Saturday , May 27 2017
Home / FNews / အဆိုတော် စောဖိုးခွားမှ ကရင်ပြည်နယ်အတွင်းရှိ ကလေးများကို ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကြောင်းရာများကို ပြောပြပေးမည်

အဆိုတော် စောဖိုးခွားမှ ကရင်ပြည်နယ်အတွင်းရှိ ကလေးများကို ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကြောင်းရာများကို ပြောပြပေးမည်

ဇော်မင်း (မြစ်မခ)

ရန်ကုန်၊ ဧပြီ (၂၈) ရက်။

ကရင်ပြည်နယ်အတွင်း မြို့နယ်အချို့ရှိ ကလေးများအား အဆိုတော် စောဖိုးခွားမှ မေလလယ်က စတင်၍  ငြိမ်းချမ်းရေးနှင့် ပတ်သက်အကြောင်းအရာများကို သွားရောက်ပြောပြပေးမည့် အစီအစဉ်များကို ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြဝတီမြို့၊ မဲဆောက်မြို့နှင့် အခြားကရင်ပြည်နယ်ရှိ မြို့နယ်များသို့ အဆိုတော် စောဖိုးခွားနှင့် One Love Band သည် ဇွန်လကုန်အထိသွားရောက်မည်ဖြစ်ကာ ကလေးများအတွက် ငြိမ်းချမ်း ရေး အကြောင်းစပ်ဆိုထားသည့် သီချင်းဆိုပြခြင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ပုံပြင်များ ပြောပြခြင်းနှင့် ကလေးများအတွက် စိတ်ဝင်စားစရာ အစီအစဉ်များကို ပြုလုပ်သွားမည်ဖြစ်သည်။

“ကလေးတွေကို ငြိမ်းချမ်းရေးမျိုးစေ့ချပေးတယ်ဆိုတာ ဘာမှ သွားလုပ်ပေးတာမဟုတ်ဘူး။ ကလေးတွေရဲ့ ဘဝ တွေတိုးတက်စေဖို့ ဆန်လှူတာမဟုတ်ဘူး၊ ပိုက်ဆံသွားလှူတာမဟုတ်ဘူး။ ချမ်းသာကြွယ်ဝအောင်လုပ်ပေးတာ မဟုတ်ဘူး။ ကလေးတွေရဲ့နှလုံးသားထဲမှာ ချစ်တတ်အောင်၊ ချစ်ခြင်းသဘောတရားတွေရှိလာအောင် ချစ်ခြင်း မေတ္တာတွေပွားများလာအောင် မျိုးစေ့သွားချပေးတာပါ။”ဟု အဆိုတော် စောဖိုးခွားက ပြောသည်။

မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေး မရရှိသေးကြောင်းနှင့် ငြိမ်းချမ်းရေးကို ရှာဖွေနေခြင်းထက် ပေးဆပ်ခြင်းဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ငြိမ်းချမ်းရေးတည်ဆောက်လာပါက ငြိမ်းချမ်းရေးရရှိလာမည် ဖြစ်ကြောင်း စောဖိုးခွားက ပြောသည်။

ငြိမ်းချမ်းရေးကို အလုပ်ပုံစံဖြင့်ဆောင်ရွက်နေပါက ငြိမ်းချမ်းရေးရရှိလာမည်မဟုတ်ဘဲ ငြိမ်းချမ်းသည့် စိတ်သ ဘောထားများနှင့် လုပ်ဆောင်ခြင်းဖြင့် ရင်ဘတ်ချင်းတူညီလာကြပါက ငြိမ်းချမ်းရေး မဝေးတော့ကြောင်း စောဖိုးခွားက တိုက်တွန်းလိုက်သည်။

“ကျွန်တော်တို့တော့ စစ်ဆိုရင်မုန်းနေကြပါပြီ။ အမြန်ဆုံးငြိမ်းချမ်းချင်ပါပြီ။ စစ်ဒဏ်ကို ကချင်ပြည်သူတွေ ခံစား နေရတာကြာပါပြီ။ KIA နဲ့ အစိုးရတပ်တွေကိုပြောချင်ပါတယ်။ စစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ပေးပါလို့ ပြောချင် ပါတယ်။”ဟု ကချင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူတစ်ဦးဖြစ်သူ မအက်စတာက ပြောသည်။

လက်ရှိတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သော အစီအစဉ်များအတွက် ရှမ်းပြည်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို သွားရောက်ရန် သတ်မှတ်ထားပြီး၊ ရှမ်းပြည်မြောက်ပိုင်းသို့ သွားရောက် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာများသို့ သွားရောက်ရာတွင် နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူတို့အဖွဲ့ကလည်း လူနာတင် ကားဖြင့် လိုက်လံကူညီပေးခဲ့ကြောင်းသိရသည်

 

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …