Sunday , May 28 2017
Home / FNews / အမြန်ရေယာဉ် နစ်မြုပ်ရာတွင် အသက်ဘေးမှ လွတ်မြောက်လာသူ နောင်ပကြစ် ကျေးရွာမှ မူလတန်းပြ ဆရာမဒေါ်မြတ်ခက်နှင့် တွေ့ဆုံမေးမြန်းခြင်း

အမြန်ရေယာဉ် နစ်မြုပ်ရာတွင် အသက်ဘေးမှ လွတ်မြောက်လာသူ နောင်ပကြစ် ကျေးရွာမှ မူလတန်းပြ ဆရာမဒေါ်မြတ်ခက်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကောင်းခန့်လင်း (မြစ်မခ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကင်းအုပ်စု၊ မိချောင်းတွင်းရွာအနီးချင်းတွင်းမြစ်အတွင်း အောက်တိုဘာ လ(၁၅)ရက် နံနက်(၅)နာရီခန့်က အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်အသင်းမှ အောင်စိုးမိုးကျော် ၂ ခရီးသည် တင် အမြန်ရေယာဉ် နစ်မြုပ်ရာ၌ အသက်ဘေးမှလွတ်မြောက်လာသည့် ဟုမ္မလင်းမြို့နယ် နောင်ပကြစ် ကျေးရွာမှ မူလတန်းပြကျောင်းဆရာမဒေါ်မြတ်ခက်ကို တွေ့ဆုံမေးမြန်းချက်များကို ဖော်ပြပေးလေိုက်ပါတယ်။

မေး။  ။ သဘောင်္ပေါ်မှာ ပါလာရတဲ့အကြောင်းအရင်းလေးပြောပြပေးပါ။

ဖြေ။  ။ ကျွန်မက နောင်ပကြစ်မှာပဲနေတာပါ။ မုံရွာကို အလည်သွားတာပါ။

 

မေး။  ။ဆရာမက အမြန်ရေယာဉ်မှောက်တာဘယ်လိုမျိုး စသိခဲ့တာလဲ။

ဖြေ။  ။အမြန်ရေယာဉ်ကချင်းတွင်းမြစ်ထဲမှာ ခြောက်ပတ်လောက် လည်နေတယ်ရှင့်။ ကျွန်မသတိထားမိတာက နောက်ဆုံး အပတ်လောက်မှာ ညာဖက်ကို ယိမ်းပြီး တိမ်းမှောက်သွားတယ်။

 

မေး။  ။ဆရာမကကောဘယ်လိုမျိုးပုံစံနဲ့ လွတ်မြောက်လာခဲ့တာလည်းဗျာ။

ဖြေ။  ။ ကျွန်မရေထဲကို မြုပ်လိုက်ပေါ်လိုက်ဖြစ်နေတယ်။ ဒါပေမယ့် ရေအနည်းကူးတတ်ပါတယ်ရှင့်။ ရေပေါ်မှာ ပေါ်လာတဲ့အထုတ်ကြီး တစ်ထုတ်တွေ့တယ်ရှင့်။ အဲဒီအထုတ်ကြီးကို ဖတ်ပြီး ကူးခဲ့တယ်။ ခဏနေတော့ ကယ်ဆယ်ရေးလာတဲ့ အမျိုးသမီးနှစ်ယောက်က ကျွန်မရဲ့လက်ကို တွဲပြီးကုန်းပေါ်ကို ဆွဲတင်ခဲ့ပါတယ်။

 

မေး။  ။ အမြန်ရေယာဉ်နစ်မြုပ်တဲ့အချိန်မှာနစ်မြုပ်နေတဲ့မြင်ကွင်းကိုကော အမတွေ့ရသေးလား။

ဖြေ။   ။ ဟုတ်ကဲ့ ကျွန်ကုန်းပေါ်ရောက်တော့ လူတွေကဆယ်ယူနေတာကိုတွေ့ရပါတယ်ရှင့်။ အမြန်ရေယာဉ် ကတော့မမြင်လိုက်ရဘူး။ လူတွေကလည်း သူ့လူကိုယ်လူမကွဲတဲ့အချိန်ဖြစ်နေတယ်။ အားလုံးဟာ အော်သံတွေ ငိုသံတွေ ကြားနေရပါတယ်။

မေး။  ။ဆရာမတစ်ယောက်ထဲလား ဆရာမနဲ့အတူတခြားအဖော်တွေပါသေးလား။

ဖြေ။  ။ ကျွန်တူမလေး တစ်ယောက်ပါတယ်။ အခုထိရှာလို့မတွေ့သေးဘူး။ တူမလေးက အသက်က တစ်ဆယ့်တစ်နှစ်လောက်တော့ရှိပြီ။ သေဆုံးသွားတယ်လို့ဘဲ ယူဆမိပါတယ်။

 

မေး။  ။ရေနစ်တဲ့အချိန်မှာအမတူမလေးကို အမအနေနဲ့ပြန်ဆယ်ယူဖို့ စိတ်ကူးမိခဲ့သေးလားဗျာ။

ဖြေ။  ။စိတ်ကူးမိပါတယ်။သို့သော်လည်း အမြန်ရေယာဉ်က ရုတ်တစ်ရက် နစ်တာဆိုတော့ ကျွန်မစိတ်တွေက ပူထူနေပါတယ်။ တူမလေးအတွက်စိတ်မကောင်းဖြစ်မိပါတယ်။

 

မေး။  ။အမြန်ရေယာဉ်နစ်မြုတ်နေရာကို လှေဘယ်နှစ်စီးလောက်လာပြီးကယ်ဆယ်ခဲ့လည်းဗျာ့

ဖြေ။  ။ အသေအချာ မမှတ်မိဘူးရှင့်။ ကျွန်မမြင်လိုက်ကတော့လှေတစ်စီး လောက်ဘဲ တွေ့လိုက်တယ်။ တခြားကယ်ဆယ်ရေးလာတဲ့ ရွာသားတွေက ရေကူးတတ်ကြတော့ လက်ပစ်ကူးပြီး ကယ်ဆယ်နေတာကိုလည်း တွေ့ရပါတယ်။

အဆိုပါ အမြန်ရေယာဉ်နစ်မြုပ်ရာတွင် အသက်ရှင်ကယ်ဆယ်နိုင်သူ(၁၅၀)ကျော်ရှိပြီး သေဆုံးသွားသည့် ရုပ်အလောင်း(၆၀)ကိုလည်း ပြန်လည်တွေ့ရှိထားကာ သေဆုံးသူအရေအတွက်မှာ တိတိကျကျမသိရှိသေးပေ။

 

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …