Wednesday , September 27 2017
Home / ငြိမ်းချမ်းရေး (page 5)

ငြိမ်းချမ်းရေး

အပစ်ရပ်လက်မှတ်ထိုးရာတွင် ကျန်နေသည့်အဖွဲ့များ ပါဝင်လာရန် အလေးထားဆောင်ရွက်နေဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ သြဂုတ် (၃၁) ရက်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအပြီး နိုင်ငံရေးဆွေးနွေးပွဲများလုပ်ဆောင်ရာတွင် တစ်နိုင် ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို အခြေခံ၍ ဆောင်ရွက်သွားမည် ဖြစ် သောကြောင့် အပစ်ရပ်လက်မှတ်ထိုးရန်ကျန်ရှိနေသူများ ပါဝင်လာစေရန် အလေးထားဆောင်ရွက်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားလိုက်သည်။

Read More »

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကျား၊ မတန်းတူညီမျှရှုထောင့်မှ လေ့လာသုံးသပ်နိုင်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်း ပေးရေး တောင်းဆိုမည်

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ သြဂုတ် (၃၁)ရက်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကျား၊ မ တန်းတူညီမျှရေးရှုထောင့်မှ လေ့လာသုံးသပ်နိုင်ရန် ကျား၊ မရေးရာလေ့လာ သုံးသပ်မှုကော်မတီတစ်ရပ် ဖွဲ့စည်းပေးရေးအတွက် အစိုးရထံတောင်းဆိုသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး အတွက် ကျား၊ မတန်း တူရေးမဟာမိတ်အဖွဲ့(AGIPP)ထံမှ သိရှိရသည်။ “အဓိကတော့ အမျိုးသမီးတွေငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုမိုပါဝင်လာဖို့စောင့်ကြည့်တဲ့သဘောပါ။ ကော်မတီဖွဲ့ဖို့ ၂၀၁၆ နှစ်မကုန်မီရရှိဖို့ တောင်းဆိုသွားမယ်။ ကော်မတီမှာပါဝင်ဖို့ အမျိုးသမီးအဖွဲ့တွေနဲ့လည်း ချိတ်ဆက်သွားပါ မယ်။”ဟု AGIPP မှ ဗဟိုကော်မတီဝင် ဒေါ်ခင်လေးက ပြောသည်။

Read More »

၂၁ ရာစု ပင်လုံညီလာခံကြီးတွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် မျှော်လင့်

အေမီအောင်(မြစ်မခ) ရန်ကုန်၊ သြဂုတ် ၃၀ ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့ နှစ်ဖက်တပ်ဖွဲ့များအခြေစိုက်နေသည့်ဒေသများရှိ ပြည် သူများ အကြောက်တရားကင်းစွာနေထိုင်နိုင်ရန် ၂၁ ရာစုပင်လုံညီလာခံကြီးသည် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိအောင် ဆွေးနွေးနိုင်ရန်မျှော်လင့်ကြောင်း ပြည်သူများနှင့် နိုင်ငံရေးအင်အားစုများထံမှ သိရှိရသည်။ တိုက်ပွဲများဖြစ်ပွားသည့်ဒေသများနှင့် တိုက်ပွဲများမဖြစ်ပေါ်တော့သော်လည်း နှစ်ဖက်တပ်ဖွဲ့များအခြေစိုက်နေ သည့်ဒေသများရှိပြည်သူလူထုမှာ မလိုလားအပ်သော ခေါ်ယူစစ်မေးခြင်းများ၊ ဆတ်ကြေးကောက်ခံခြင်းများ၊ မြေမြုပ်မိုင်းများကြောင့် ထိခိုက်ခံစားမှုများကင်းဝေးစေရန် အပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ထိရောက်စွာ ဆွေးနွေးမှုများရရှိရန်မျှော်လင့်နေကြောင်း ပြည်သူများကပြောသည်။

Read More »

ပုသိမ်မြို့တွင် ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲ လူအင်အား(၁၀၀၀)ကျော်ဖြင့် လမ်းလျှောက်ပွဲ ပြုလုပ်

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊သြဂုတ်(၃၀)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လူအင်အား(၁၀၀၀)ကျော်ဖြင့် ၂၁ ရာစုပင်လုံညီလာခံကြိုဆိုဂုဏ်ပြု ထောက်ခံ လမ်းလျှောက်ပွဲကို သြဂုတ်လ(၃၀)ရက်၊ နံနက်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ကြိုဆိုဂုဏ်ပြုထောက်ခံပွဲကို ပုသိမ်မြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊အခြေခံပညာ ကျောင်းသား လူငယ်များနှင့် ဒေသခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »

၂၁ ရာစုပင်လုံညီလာခံတွင် အမျိုးသမီးများ နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်ခွင့်ရရန် စာတမ်း တင်သွင်းမည်

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ သြဂုတ် (၂၉) ရက်။ အစိုးရသစ်လက်ထက်တွင်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ၌ အမျိုးသမီးများ နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ် များတွင် ပါဝင်ခွင့်ရရန် စာတမ်းတစ်စောင်ကို ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအတွက် ကျား၊ မတန်းတူရေး မဟာမိတ်အဖွဲ့(AGIPP)ထံမှ သိရှိရသည်။ “အမျိုးသမီးတွေ ပိုမိုပါဝင်ခွင့်ရဖို့ရည်ရွယ်ပါတယ်။ ကျွန်မတို့ကနေ ညီလာခံကို လေ့လာသူ (၁၀)ဦးတက်မယ်။ ပြီးရင် စာတမ်းကိုဖြန့်ဝေသွားပါမယ်။”ဟု AGIPP မှ ဗဟိုကော်မတီဝင် မိကွန်ချမ်းနွန်က ပြောသည်။

Read More »