Friday , June 2 2017
Home / သတင်း / အမျိုးသမီးများဆိုင်ရာ (page 3)

အမျိုးသမီးများဆိုင်ရာ

ငြိမ်းချမ်းရေး၌ပိုမိုပါဝင်နိုင်စေရေး အမျိုးသမီးအဖွဲ့ ၃၀၀ ကျော် အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အမျိုးသမီးများ၏ စွမ်းအားဖြင့် ပြည်ထောင်စုငြိမ်ချမ်းရေးကို ဖော်ဆောင်သွား ရန်အတွက် အမျိုးသမီးအဖွဲ့ပေါင်း ၃၀၀ ကျော် ပါဝင်သည့် အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်ကို (၃)ရက်တာ ကျင်းပလျက်ရှိကြောင်း သိရသည်။ အမျိုးသမီးနှင့် ငြိမ်းချမ်းရေးဖိုရမ် ပထမအကြိမ်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရှိရသည်။

Read More »

ရှက်စိတ်နှင့် မြိုသိပ်ခြင်းက ရာဇ၀တ်မှုကျူးလွန်သူများကို ပိုမိုအတင့်ရဲစေကြောင်းသိရ

  ရခိုင်အမျိုးသမီးအစည်းအရုံး(RWU) ၏ ဦးဆောင်မှုဖြင့်ရခိုင်ပြည်နယ်အတွင်းရှိ အမျိုးသမီးထု၏ အသိဥာဏ် မြင့်တက်စေရန်နှင့် နိုင်ငံရေး၊လူမှုရေးကိစ္စများ၌ ပါဝင်ဆောင်ရွက်နိုင်စေရန် အသိပညာပေးသင်တန်းများ မြို့နယ်အလိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအရုံးမှ သိရှိရသည်။ “ကျွန်မတို့ရခိုင်ပြည်နယ်မှာရှိတဲ့ အမျိုးသမီးထုရဲ့အသိဥာဏ်ကိုမြင့်တင်စေနိုင်ဖို့၊ နိုင်ငံရေး၊လူမူရေးကိစ္စတွေမှာ အမျိုးသမီးတွေပိုမိုပါဝင်လာစေဖို့အတွက် လမ်းဖွင့်ပေးတဲ့အနေနဲ့ဒီလိုသင်တန်းတွေကို ရခိုင်အမျိုးသမီးအစည်းအရုံးကရခိုင်ပြည်နယ် ၁၇ မြို့နယ်က ကျေးလက်ဒေသတွေအထိ ဆင်းပြီး ဒေသခံအမျိုးသမီးတွေ အတွက် အကျိုးရှိစေမယ့် သင်တန်းတွေကို ပြုလုပ်ပေးနေရခြင်းဖြစ်ပါတယ်”ဟု ရခိုင်အမျိုးသမီး အစည်းအရုံးအတွင်းရေးမှူး စောသိရီရည်မွန်က ပြောသည်။

Read More »

အမျိုးသမီးအခွင့်အရေး အပြည့်အ၀မရရှိပါက ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်

မြန်မာအမျိုးသမီးများ၏ အခွင့်အရေးအပြည့်အ၀ မရရှိပါက စစ်မှန်သောဒီမိုကရေစီမရရှိနိင်ကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူများက ဆိုသည်။ “မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ၊ အခွင့်အရေးတွေ အပြည့်အ၀မရရှိသေးဘဲနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီိကို မရနိင်ဘူး။ ဥပဒေတွေမှာ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေ အများကြီးရရှိလာနိင်တယ်။ နိုင်ငံရေးခေါင်းဆောင်မှုတွေ လူမှုရေးခေါင်းဆောင်မှုတွေ လုပ်လာနိင်မယ်”ဟု ဖန်တီးအိမ်အမျိုးသမီးခေါင်းဆောင်မှု တိုးတက်ရေးအသင်း၏ ဥက္ကဌ ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။

Read More »

ပြင်ပစိန်ခေါ်မှုများစွာရှိနေသေးသည့် အမျိုးသမီးဦးဆောင်မှုအခန်းကဏ္ဍ

မြန်မာနိုင်ငံတွင်းရှိ အမျိုးသမီးထုအနေဖြင့် ဦးဆောင်သူနေရာထိ တက်ရောက်နိုင်ရေးတွင် ပြင်ပစိန်ခေါ်မှုများ အများအပြားရှိနေဆဲဖြစ်ကြောင်းမြန်မာ အမျိုးသမီးဆိုင်ရာအခွင့်အရေးများနှင့်ပတ်သက်ပြီးတက်ကြွလှုပ်ရှားသူတို့ကဆိုသည်။ အမျိုးသမီးများအနေဖြင့် ကြုံနေရသောစိန်ခေါ်မှုများ၌ ပညာရေးဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်သည့် ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်စသော အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာတက္ကသိုလ်များ လျှောက်ထားရာတွင်လည်း အမျိုးသမီး များအတွက် အမှတ်များကိုအမျိုးသားများထက် တိုးမြှင့်ထားပြီး အမျိုးသားနှင့် အမျိုးသမီးများကို ခွဲခြားသတ်မှတ် ထားဆဲဖြစ်ကြောင်း၊နှင့် အမျိုးသမီးများကို မီဒီယာများတွင် ဖော်ပြရာတွင်လည်း လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု အဖြစ် အသားပေး ဖေါ်ပြလျက်ရှိကြောင်း အမျိုးသမီးတက်ကြွလှုပ်ရှားသူ၊ Mizzima မီဒီယာက အယ်ဒီတာ ဒေါ်သင်းသင်း အောင်က ပြောသည်။

Read More »