Saturday , May 27 2017
Home / ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေး

အဆိုတော် စောဖိုးခွားမှ ကရင်ပြည်နယ်အတွင်းရှိ ကလေးများကို ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကြောင်းရာများကို ပြောပြပေးမည်

ဇော်မင်း (မြစ်မခ) ရန်ကုန်၊ ဧပြီ (၂၈) ရက်။ ကရင်ပြည်နယ်အတွင်း မြို့နယ်အချို့ရှိ ကလေးများအား အဆိုတော် စောဖိုးခွားမှ မေလလယ်က စတင်၍  ငြိမ်းချမ်းရေးနှင့် ပတ်သက်အကြောင်းအရာများကို သွားရောက်ပြောပြပေးမည့် အစီအစဉ်များကို ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြဝတီမြို့၊ မဲဆောက်မြို့နှင့် အခြားကရင်ပြည်နယ်ရှိ မြို့နယ်များသို့ အဆိုတော် စောဖိုးခွားနှင့် One Love Band သည် ဇွန်လကုန်အထိသွားရောက်မည်ဖြစ်ကာ ကလေးများအတွက် ငြိမ်းချမ်း ရေး အကြောင်းစပ်ဆိုထားသည့် သီချင်းဆိုပြခြင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ပုံပြင်များ ပြောပြခြင်းနှင့် ကလေးများအတွက် စိတ်ဝင်စားစရာ အစီအစဉ်များကို ပြုလုပ်သွားမည်ဖြစ်သည်။

Read More »

ငြိမ်းချမ်းရေးစကားများ ပြောဆိုရာတွင် မှန်ကန်သည့် စကားများ ပြောရန်လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဧပြီ (၂၄)ရက်။ ငြိမ်းချမ်းရေးစကားများ ပြောဆိုရာတွင် မှန်ကန်သည့် စကားများနှင့် အကျိုးရှိသည့် စကားများ ပြောရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

Read More »

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ်ရပ်စဲရေး မကွေးဆေးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသား(၅၀)ဦးခန့် ဆန္ဒထုတ်ဖော်

မျိုးမင်းစိုး(မြစ်မခ)   ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ်ရပ်စဲရေး ခေါင်းစဉ်များဖြင့် မကွေးဆေးတက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား (၅၀)ဦးခန့် မတ်လ (၁၁) ရက်တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ခြင်းကို မကွေးမြို့အေးစေတီကန်ဘောင်မှ ပြည်တော်သာတစ်လျှောက်မှ အေးစေတီ ကန်ဘောင်သို့ ပြန်ရောက်သည်အထိ လှည့်လည်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

Read More »

ဖက်ဒရယ်စနစ်မဖော်ဆောင်ရသေးသည့်ကာလတွင် တိုင်းရင်းသားဒေသများ၌ ရေကာတာကြီးများဆောက်လုပ်မှုခေတ္တရပ်ဆိုင်းထားရန် တောင်းဆို

မောင်မောင်ငြိမ်း(မြစ်မခ) မြန်မာနိုင်ငံ၏ ပဋိပက္ခဖြေရှင်းနိုင်သည့် ဖက်ဒရယ်စနစ်မဖော်ဆောင်ရသေးသည့်ကာလတွင် တိုင်းရင်းသား ဒေသများ၌ ရေကာတာကြီးများဆောက်လုပ်မှုအစီအစဉ်မှန်သမျှ ခေတ္တရပ်ဆိုင်းထားရန် မြန်မာနိုင်ငံမြစ် ချောင်းများဆိုင်ရာ ကွန်ယက်၊ သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်နှင့် မြန်မာနိုင်ငံပတ်ဝန်းကျင် ဆိုင်ရာအဖွဲ့တို့မှ ကြေငြာချက်ထုတ်ပြန်တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

Read More »

ငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ်စဲခြင်း မတူညီဟု ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီဥက္ကဌဦးထွန်းထွန်းဟိန်က ပြောဆို

ဝဏ္ဏထွန်း(မြစ်မခ) ငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ်စဲခြင်းမတူညီကြောင်းနှင့်အပစ်ခတ်ရပ်စဲရုံဖြင့် ငြိမ်းချမ်းရေးမရနိုင်ကြောင်းနှင့်  တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရချင်လျှင် တစ်နိုင်ငံလုံးမှ ပြည်သူများ ပါဝင်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်၊ ဥပဒေ ကြမ်းကော်မတီဥက္ကဌ၊ နောင်ချိုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်က ပြောဆိုလိုက်သည်။

Read More »