Monday , November 27 2017
Home / FNews / Facebook ပေါ်ကိုယ့်ရဲ့ လူမြင်မတင့်တယ်တဲ့ဓါတ်ပုံတွေ မပျံ့နှံ့စေမယ့်နည်းလမ်းကို Facebook ထုတ်ဖော်

Facebook ပေါ်ကိုယ့်ရဲ့ လူမြင်မတင့်တယ်တဲ့ဓါတ်ပုံတွေ မပျံ့နှံ့စေမယ့်နည်းလမ်းကို Facebook ထုတ်ဖော်

 

သမီးရည်းစားအချင်းချင်း ကွဲကွာသွားကြတဲ့အခါမှာ ငြင်းပယ်ခံလိုက်ရသူဟာ မကျေမချမ်းဖြစ်ပြီး လက်စားချေတဲ့အနေနဲ့ သူနဲ့ကွဲကွာသွားတဲ့ချစ်သူရဲ့ အဖော်အချွတ်ဓါတ်ပုံတွေ၊ လူအမြင်မတင့်တယ်တဲ့ ဓါတ်ပုံတွေကို လူမှုကွန်ယက်တွေပေါ်မှာ တင်လေ့ရှိကြပါတယ်။ ဒီလိုမျိုး ဓါတ်ပုံတွေကို တစ်ယောက်ယောက်က တင်မှာကို ကြိုတင်ကာကွယ်ထားနိုင်မယ့် နည်းလမ်းတစ်ခုကို Facebook က ထုတ်ဖော်ပြောပြခဲ့ပါတယ်။

Facebook ဟာ ဒီအစီအစဉ်ကို နိုဝင်ဘာလ အစောပိုင်းက စတင်စမ်းသပ်နေခဲ့တာဖြစ်ပြီး အငြင်းပယ်ခံလိုက်ရတဲ့ ရည်းစားဟောင်းတွေရဲ့ လက်တုန့်ပြန်တဲ့ ဓါတ်ပုံတွေကို Facebook ပေါ်မှာ ပျံ့နှံ့ခြင်းမရှိစေဖို့ ရည်ရွယ်ပါတယ်။ ဒီလိုဓါတ်ပုံတွေကို ရည်းစားဟောင်းက Facebook ပေါ်တင်မှာ စိုးရိမ်နေတဲ့သူတွေဟာ အရင်ဦးဆုံး Facebook ဆီကို သူတို့ရဲ့ အဖော်အချွတ်ဓါတ်ပုံတွေကို ပေးပို့ထားရမှာဖြစ်ပါတယ်။

ဒီလိုပေးပို့ဖို့အတွက် ပေးပို့သူဟာ eSafety Commissioners ၀က်ဆိုဒ်ပေါ်မှာ အချက်အလက်တွေကို ဖြည့်ရမှာဖြစ်ပါတယ်။ ဖြည့်ပြီးသွားတဲ့အခါမှာ Messenger ကနေတဆင့် ဓါတ်ပုံတွေပို့ဖို့ အကြောင်းကြားလာပါလိမ့်မယ်။

ဒီဓါတ်ပုံတွေကို eSafety Commissioners က ၀န်ထမ်းတွေမြင်နိုင်မှာမဟုတ်ဘဲ Facebook ရဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကသာ ပေးပို့သူတစ်ဦးချင်းစီရဲ့ ဓါတ်ပုံတွေကို စီစစ်ပြီး ဒီဓါတ်ပုံတွေ ပျံ့နှံ့သွားခြင်းမရှိအောင် ဒစ်ဂျစ်တယ်နည်းပညာနဲ့ အလိုအလျောက် ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။

ပေးပို့လာတဲ့ဓါတ်ပုံတစ်ပုံချင်းစီကို အထူးလေ့ကျင့်ထားတဲ့ ပညာရှင်တွေက စီစစ်မှာဖြစ်ပြီး ဒီဓါတ်ပုံတွေကို Facebook ပေါ်မှာ ပျံ့နှံ့မသွားစေချင်တဲ့ ဓါတ်ပုံတွေအဖြစ် သတ်မှတ်ထားမှာဖြစ်ပါတယ်။

တစ်ယောက်ယောက်က ဓါတ်ပုံတစ်ပုံပုံကို Facebook ပေါ်တင်တော့မယ်ဆိုရင် ဒီဓါတ်ပုံတွေဟာ ပျံ့နှံ့မသွားစေဖို့သတ်မှတ်ထားတဲ့ ဓါတ်ပုံတွေဟုတ်မဟုတ်ဆိုတာကို image recognition နည်းပညာကို အသုံးပြုပြီး ခွဲခြားသိရှိကာ အင်တာနက်ပေါ် ဒီဓါတ်ပုံတွေမတင်နိုင်အောင်၊ မပျံ့ပွားနိုင်အောင် ပိတ်ထားမှာဖြစ်ပါတယ်။

ဒီနည်းပညာကို လက်ရှိအချိန်မှာ သြစတြေးလျနိုင်ငံမှာ စမ်းသပ်နေပြီး အရင်က စမ်းသပ်မှုမျိုးတွေနဲ့မတူတဲ့ စမ်းသပ်မှုမျိုးလည်းဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ပိုပြီးဆိုးရွားတဲ့ အခြေအနေတွေကို မရောက်ရှိဖို့အတွက် Facebook ကစီစဉ်ပေးထားတဲ့ အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

ကိုယ့်ရဲ့ လူအမြင်မတင့်တယ်တဲ့ ဓါတ်ပုံတွေကို မိဘတွေ၊ သူငယ်ချင်းတွေနဲ့ ချစ်သူတို့ကို တွေ့မြင်စေမယ့်အစား Facebook က ၀န်ထမ်း တစ်ယောက်ကို မြင်တွေ့စေတာဟာ အများကြီးပိုပြီး ကောင်းပါတယ်လို့ Safety Net Technology Project ရဲ့တည်ထောင်သူ Cindy Southworth က ပြောပါတယ်။

REF

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …