Saturday , May 27 2017
Home / FNews / ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် လိင်ပိုင်းဆိုင်ရာများ မပါဝင်သည့် ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာကိုအာကာနှင့် တွေ့ဆုံခြင်း

ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် လိင်ပိုင်းဆိုင်ရာများ မပါဝင်သည့် ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာကိုအာကာနှင့် တွေ့ဆုံခြင်း

 

မြင့်ဟိန်း(မြစ်မခ)

ရန်ကုန်၊ မေ ၂၅ ရက်။

မေလအတွင်း အွန်လိုင်းစာမျက်နှာများပေါ်တွင် လူကြိုက်များ ခေတ်စားနေသည့် ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကား တစ်မိနစ်စာ Teaser အပိုင်းမှာ ကြည့်ရှုသူ ရှစ်သိန်းခန့်ရှိခဲ့ပြီး အဆိုပါဇာတ်ကားရိုက်ကူးခဲ့သူ ကိုအာကာနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါတယ်။ 

 

မေး။    ။ ဒုဋ္ဌဝတီကိုလွန်၍​ ရုပ်ရှင်ကားလေး ရိုက်ကူးဖြစ်ပုံနှင့် ပတ်သက်ပြီး အသေးစိတ်လေးပြောပြပေးပါ။

ဖြေ။     ။ ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကားကိုစီစဉ်ဖြစ်တာက ၂ဝ၁၂ ခုနှစ်လောက်က ကျွန်တော့်ကို ဟောလီး ဝုဒ်မှာရှိတဲ့ ဒါရိုက်တာတစ်ယောက်က ပြောလာတယ်။ သူတို့ဟောလီးဝုဒ်မှာ တခြားနိုင်ငံတွေက အကြောင်းအ ရာတွေကိုပြနေတာ ထပ်နေပြီ။ မြန်မာပြည်ရဲ့အကြောင်းအရာပြတာကို မတွေ့ရဘူး။ အဲဒီတော့ မင်းရိုက်ကြည့်ဖို့ ပြောပြီး ဇာတ်ညွန်းပါရေးဖို့ပြောလာတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူတို့က မြန်မာငွေကျပ်သိန်း(၁၅ဝဝ)လောက်ပဲ ထုတ်ပေးတဲ့အတွက် ရိုက်ဖို့အဆင်မပြေတော့ ရပ်ထားလိုက်တယ်။ ဒါပေမဲ့ မနှစ်ကမှ ဒီရုပ်ရှင်ကိုထုတ်လုပ်ပေး မယ့် Golden Hour Entertainment ရဲ့ကြော်ငြာလေးတစ်ခုကို ဘန်ကောက်မှာသွားရိုက်ပေးရင်း သူတို့ဖက်က ကျွန်တော်တို့ လုပ်ပုံကိုင်ပုံကို သဘောကျပြီး မြေတောင်မြှောက်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပေးဖို့ပြောရင်း ဒီဇာတ်လမ်းလေးကို ရိုက်ဖြစ်သွားတာပါ။

 

မေး။    ။ ရုပ်ရှင်ဇာတ်ကားရိုက်ကူးတဲ့ကြာချိန်နဲ့ ရိုက်ကူးရက် ဘယ်နှစ်ရက်လောက်ယူခဲ့ရပါသလဲ။

ဖြေ။     ။ ရုပ်ရှင်ကားကို စတင်ရိုက်ကူးခဲ့တာ ၂ဝ၁၆ ခုနှစ်၊ မေလ ၁ ရက်ကပါ။ ၂ဝ၁၇ ခုနှစ်၊ မေလ ၁ ရက်မှာ အပြီးသတ်ခဲ့ပါတယ်။ ရိုက်ကူးရေးကတော့ ရက်(၇ဝ)လောက်ကြာခဲ့ပါတယ်။

 

မေး။    ။ ရုပ်ရှင်ကားဇာတ်ညွန်းကိုရေးတဲ့သူနဲ့ ရုပ်ရှင်ကားပုံစံကို ပြောပြပေးပါ။

ဖြေ။     ။ ရုပ်ရှင်ဇာတ်ညွန်းကို ရေးတဲ့သူက ဟစ်ဟော့ပ်အဆိုတော် ရဲနောင်ဖြစ်ပြီး ရုပ်ရှင်ကားပုံစံကတော့ ပတ္တမြားကြီးကို ပြန်ရှာဖွေတဲ့ ပုံစံမျိုးဖြစ်ပြီး အက်ရှင်နဲ့ ခရီးသွားလာတဲ့ပုံစံမျိုးပါ။

 

မေး။    ။ ဒီရုပ်ရှင်ထဲမှာ ပြည်တွင်းကရော၊ ပြည်ပကပါ သရုပ်ဆောင်သစ်တွေပါလာတော့ သူတို့ကို သရုပ်ဆောင်ဖို့ ဘယ်လိုညှိနှိုင်းလုပ်ဆောင်ပါသလဲ။

ဖြေ။     ။ ဒီကားထဲမှာ ပြည်တွင်းရော၊ ပြည်ပကပါ သရုပ်ဆောင်အသစ်တွေပါလာတယ်။ ပြည်တွင်းကဆိုရင် အ မွန်း၊ ကိုဆန်းထွဋ်တို့ပါလာတယ်။ ပြည်ပကဆိုရင် သြစတြေးလျမှာနေတဲ့ မြန်မာနိုင်ငံသား နော်အောင်၊ စင်္ကာပူ က ဦးလေးကြီးတစ်ယောက် ပါလာတယ်။ သရုပ်ဆောင်နေကျလူတွေကို ကျွန်တော်ခေါ်လိုက်ရင် ကျွန်တော် သင်ပေးစရာသိပ်မလိုပေမယ့် ရိုက်ကူးရေးပေးနိုင်ဖို့အပြင် အခြားအကြောင်းအရာတွေအရလည်း အခက်အခဲရှိ တယ်။ ပြီးတော့ ကျွန်တော်က ဒီကားအတွက် အောင်ဆန်းကွင်းမှာငှားပြီး တစ်ကားလုံးကို အကြိုရိုက်ထားတဲ့အ တွက် ရိုက်ကွင်းပေါ်ရောက်တဲ့ အခါမှာ အခက်အခဲသိပ်မရှိဘူး။ အသစ်ကတော့ အသစ်တစ်မျိုးပေးနိုင်မှာပါ။

 

မေး။    ။ ဒီရုပ်ရှင်ကားကို ဘယ်နေရာမှာ ရိုက်ကူးခဲ့ပြီး အခက်အခဲတွေကရော ဘာတွေရှိခဲ့သေးလဲ။

ဖြေ။     ။ ရုပ်ရှင်ကားကို ရန်ကုန်၊ မန္တလေး၊ အင်းဝ၊ ဘားအံနဲ့ ပြင်သစ်မှာ ရိုက်ကူးခဲ့တယ်။ တခြား တချို့နေရာ တွေမှာ ရိုက်ကူးခဲ့တာရှိပါတယ်။ အခက်အခဲကတော့ ကျွန်တော်တို့က ပထမဆုံးစတင်ရိုက်ကူးတာဖြစ်တဲ့အ တွက် နယ်တွေရောက်ရင် ပရိတ်သတ်တွေဝိုင်းအုံကြည့်တာကတော့ ကျွန်တော်တို့အတွက် နည်းနည်းအနှောင့် အယှက်ဖြစ်ပါတယ်။ ဒါကလည်း နောက်ပိုင်းကားတွေကျရင် အဆင်ပြေသွားမယ်ထင်ပါတယ်။

 

မေး။    ။ ဆင်ဆာမကျသေးခင်မှာတောင် အွန်လိုင်းပေါ်မှာ လူကြိုက်များနေတာနဲ့ပတ်သက်ပြီး ဒါရိုက်တာတစ် ယောက်အနေနဲ့ ဘယ်လိုခံစားရပါသလဲ။

ဖြေ။     ။ ဆင်ဆာကို ကျွန်တော်တို့ လကုန်လောက်မှတင်မယ်။ ရုပ်ရှင်မိတ်ဆက်ပွဲမလုပ်ခင်မှာတောင် ခုလို စိတ်ဝင်တစားကြည့်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အများကြီးကြိုးစား ထားရပါတယ်။ ထုတ်လုပ်ရေးကအစ ကျွန်တော်အပါအဝင်၊ ပါဝင်တဲ့သရုပ်ဆောင်တွေ၊ ကင်မရာသမားတွေနဲ့ ရိုက်ကွင်းပေါ်လိုက်ပို့ပေးတဲ့ ကားမောင်းတဲ့သူကအစ အကုန်ကြိုးစားထားရတာပါ။ အခုလိုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

မေး။    ။ ဆင်ဆာတင်တဲ့အချိန်မှာ ဖြတ်တောက်ခံရနိုင်တဲ့အခန်းတွေရှိနိုင်တယ်လို့ ဒါရိုက်တာတစ်ယောက် အနေနဲ့ ထင်ပါသလား။

ဖြေ။     ။ ဆင်ဆာနဲ့ပတ်သက်ပြီးပြောရရင် ဖြတ်တောက်တဲ့အခါမှာ ဆင်ဆာဖက်ကလည်း သူတို့မှာ အကြောင်း ပြချက်ရှိမယ်ထင်ပါတယ်။ ကျွန်တော်တို့ဖက်ကလည်း ဖြတ်တောက်ခံရနိုင်တယ်လို့ယူဆတာတွေကို (၂)ခန်းစီ ရိုက်ထားပြီး တချို့ဟာတွေကိုတော့ ညှိနှိုင်းယူလို့ရမယ်ထင်ပါတယ်။

 

မေး။    ။ ရုပ်ရှင်ကိုစောင့်ကြည့်နေတဲ့အတွက် ပရိသတ်တွေကိုရော ဘာပြောချင်ပါသေးသလဲ။

ဖြေ။     ။ ကျွန်တော်တို့အနေနဲ့ ခုမှစရိုက်တဲ့သူတွေဆိုတော့ အမှားအယွင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကို အကောင်းမြင်တဲ့စိတ်နဲ့ဝေဖန်ပေးကြပါ။ အာမခံနိုင်တာက ကျွန်တော်တို့ရုပ်ရှင်ကားကို လူတိုင်းကြည့်နိုင်ပါ တယ်။ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ လိင်ပိုင်းဆိုင်ရာတစ်ခုမှမပါဘူး။ အဲဒါကြောင့် လာကြည့်ကြပါလို့ပြော ချင်ပါတယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Check Also

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကျိုင်းတုံအကျဉ်းထောင်မှ လွတ်မြောက်သည့် တရုတ်နိုင်ငံသား (၆)ဦးကို ပြည်နှင်ဒဏ်ပေး

  ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ မေ ၂၄ ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အကျဉ်းထောင်မှ မေ ၂၄ ရက်၊ နံနက်ပိုင်းက နိုင်ငံတော်သမ္မတ၏ …