Wednesday , September 27 2017
Home / ငြိမ်းချမ်းရေး (page 6)

ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးရရန် စောင့်ချိန်အတွင်း မည်မျှ ထိခိုက်နိုင်သည်ကို စဉ်းစားရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ သြဂုတ် (၂၄)ရက်။ မြန်မာနိုင်ငံတွင် ယခုအချိန် ငြိမ်းချမ်းရေးမရပါက ငြိမ်းချမ်းရေးရရန် စောင့်ချိန်အတွင်း မည်မျှ ထိခိုက်နိုင် သည်ကို စဉ်းစားရန် လိုအပ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် သြဂုတ်လ(၂၄)ရက် နံနက် ၁၀ နာရီခန့်က  ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

Read More »

ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ NCA တွင် လက်မှတ်ရေးထိုးရခြင်းနှင့် ၂၁ ရာစု ပင်လုံညီလာခံ တတ်ရောက် ဆွေးနွေးမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ပန်လှအောင်(မြစ်မခ) မင်းပြား၊ သြဂုတ် (၂၃)ရက်။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးရခြင်းနှင့် ၂၁ ရာစု ပင်လုံညီလာခံတွင် တတ်ရောက် ဆွေးနွေးမည့် ကိစ္စရပ်များနှင့်ပတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်အား သြဂုတ်လ ၂၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ “အဓိက အချက်က ပြည်သူတွေကို ကျွန်တော်တို့ ဘာလုပ်နေတယ်ဆိုတာကို ပြည်သူတွေကို လာရောက် အသိပေးရခြင်းဖြစ်ပါတယ်။ လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ ရခိုင်ပြည်သူတွေအတွက် ဘာတွေ ဆွေးနွေး တင်ပြမယ်ဆိုတာကို အသိပေးတာပါ။” ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ခိုင်မာယုက ပြောသည်။

Read More »

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဖွင့်ပွဲတွင် စုစုပေါင်း လူဦးရေ ၁၅၀၀ ခန့်တက်ရောက်နိုင်ရန် မျှော်မှန်း

ထွယ်ဆန် (မြစ်မခ) ရန်ကုန်၊ သြဂုတ်(၂၃)ရက်။ ပြည်ထောင်စုငြိမ်းးချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဖွင့်ပွဲတွင် ကုလသမဂ္ဂနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ အပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀၀ ခန့်တက်ရောက်နိုင်ရန် မျှော်မှန်းထားကြောင်း ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေး ကျင်းပရေးပူးတွဲကော်မတီ အဖွဲ့ဝင် ဆလိုင်းလျန်မုန်းဆာခေါင်းက ပြောဆိုလိုက်သည်။ ”ရန်ကုန်မှာ ရုံးစိုက်တဲ့ သံရုံး အဖွဲ့တွေ၊ ငြိမ်းချမ်းရေးအတွက် ကူညီပေးတဲ့ NGO တွေ၊ နောက် လေ့လာသူ တွေဖြစ်တဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ၊ လူငယ်တွေကိုလည်း ပါဝင် တက်ရောက်ဖို့ ဖိတ်မှာပါ။ အဖွဲ့အစည်း ခေါင်းဆောင် အသီးသီးကိုလည်း တက်ရောက်ဖို့ သီးခြားဖိတ်သွားမှာ ဖြစ်ပါတယ်။” ဟု ဆလိုင်းလျန်မုန်းဆာခေါင်းက ပြောသည်။

Read More »

ပြည်မြို့ ဒေသခံများ ၂၁ ရာစု ပင်လုံညီလာခံအား ထောက်ခံကြိုဆို

သီဟလွင် (မြစ်မခ) ပြည်၊ သြဂုတ် (၁၈) ရက်။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့တွင် ၂၁ ရာစု ပင်လုံညီလာခံထောက်ခံပွဲအား ပြည်ဒေသခံအချို့က သြဂုတ် ၁၈ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါထောက်ခံပွဲအား ပြည်ခရိုင်အတွင်းရှိ လူမှုအသင်းအဖွဲ့များ၊ နိုင်ငံရေးအသင်းအဖွဲ့များက ပြုလုပ်ခဲ့ပြီး ပြည် မြို့ရှိ လူစည်ကားရာနေရာများတွင် ညီလာခံအားထောက်ခံကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ ကြခြင်းဖြစ်သည်။ 

Read More »

ရေရှည်တွင် ငြိမ်းချမ်းရေးမရှိဘဲ စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မင်းအောင်မြင် (မြစ်မခ) နေပြည်တော်၊ သြဂုတ် (၁၅) ရက်။ ရေရှည်တွင် ငြိမ်းချမ်းရေးမရှိဘဲ မည်သည့်စီးပွားရေးတိုးတက်မှုကိုမျှ ထိန်းသိမ်းထားနိုင်မည်မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၁၅ ရက် နေပြည်တော်ရှိ သင်္ဂဟဟို တယ်၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးပွဲတွင် ပြောကြားလိုက်သည်။  

Read More »