Tuesday , May 30 2017
Home / ငြိမ်းချမ်းရေး (page 4)

ငြိမ်းချမ်းရေး

မန္တလေးမြို့တွင် နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အကြိုလှုံ့ဆော်ပွဲပြုလုပ်

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ စက်တင်ဘာ(၂၀) ရက်။ မန္တလေးမြို့တွင် နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အကြိုလှုံ့ဆော်ပွဲအဖြစ် လက်ကမ်းစာစောင်များနှင့် စတေကာများ ဝေငှသည့် ကမ်ပိန်းလှုပ်ရှားမှုကို စက်တင်ဘာ(၂၀)ရက်၊ နံနက်(၉း၀၀)နာရီတွင် ချမ်းအေးသာစံမြို့နယ်၊ (၃၅)လမ်း၊ ရွှေပြည်မိုးကဖေးမှ စတင်လှည့်လည်လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အကြို လှုံ့ဆော်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်များထံမှ သိရှိရသည်။

Read More »

NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များအနေဖြင့် အရပ်သားများကို အဓမ္မလူသစ်စုဆောင်းခြင်းများ မဖြစ်အာင် ထိန်းပေးရန်လိုအပ်

ဇော်မင်း (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ(၁၄)ရက်။ အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးလတ်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အရပ်သားများအပေါ် အဓမ္မလူသစ်စုဆောင်းခြင်းများ မဖြစ်ပေါ်အောင် ထိန်းပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားလိုက်သည်။

Read More »

၂၁ ရာစုပင်လုံညီလာခံကြီးတွင် ရခိုင်တိုင်းရင်းသားတို့၏ သဘောထားများကို ပွင့်လင်းမြင်သာစွာ တင်ပြခွင့်ရခဲ့ ဟုဆို

ဇော်မင်း(မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ (၉) ရက်။ နေပြည်တော်တွင်ကျင်းပခဲ့သော ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံကြီးတွင် ရခိုင်တိုင်းရင်းသား အဖွဲ့အစည်း များအနေဖြင့် မိမိတို့၏သဘောထားများကို ပွင့်လင်းမြင်သာစွာတင်ပြခွင့်ရခဲ့ကြကြောင်း ရခိုင်အမျိုးသားပါတီ၏ ဗဟို အလုပ်မှုဆောင်ကော်မတီဝင်၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောဆိုလိုက်သည်။

Read More »

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရမည်

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ (၂) ရက်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နာယက ခွန်ဥက္ကာကပြောဆိုလိုက်သည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်တော်တို့EAO(တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့)က အခုချိန်ထိ လုံးဝလက်မခံ ပါဘူး။ အခုNCA လက်မှတ်ထိုးတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံတာမဟုတ်ဘူး။ အပစ်အခတ်ရပ် စဲရေးဖြစ်ဖို့ထိုးတာ။ နိုင်ငံရေးဆွေးနွေးပွဲဆက်လုပ်မယ်၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်။ ပြီးရင် ဖွဲ့ စည်းပုံကို ပြင်သွားမယ်။”ဟု ခွန်ဥက္ကာကပြောသည်။

Read More »

၂၁ ရာစု ပင်လုံညီလာခံတွင် အမျိုးသမီးများပါဝင်မှုအခြေအနေနှင့်ပတ်သက်သည့် ကျား၊ မရေးရာ အစီရင်ခံ စာတစ်စောင် ထုတ်ပြန်မည်

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ (၁) ရက်။ နေပြည်တော်တွင် ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေး တွင် အမျိုးသမီးများပါဝင်မှုအခြေအနေ ကျား၊ မရေးရာကိစ္စများနှင့်ပတ်သက်၍ လေ့လာသုံးသပ်မှုများပြုလုပ်ပြီး အစီအရင်ခံစာတစ်စောင်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကျား၊ မ တန်းတူရေးရာ မဟာမိတ်အဖွဲ့(AGIPP)မှ သိရှိရသည်။ AGIPP အနေဖြင့် ၂၁ ရာစုပင်လုံညီလာခံတွင် အဖွဲ့အစည်းများမှပါဝင်သည့် အမျိုးသမီးဦးရေ အချက်အလက် များ စုဆောင်းနေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကျား၊ မရေးရာပါဝင်ခွင့် အခြေအနေများကို လေ့လာသုံးသပ် မည်ဖြစ်ကြောင်း သိရသည်။  

Read More »