပြုလုပ်သူတွေဟာ မွေးဖွားခါနီးလေးလလောက်သာလိုတော့တဲ့ ကိုယ်ဝန်ဆောင် ၂၆ ယောက်ကို အုပ်စုနှစ်စု ခွဲခြားခဲ့ပြီး တစ်စုကိုတော့ နေ့တိုင်း ကိုလင်းပမာဏ ၄၈၀ မီလီဂရမ် စားသုံးစေပြီး ကျန်တဲ့တစ်စုကိုတော့ ကိုလင်း ပမာဏ ၉၃၀ မီလီဂရမ် စားသုံးစေခဲ့ပါတယ်။ ဒီကိုယ်ဝန်ဆောင်မိခင်တွေက မွေးဖွားခဲ့တဲ့ ကလေးတွေကို အသက် လေးလ၊ ခုနလ၊ ၁၀ လနဲ့ ၁၃ လတွေမှာ ဉာဏ်ရည်စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ ရလာဒ်တွေအရတော့ တစ်နေ့ကို ကိုလင်းပမာဏ ၉၃၀ မီလီဂရမ်ခန့် စားသုံးတဲ့ မိခင်တွေက မွေးတဲ့ ကလေးတွေဟာ ဉာဏ်ရည်ဉာဏ်သွေး သိသိသာသာပိုပြီး ထက်မြက်တာကို တွေ့ခဲ့ကြပါတယ်။

မကြာသေးခင်က တွေ့ရှိခဲ့တဲ့ သုတေသနရလာဒ်တစ်ခုအရ ကလေးတွေကို တစ်နေ့ ကြက်ဥတစ်လုံး စားသုံးစေခြင်းအားဖြင့် ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုကို ပိုမိုအားကောင်းစေတယ်လို့လည်း ဆိုပါတယ်။ ကြက်ဥကို စားသုံးစေခြင်းအားဖြင့် ကလေးတွေရဲ့ ခန္ဓာကိုယ်ကြီးထွားမှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ကြက်ဥတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ဖက်တီးအက်စစ်(Fatty acids) အသားဓါတ်၊ ကိုလင်း၊ ဗီတာမင် အေ၊ ဗီတာမင် B12၊ စလီနီယမ်(selenium) ၊ တခြားအဟာရဓါတ်အတော်များများပါဝင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကြက်ဥကို စားမယ်ဆိုရင် ကျက်အောင်ချက်ပြုတ်ဖို့ သတိထားသင့်ပြီး စားရမယ့် ပမာဏကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ကာ စားသုံးဖို့ သင့်ပါတယ်။

REF_

Check Also

ဒီဇင်ဘာလနဲ့ပတ်သတ်တဲ့စိတ်ဝင်စားဖွယ်အချက်များ

  ဒီဇင်ဘာလထဲမှာတော့ ခရစ်စမတ်ပွဲတော် နှစ်သစ်ကူးပွဲတော် စသည်ဖြင့် ကျော်ကြားတဲ့ ပွဲတော်ကို ကျင်းပကြပါတယ်။ ဒီလထဲမှာ အားလပ်ရက်တွေများတဲ့အတွက်လည်း လူအများ ပျော်ရွှင်ရတဲ့ လ လည်း ဖြစ်ပါတယ်။ …