Tuesday , August 7 2018
Home / Uncategorized

Uncategorized

တိုင်းဧရာ ဝန်ကြီးချုပ် မန်းဂျော်နီနှင့် စိုက်ပျိုးရေး မွေးမြုရေး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်းတို့ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြု

  မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ ဇန်နဝါရီ ၁၀ ရက်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီနှင့် စိုက်ပျိုးရေး မွေးမြုရေး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်းတို့ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ဇန်နဝါရီ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာချက်အရ သိရှိရသည်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့် အမှတ်၊ ၁/၂၀၁၈ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) …

Read More »

မန္တလေးမှယာဉ်လိုင်းများ သင်္ကြန်ကာလအတွက် ထိုင်ခုံ(၅)ခုစီဖယ်ထား

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ မတ် (၃၁) ရက်။ သင်္ကြန်ပွဲတော်ပိတ်ရက်အတွင်း အရေးတကြီး မဖြစ်မနေသွားရမည့်ခရီးသည်များ လိုရာခရီးသို့သွားလာနိုင်စေ ရန် ယာဉ်လိုင်းတစ်ခုလျှင် ထိုင်ခုံ(၅)ခုစီကြိုတင်ဖယ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ(ယကက-အဝေးပြေး)မှဥက္ကဌ ဦးအောင်ကျော်လင်းထံမှ သိရှိရသည်။ “ယာဉ်လိုင်းတချို့ သင်္ကြန်မှာနားကြတယ်။ ဘယ်အသင်း နားမလဲဆိုတာနဲ့ ကားလက်မှတ် ပုံမှန်ထက်ပိုမယူဖို့ အသိပေးထားပြီး မဖြစ်မနေခရီးသွားရမယ့်သူတွေအတွက် ထိုင်ခုံတွေချန်ထားခိုင်းတယ်။ ဒါကလည်း အာဏာနဲ့ မဟုတ်ဘူး။ မေတ္တာရပ်ခံတာဖြစ်လို့ အသင်းတွေကလိုက်နာကြပါတယ်။”ဟု ဦးအောင်ကျော်လင်းကပြောသည်။

Read More »

မြန်မာနိုင်ငံတွင် ချင်းပြည်နယ်မှအမျိုးသမီးများမှာ ကလေးအမွေးဖွားဆုံးဖြစ်နေ

အေမီအောင်(မြစ်မခ) ချင်းပြည်နယ်တွင် အမျိုးသမီးတစ်ဦးလျှင် ကလေး(၄.၆)ယောက်နှုန်းဖြင့် တိုင်းနှင့် ပြည်နယ်များအနက် မွေးဖွား မှုနှုန်း အများဆုံးဖြစ်နေကြောင်း မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ် တမ်း(၂၀၁၅-၁၆)အရ သိရှိရသည်။ မြန်မာနိုင်ငံရှိအမျိုးသမီးများတွင် မွေးဖွားနှုန်းမှာ ပျမ်းမျှအားဖြင့် ကလေး(၂.၃)ယောက်ရှိသည့်အနက် ချင်းပြည် နယ်တွင် အများဆုံးဖြစ်ပြီး မကွေးနှင့် ရန်ကုန်တိုင်းတို့တွင် ကလေး(၁.၈)ယောက်စီဖြင့် မွေးဖွားနှုန်းအနည်းဆုံး ဖြစ်ကြောင်း မတ် ၂၄ ရက်တွင် နေပြည်တော်ရှိ ဇမ္ဗူသီရိဟိုတယ်၌ပြုလုပ်သည့် အဆိုပါစစ်တမ်းထုတ်ပြန်ပွဲမှ သိ ရသည်၊၊

Read More »

အယ်နီညိုကြောင့် အစာရေစာရှားပါးခြင်းများကြုံတွေ့လာပါက လူကယ်ပြန်မှ လူတစ်သိန်းအတွက် သုံးရက်စာ စီစဉ်ထား

မင်းအောင်မြင်(မြစ်မခ) အယ်လ်နီညိုရာသီဥတုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အစာရေစာရှားပါးလာပါက ထောက်ပံ့ပေးနိုင်ရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူတစ်သိန်းအား သုံးရက်စာ ထောက်ပံ့နိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။ ဝန်ကြီးဌာနအနေဖြင့် တစ်ဦးလျှင် တစ်ရက်ဆန်(၂)ဗူးနှုန်း၊ ခေါက်ဆွဲ ခြောက်နှစ်ထုပ်၊ ကြက်ဥ နှစ်လုံး၊ ရေတလီတာပေးရန် လူတစ်သိန်းစာအတွက်  ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်တောင်းခံ ထားကြောင်း သိရသည်။

Read More »

ကျောက်မီးသွေးများကို အဖုံးအကာမဲ့သယ်ယူခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်လာနိုင်

  ကိုမင်း(မြစ်မခ) တာချီလိတ်၊ ဒီဇင်ဘာ(၁၆)ရက်။ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန်မြို့အနီးရှိ ကျောက်မီးသွေးစက်ရုံများသို့ ကျောက်မီးသွေးများကို အဖုံးအကာမဲ့ ကားများဖြင့် သယ်ယူနေကြခြင်းမှာ သဘာဝပတ်ဝန်းကျင်အား ထိခိုက်လာနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များက သုံးသပ်ပြောဆိုလိုက်သည်။ “ကျောက်မီးသွေးကို အဖုံးအကာမဲ့သယ်ရင်တော့ ဒေသခံတွေအတွက် အန္တရာယ်ရှိတယ်။ ကျောက် မီးသွေးက အချင်းချင်းပွတ်တိုက်မှုဖြစ်ရင် မီးတောက်တယ်။ နောက်ပြီး လမ်းမှာကျရင် ကျောက်မီး သွေးက အရည်ပျော်ပြီး မြေကြီးထဲစိမ့်ဝင်သွားရင် သဘာဝပတ်ဝန်းကျင်ကို အများကြီးထိခိုက်နိုင်တယ်။ အခု အစိုးရလက်ထက်မှာတော့ ကျောက်မီးသွေးသယ်ယူမှုနဲ့ ပတ်သက်ပြီး မူဝါဒတွေရေးဆွဲ ထားတာ မရှိဘူး။ လာမယ့်အစိုးရလက်ထက်မှာ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။”ဟု သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဒေါက်တာ ဒေါ်စိန်စိန်သိန်းက ပြောသည်။

Read More »