Friday , March 9 2018
Home / ဗပာုသုတ / ချစ်သူကောင်လေးရဲ့ အင်္ကျီကို နမ်းရှုခြင်းကြောင့် အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုလျော့ကျနိုင်

ချစ်သူကောင်လေးရဲ့ အင်္ကျီကို နမ်းရှုခြင်းကြောင့် အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုလျော့ကျနိုင်

 

 

အသစ်ပြုလုပ်ခဲ့တဲ့ သုတေသနမှာ ထွက်ပေါ်ခဲ့တဲ့ ရလာဒ်ကတော့ ချစ်သူကောင်လေးတွေရှိတဲ့မိန်းကလေးတွေအတွက် သတင်းကောင်းတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ မိန်းကလေးတွေဟာ စိတ်ဖိစီးမှုများနေချိန်မှာ ကိုယ့်ချစ်သူရဲ့ ကိုယ်သင်းရနံ့လေးစွဲကျန်နေတဲ့ အင်္ကျီကို နမ်းလိုက်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေပြေလျော့စေတယ်ဆိုပြီး သုတေသန ရလာဒ်ထွက်ပေါ်ခဲ့လို့ပါ။ သုတေသနပြလုပ်ချက်အရ အမျိုးသမီးတွေကို စိတ်ရှုပ်ထွေးစရာကောင်းတဲ့ အလုပ်တွေ၊ စိတ်ဖိစီးမှုများတဲ့ အလုပ်တွေကို လုပ်ခိုင်းထားပေမယ့်လည်း သူတို့ရဲ့ချစ်ရတဲ့သူဝတ်ထားတဲ့အင်္ကျီကို နမ်းလိုက်တဲ့အခါမှာ စိတ်ဖိစီးမှုတွေလျော့ကုန်တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း လူစိမ်းတစ်ယောက်ရဲ့ အနံ့အသက်ကို ရမယ်ဆိုရင်တော့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုပိုများလာပါတယ်။ သမီးရည်းစားတွေခွဲခွာနေကြရတယ်ဆိုတာဟာ ဒီနေ့ခေတ်ထဲမှာတော့ ပုံမှန်လိုဖြစ်နေပါတယ်။ ဒါပေမယ့်လည်း သမီးရည်းစားတွေနဲ့ အိမ်ထောင်ဖက်တွေဟာ ခွဲခွာနေရတဲ့အခါမှာ အနည်းနဲ့အများတော့ စိတ်အလိုမကျမှု၊ လွှမ်းဆွတ်မှုစတဲ့ ခံစားချက်တွေကို ခံစားရစမြဲပါ။ British Columbia တက္ကသိုလ်က သုတေသီတွေက တွေ့ရှိခဲ့တဲ့ ဒီသုတေသနရလာဒ်ကတော့ အနေဝေးတဲ့ချစ်သူတွေကို ပိုပြီး စိတ်အေးစေဖို့ ကူညီပေးမှာပါ။

တိုးတတ်ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ လူတွေဟာ အလုပ်တွေများလာကြပြီး ခရီးတွေသွားရတာလည်း ပိုများလာကြပါတယ်။ ဒါကြောင့် အလုပ်ကိစ္စနဲ့ ခရီးဝေးသွားရတဲ့အခါတွေမှာ ကိုယ့်ချစ်သူဝတ်ထားတဲ့ အ၀တ်လေးကို ယူသွားခြင်းအားဖြင့် ချစ်သူနဲ့နီးနီးကပ်ကပ်ရှိတယ်လို့ခံစားရစေပြီး ချစ်သူရဲ့ ရနံ့လေးကို ရမယ်ဆိုရင်တော့ စိတ်ဖိစီးမှုပမာဏကိုလည်း လျော့ကျစေမှာပါလို့ သုတေသနကို ဦးဆောင်ခဲ့တဲ့ Frances Chen က ပြောပါတယ်။

အရင်ကလေ့လာမှုတွေအရတော့ ကြွက်တွေဟာ သူတို့နဲ့ရင်းနှီးတဲ့ ကြွက်တွေနားမှာရှိနေတဲ့အခါ cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုများတဲ့ ဟော်မုန်းလျော့နည်းနေတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် ကြွက်တွေကို တစ်ကောင်နဲ့တစ်ကောင်အနံ့ခံလို့မရအောင်လုပ်လိုက်တဲ့အခါမှာတော့ ကြွက်တွေမှာရှိနေတဲ့ တည်ငြိမ်နေတဲ့စိတ်တွေဟာ ပျောက်ဆုံးကုန်တာကို တွေ့ခဲ့ပါတယ်။ လူတွေမှာလည်း ထိုနည်းတူပါပဲ။ နို့စို့ကလေးတွေဟာ မိခင်နို့ရဲ့ရနံ့ကို ရလိုက်တဲ့အခါမှာ ပိုပြီး တည်ငြိမ်သွားပြီး လူစိမ်းရဲ့ရနံ့တွေဟာ လူတွေကို မနှစ်မြို့ဖြစ်စေပါတယ်။

အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဦးနှောက်ထဲက အနံ့ခံနိုင်တဲ့ ဆဲလ်အရေအတွက်ဟာ ၅၀ ရာခိုင်နှုန်း ပိုပြီးများတာကြောင့် အမျိုးသားတွေရဲ့ ရနံ့ဟာ အမျိုးသမီးတွေရဲ့ စိတ်ဖိစီးမှုအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာကိုသာ သုတေသနပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေထက်ကို အနံ့အသက် ပိုပြီး ထုတ်လွှတ်ပါတယ်လို့ တွဲဖက်သုတေသီ Marlise Hofer ကပြောပါတယ်။

သုတေသီတွေဟာ စုံတွဲ ၉၆ ယောက်ကို စုစည်းခဲ့ပြီး အုပ်စုသုံးစုခွဲကာ တစ်စုကို ဘယ်သူမှမ၀တ်ရသေးတဲ့ အ၀တ်တွေကို အနံ့ခံခိုင်းခဲ့ကာ ကျန်တဲ့တစ်စုကိုတော့ လူစိမ်းတွေဝတ်ထားတဲ့ အ၀တ်ကို အနံ့ခံခိုင်းခဲ့ပြီး နောက်ဆုံးတစ်စုကိုတော့ သူတို့ရဲ့ ချစ်သူတွေဝတ်ထားတဲ့ အ၀တ်တွေကို အနံ့ခံခိုင်းခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ စိတ်ဖိစီးမှုအခြေအနတွေကို တူညီမှုရှိအောင်လည်း စီစဉ်ထားခဲ့ပါတယ်။ စမ်းသပ်တဲ့ကာလအတွင်းမှာ ကွဲကွာသွားတဲ့ ချစ်သူစုံတွဲတွေဆီက အချက်အလတ်တွေကိုတော့ အသုံးပြုလို့မရတော့ပါဘူး။

စမ်းသပ်မှုမှာ ပါဝင်တဲ့ အမျိုးသားတွေအနေနဲ့ကတော့ ချွေးနံ့ပျောက်ဆေးမသုံးဘဲ တီရှပ်တွေကို ၂၄ နာရီဝတ်ဆင်ခဲ့ရပါတယ်။ အမျိုးသမီးတွေကို အနံ့ခံခိုင်းပြီးတဲ့အခါမှာတော့ မေးခွန်းတွေကို မေးမြန်းခဲ့ပါတယ်။ မေးမြန်းတဲ့မေးခွန်းတွေကို အကောင်းဆုံးနဲ့ အတည်ငြိမ်ဆုံး ပြန်လည်ဖြေကြားနိုင်ခဲ့တဲ့ အမျိုးသမီးတွေကတော့ ချစ်သူရဲ့ ကိုယ်သင်းရနံ့ကို နမ်းရှုထားကြတဲ့ အမျိုးသမီးတွေဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ သူတို့ရဲ့ cortisol ဟော်မုန်းပမာဏဟာလည်း ပုံမှန်အခြေအနေကို မြန်မြန်ပြန်လည်ရောက်ရှိသွားပြီး စိတ်ဖိစီးမှုကိုလည်း အကောင်းဆုံး တုန့်ပြန်နိုင်ခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

REF_

Check Also

ဒီဇင်ဘာလနဲ့ပတ်သတ်တဲ့စိတ်ဝင်စားဖွယ်အချက်များ

  ဒီဇင်ဘာလထဲမှာတော့ ခရစ်စမတ်ပွဲတော် နှစ်သစ်ကူးပွဲတော် စသည်ဖြင့် ကျော်ကြားတဲ့ ပွဲတော်ကို ကျင်းပကြပါတယ်။ ဒီလထဲမှာ အားလပ်ရက်တွေများတဲ့အတွက်လည်း လူအများ ပျော်ရွှင်ရတဲ့ လ လည်း ဖြစ်ပါတယ်။ …