Wednesday , March 7 2018
Home / ဗပာုသုတ / ဒီဇင်ဘာလနဲ့ပတ်သတ်တဲ့စိတ်ဝင်စားဖွယ်အချက်များ

ဒီဇင်ဘာလနဲ့ပတ်သတ်တဲ့စိတ်ဝင်စားဖွယ်အချက်များ

 
ဒီဇင်ဘာလထဲမှာတော့ ခရစ်စမတ်ပွဲတော် နှစ်သစ်ကူးပွဲတော် စသည်ဖြင့် ကျော်ကြားတဲ့ ပွဲတော်ကို ကျင်းပကြပါတယ်။

ဒီလထဲမှာ အားလပ်ရက်တွေများတဲ့အတွက်လည်း လူအများ ပျော်ရွှင်ရတဲ့ လ လည်း ဖြစ်ပါတယ်။ ဒီဇင်ဘာဆိုတဲ့ စကားလုံးကတော့ ‘တစ်ဆယ်’လို့ အဓိပါယ်ရတဲ့ ‘decem’ ဆိုတဲ့ ဝေါဟာရက ဆင်းသက်လာတာပါ။

ရောမပြက္ခဒိန်ထဲမှာတော့ ဒီဇင်ဘာလဟာ ဆယ်လမြောက်လပဲဖြစ်ပါတယ်။ နောက်ပိုင်းကျမှ ဇန်န၀ါရီလနဲ့ ဖေဖော်ဝါရီလ နှစ်လကို ထပ်မံပေါင်းထည့်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပျော်ရွင်စရာကောင်းလှတဲ့ ဒီဇင်ဘာလရဲ့ စိတ်ဝင်စားဖွယ်အချက်လေးတွေရှိတာကြောင့် ဒီအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒီဇင်ဘာလ တစ်ရက်နေ့ကတော့ အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် နေ့ပဲ ဖြစ်ပါတယ်။ ဒီနေ့ကို ကျင်းပရခြင်းကတော့ အေအိုင်ဒီအက်စ်ရောဂါကို လူအများ ပိုမိုသိရှိစေဖို့ ရည်ရွယ်ပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့ကတော့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ကိုတော့ အချင်းချင်း သိုင်းဖက်တဲ့နေ့အဖြစ် ကမ္ဘာက သတ်မှတ်ထားပါတယ်။ တစ်ဦးနဲ့တစ်ဦး သိုင်းဖက်ခြင်းဟာ ကိုယ့်ရဲ့ ကြင်နာမှုနဲ့ ဂရုစိုက်မှုကို ပြသခြင်းပဲဖြစ်ပါတယ်။

တစ်ဦးနဲ့တစ်ဦး အချိန်မရွေး ဖက်နိုင်ပေမယ့် ဒီဇင်ဘာလ ၄ ရက်နေ့ကိုတော့ ဖက်တဲ့နေ့အဖြစ် သတ်မှတ်ထားကြပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ကတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ပဲ ဖြစ်ပါတယ်။

ဒီနေ့ကိုတော့ ကမ္ဘာအရပ်ရပ်က လူတွေကို လူ့အခွင့်အရေးအကြောင်း သိစေလိုတဲ့ရည်ရွယ်ချက်နဲ့ ၁၉၄၈ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ကတော့ အပြည်ပြည်ဆိုင်ရာ မျောက်များနေ့ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ဒီနေ့ကို အားလပ်ရက်အဖြစ် သတ်မှတ်ပေးပါတယ်။
အားလုံးသိကြတဲ့အတိုင်းပဲ ခရစ်စမတ်ကိုတော့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး နှစ်သစ်ကူးပွဲတော်လည်း ရှိပါသေးတယ်။ ဒီဇင်ဘာလနဲ့ ပတ်သတ်ပြီး တခြားစိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်တွေကတော့ – နိုဘယ်ဆုတွေကို ဒီဇင်ဘာလမှာ ချီးမြင့်တာ ဖြစ်ပြီး ဒီဇင်ဘာလ ၂၇ ရက်ကတော့ ချောကလတ်နေ့ပဲ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ဘောလင်းပစ်တဲ့ ဘောလုံးကို စတင်တီထွင့်ခဲ့ပါတယ်။ ၁၉၆၇ ဒီဇင်ဘာလထဲမှာ ကမ္ဘာ့ ပထမဦးဆုံး နှလုံးအစားထိုး လဲလှယ်မှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။

၁၉၀၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်ဟာ ရိုက်ညီနောင်(Wright brothers) တို့နှစ်ယောက်ရဲ့ ပထမဦးဆုံး လေယဉ်စတင်ပျံသန်းတဲ့ နေ့ပဲ ဖြစ်ပါတယ်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာတော့ ဂျပန်လေယဉ်ပျံတွေဟာ အမေရိကန်နိုင်ငံ ပုလဲဆိပ်ကမ်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အမေရိကန် ၂၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
REF

Check Also

အလိုအလျောက်ပြန်လည်ပြုပြင်ပေးနိုင်မယ့် ဖုန်းမျက်နှာပြင်တွေကို သိပ္ပံပညာရှင်တွေတီထွင်

ကျွန်တော်တို့နေ့တိုင်းသုံးနေတဲ့ ဖုန်းတွေမှာ ဖန်သားမျက်နှာပြင်တွေတပ်ဆင်ထားတာကြောင့် လက်ထဲကလွတ်ကျတာ၊ တစ်ခုခုနဲ့ တိုက်မိတဲ့အခါမျိုးတွေမှာ မျက်နှာပြင်ကွဲအက်တတ်ပါတယ်။ နမော်နမဲ့နိုင်သူတွေအတွက်ကတော့ ဘယ်လောက်ပဲ ဖုန်းမှန်တွေလဲလဲ ခဏခဏထပ်ပြီး ကွဲနေရတာပါပဲ။ ဒါပေမယ့် သူတို့အတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ …