Tuesday , November 28 2017
Home / FNews / ဟက်ကာတွေ လုံးဝမခိုးယူနိုင်တဲ့ password ကို ဘယ်လိုဖန်တီးမလဲ

ဟက်ကာတွေ လုံးဝမခိုးယူနိုင်တဲ့ password ကို ဘယ်လိုဖန်တီးမလဲ

 

ကျွန်တော်တို့အားလုံးဟာ ကိုယ့်ရဲ့ အရေးကြီးတဲ့ အချက်အလတ်တွေကို တခြားလူတွေသိသွမှာ စိုးကြပါတယ်။ ဒါပေမယ့် အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းတွေ ကွန်ပြူတာတွေထဲမှာ ရှိနေတဲ့ ကိုယ်ပိုင်အချက်အလတ်တွေကို သေသေချာချာ မကာကွယ်ထားဘူးဆိုရင်တော့ ဟက်ကာတွေဟာ အချိန်မရွေး ခိုးယူသွားနိုင်ပါတယ်။နိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာတော့ ဆိုက်ဘာလုံခြုံရေးကို ကျွန်တော်တို့အားလုံး သတိရှိဖို့ လိုအပ်လာပါပြီ။

ဗြိတိန်အခြေစိုက် အွန်လိုင်းနည်းပညာပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီတစ်ခုက ပညာရှင်တွေဟာ ဗြိတိန်ရဲ့ အသုံးအများဆုံး password ဆယ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီ password တွေထဲမှာ ပါဝင်တဲ့ 123123 ဆိုတဲ့ password မျိုးကိုတော့ ဟက်ကာတွေက ခိုးယူဖို့ တစ်စက္ကန့်တောင်မကြာပါဘူး။ တချို့လူတွေကလည်း ကိုယ့်ချစ်သူရဲ့ နာမည်လိုမျိုး အမှတ်တရနာမည်လေးတွေကို password အဖြစ် လုပ်ထားပြီး လုံခြုံနေတယ်လို့ ထင်နေကြပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ထားတာဟာလည်း လုံခြုံမှုမရှိသေးပါဘူး။

ကိုယ့်ရဲ့ မွေးနေ့၊ အိမ်မွေးတရိစ္ဆာန်ရဲ့နာမည်၊ ဘယ်နေရာမှာ ကြီးပြင်းလာခဲ့တယ်ဆိုတဲ့ ကိုယ်ပိုင်အချက်အလတ်တွေကို ဟက်ကာတွေဟာ လူမှုကွန်ယက်တွေကနေ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ဥပမာအားဖြင့် ကိုယ့်ရဲ့မွေးနေ့ကို အလယ်က အစက်ကနေတွေခြားပြီး password လုပ်ထားတယ်ဆိုရင် ဒီ password ကို ဟက်ကာတွေက ၁၃ စက္ကန့်ထဲနဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟက်ကာတွေ လုံးဝ မဖောက်ထွင်းနိုင်တဲ့ password မျိုးကို ဖန်တီးထားလို့ ရပါတယ်။

Teabrownpicture ဆိုတဲ့ စကားစုလိုမျိုး တစ်လုံးနဲ့ တစ်လုံး ဆက်စပ်မှုမရှိတဲ့ စကားလုံးသုံးလုံးကို ပူးတွဲပြီး password အဖြစ် အသုံးပြုဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားကြပါတယ်။ ဒီလို password မျိုးကို ဟက်ကာတွေက ရယူနိုင်ဖို့ နှစ်ပေါင်း ၃၅၀၀၀ လောက်ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒီလို password မျိုးကို ဂဏန်းတစ်လုံးလုံး ထပ်ဖြည့်လိုက်မယ်ဆိုရင်တော့ ဒီ password ကို ရယူနိုင်ဖို့ ဟက်ကာတွေအနေနဲ့ နှစ်ပေါင်း ၂၂၇ သန်းခန့် ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒီလို password မျိုးကို ဂဏန်းနဲ့ သင်္ကေတပါပေါင်းထည့်လိုက်မယ်ဆိုရင်တော့ ဟက်ကာတွေအနေနဲ့ ရာသက်ပန် ခိုးယူနိုင်တော့မှာ မဟုတ်ပါဘူး။ ကိုယ့်ချစ်သူရဲ့နာမည်၊ ကိုယ့်အိမ်မွေးတရိစ္တာန်နာမည်၊ ကိုယ်ကြီးပြင်ခဲ့တဲ့ လမ်းနာမည်၊ အားလပ်ရက်တွေမှာ လည်ပတ်ဖို့အကောင်းဆုံးနေရာရဲ့ နာမည်၊ ကိုယ့်ရဲ့ အကြိုက်ဆုံး အားကစားအသင်း စတဲ့ နာမည်တွေကို password အဖြစ် မထားသင့်ပါဘူး။ email အကောင့်၊ အွန်လိုင်းဘဏ်အကောင့်လိုမျိုး ကိုယ့်ရဲ့ အရေးကြီးတဲ့ အကောင့်တစ်ခုစီတိုင်းကို မတူညီတဲ့ password တစ်ခုစီ ထားရှိဖို့လည်း ကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။ ဒီလိုလုပ်ခြင်းဟာ မှတ်သားဖို့ ခက်ခဲနိုင်ပေမယ့်လည်း ကိုယ့်ရဲ့ အချက်အလက်တွေ လုံခြုံစိတ်ချနိုင်စေဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

REF

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …