Wednesday , January 11 2017
Home / FNews / မစ္စရန်ဟီးလီ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ အကျဉ်းဦးစီးဌာန ကုန်ထုတ်စခန်းနှင့် ဝတ်ကြီးကုန်ထုတ်စခန်း များသို့ သွားရောက်လေ့လာ
photo for news no 19

မစ္စရန်ဟီးလီ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ အကျဉ်းဦးစီးဌာန ကုန်ထုတ်စခန်းနှင့် ဝတ်ကြီးကုန်ထုတ်စခန်း များသို့ သွားရောက်လေ့လာ

အောင်မြင့်ထွန်း (မြစ်မခ)

သထုံ၊ ဇန်နဝါရီ (၁၁) ရက်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ အကျဉ်းဦးစီးဌာနကုန်ထုတ်စခန်းနှင့် ဖလပ်ကျေးရွာရှိ ဝတ်ကြီး ကုန် ထုတ်စခန်းများသို့  ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်း သူ မစ္စရန်ဟီးလီမှ ဇန်နဝါရီ ၁၁ ရက်တွင် ပထမဆုံးအကြိမ်လာရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။

မစ္စရန်ဟီးလီသည် မွန်ပြည်နယ်သို့ ပထမဆုံးအကြိမ်ရောက်ရှိလာခြင်းဖြစ်ပြီး ဇင်းကျိုက်ကုန်ထုတ်စခန်းရှိ တာ ဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်စခန်းအခြေအနေနှင့် အကျဉ်းသားများ၏အခြေအနေများကို တွေ့ဆုံမေး မြန်း ခဲ့ကြောင်း သိရသည်။

၎င်းသည် ကုန်ထုတ်စခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံပြီးနောက် အကျဥ်းသားများနှင့်တွေ့ဆုံကာ အခြေအနေ များမေးမြန်းခဲ့ပြီး အကျဉ်းသားအိပ်ဆောင်များအား ဆက်လက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မစ္စရန်ဟီးလီ လာရောက်မှုအခြေအနေများနှင့်ပတ်သက်၍ သတင်းမီဒီယာများကို တစ်စုံတရာထုတ်ဖော်ပြော ကြားခဲ့ခြင်း၊ အကျဉ်းစခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံနေစဉ်တွင်လည်း ဝင်ရောက်သတင်းယူခွင့်မပြုခဲ့သည့်အ ပြင် အကျဉ်းစခန်းမှတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံမေးမြန်းခွင့်မရရှိခဲ့ပေ။

မစ္စစ်ရန်ဟီးလီသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လင်းမာလာလွင်၊ ကုလသမဂ္ဂပြန် ကြားရေးတာဝန်ခံ ဦးအေးဝင်း၊ UN Local Security Assistance မှ ဦးဟန်စိုးအောင်၊ အထွေထွေအုပ်ချုပ်မှု ဦး စီးဌာနရုံးချုပ်၊ နိုင်ငံတကာဌာနမှ ဦးရဲမင်းမြတ်၊ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စုစုရှိန်၊ ဇင်းကျိုက်အကျဉ်းဦးစီးဌာန တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင် လွင်ဦး၊ ကုန်ထုတ်လုပ်ငန်းဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးခင်၊ ပြည်နယ်အကျဉ်းဦးစီးဌာနမှ ဦးကျော်နိုင်တို့နှင့်အ တူ ရောက်ရှိလာခြင်းဖြစ်သည်။

မစ္စရန်ဟီးလီ၏မြန်မာနိုင်ငံခရီးစဉ်သည် (၅)ကြိမ်မြောက်ဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် ဆက် လက်ရှိနေဦးမည်ဖြစ်ကာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကိုလေ့လာစုံစမ်းရန် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Check Also

photo for news no 4

အမ်းမြို့နယ်မှ ကြားဖြတ်ရွေးကောက်ပွဲဝင်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီအနေဖြင့် အနိုင်ရလိုကြောင်း ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ပြောကြား

အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ ဇန်န၀ါရီ(၁၁)ရက်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် လစ်လပ်နေသည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာ အတွက် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်အနေဖြင့် …