Thursday , March 8 2018
Home / ဗပာုသုတ / အလိုအလျောက်ပြန်လည်ပြုပြင်ပေးနိုင်မယ့် ဖုန်းမျက်နှာပြင်တွေကို သိပ္ပံပညာရှင်တွေတီထွင်

အလိုအလျောက်ပြန်လည်ပြုပြင်ပေးနိုင်မယ့် ဖုန်းမျက်နှာပြင်တွေကို သိပ္ပံပညာရှင်တွေတီထွင်

ကျွန်တော်တို့နေ့တိုင်းသုံးနေတဲ့ ဖုန်းတွေမှာ ဖန်သားမျက်နှာပြင်တွေတပ်ဆင်ထားတာကြောင့် လက်ထဲကလွတ်ကျတာ၊ တစ်ခုခုနဲ့ တိုက်မိတဲ့အခါမျိုးတွေမှာ မျက်နှာပြင်ကွဲအက်တတ်ပါတယ်။

နမော်နမဲ့နိုင်သူတွေအတွက်ကတော့ ဘယ်လောက်ပဲ ဖုန်းမှန်တွေလဲလဲ ခဏခဏထပ်ပြီး ကွဲနေရတာပါပဲ။ ဒါပေမယ့် သူတို့အတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ ဒီသတင်းကောင်းကတော့ အလိုအလျောက်ပြန်လည်ပြုပြင်နိုင်တဲ့ ဖုန်းမျက်နှာပြင်တွေကို သိပ္ပံပညာရှင်တွေက ရှာတွေ့ခဲ့တာပါပဲ။

သိပ္ပံဂျာနယ်ရဲ့ ရေးသားချက်အရတော့ ဂျပန်နိုင်ငံက သုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ လက်နဲ့ဖိလိုက်တာနဲ့ အလိုအလျောက်ကွဲအက်နေတဲ့ ဖန်သားတွေဟာ အကောင်းအတိုင်း ပြန်ဖြစ်နိုင်တဲ့ ဖုန်း မျက်နှာပြင်တစ်မျိုးကို အလေးချိန်လျော့နည်းတဲ့ ပိုလီမာ(polymer) တစ်မျိုးကို အသုံးပြုပြီး ဖန်တီးနိုင်ခဲ့ပါတယ်။
ဒီအလိုအလျောက်ပြန်လည်ပြုပြင်နိုင်တဲ့ ဖန်သားမျက်နှာပြင်ကို ဖန်တီးဖို့ စိတ်ကူးကိုတော့ လတ်တလောမှာ တီထွင်ထုတ်လုပ်ခဲ့ကြတဲ့ အလိုအလျောက်ပြန်လည်ပြုပြင်နိုင်တဲ့ ရာဘာနဲ့ ပလက်စတစ်တွေကို ထုတ်လုပ်တဲ့ စိတ်ကူးကနေ ရရှိခဲ့တာဖြစ်ပါတယ်။ သူတို့ သုတေသနအဖွဲ့ဟာ ဒီဖန်သားမျက်နှာပြင်တွေကို စမတ်ဖုန်းတွေမှာ ထည့်သွင်း အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ပုံမှန်အားဖြင့်တော့ ဖန်သားတွေကို အပူချိန် ၁၂၀ ဒီဂရီစင်တီဂရိတ်လောက်အပူပေးမှသာ ဖန်သားတွေဟာ ပြန်လည် ပေါင်းစပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အသစ်ဖန်တီးခဲ့တဲ့ ဖန်သားကတော့ ကွဲအက်သွားတဲ့အခါမှာ လက်နဲ့ဖိလိုက်ရုံနဲ့ လက်ရဲ့ အပူချိန်ကို အသုံးပြုပြီး ဖန်သားမျက်နှာပြင်ဟာ ပြန်လည်ပေါင်းစပ်သွားမှာဖြစ်ပါတယ်။
Yu Yanagisawa လို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ ကော်တစ်မျိုးကို ဖန်တီးရာကနေ မမျှော်လင့်ဘဲ ဒီလို အလိုအလျောက်ပြန်လည်ပြုပြင်နိုင်စွမ်းရှိတဲ့ ဖန်သားကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီဖန်သားတွေဟာ ကွဲအက်သွားတဲ့အခါ လွင့်ပစ်စရာမလိုဘဲ လွယ်လွယ်ကူကူ ပြန်လည်ပြုပြင်နိုင်လို့ သဘာဝပတ်ဝန်ကျင် ညစ်ညမ်းမှုလည်း အများကြီးလျော့ကျသွားစေမှာဖြစ်တယ်လို့ သူက NHK သတင်းဌါနကို ပြောခဲ့ပါတယ်။
ဘယ်သူမှ ကိုယ့်ရဲ့ ဖုန်းကို မှန်အကွဲကြီးနဲ့ အသုံးမပြုချင်ကြပါဘူး။ ဒါပေမယ့် ကွဲသွားတဲ့မှန်ကို ပြန်လဲမယ်ဆိုရင်လည်း မှန်လဲခက အတော်ဈေးကြီးပါတယ်။ အခုအသစ်ဖန်တီးလိုက်တဲ့ နည်းပညာကြောင့် စမတဖုန်းအသုံးပြုနေသူတွေမှာ ရင်ဆိုင်နေရတဲ့ အကြီးဆုံးပြသနာတစ်ခုဖြစ်တဲ့ ဖုန်းမှန်ကွဲတဲ့ ပြသနာကို ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။
REF

Check Also

ဒီဇင်ဘာလနဲ့ပတ်သတ်တဲ့စိတ်ဝင်စားဖွယ်အချက်များ

  ဒီဇင်ဘာလထဲမှာတော့ ခရစ်စမတ်ပွဲတော် နှစ်သစ်ကူးပွဲတော် စသည်ဖြင့် ကျော်ကြားတဲ့ ပွဲတော်ကို ကျင်းပကြပါတယ်။ ဒီလထဲမှာ အားလပ်ရက်တွေများတဲ့အတွက်လည်း လူအများ ပျော်ရွှင်ရတဲ့ လ လည်း ဖြစ်ပါတယ်။ …