Wednesday , February 15 2017
Home / သတင်း / အမျိုးသမီးများဆိုင်ရာ

အမျိုးသမီးများဆိုင်ရာ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ပြည်တွင်းစစ်ရပ်တန့်ရေး စီတန်း လှည့်လည်ပွဲ မော်လမြိုင်တွင်ပြုလုပ်

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ နိုဝင်ဘာ ၂၅ ရက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ပြည်တွင်းစစ်ရပ်တန့်ရေးအတွက် စီတန်းလှည့်လည်ပွဲကို မွန်အမျိုးသမီးကွန်ရက်မှဦးဆောင်၍ နိုဝင်ဘာ ၂၅ ရက်၊ ညနေပိုင်းက လူအင်အား(၁၀၀)ကျော်ဖြင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read More »

မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမျိုးသမီးသုတေသနပညာရှင်များ မွေးထုတ်ပေးရန် လိုအပ်နေ

ပိုင်ထက်(မြစ်မခ) ရန်ကုန်၊ ဇွန် ၁၄ ရက်။ မြန်မာနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကြုံတွေ့နေရခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမျိုးသမီးသုတေသနပညာရှင်များ မွေးထုတ်ပေးရန်လိုအပ်နေကြောင်း Myanmar Institute of Gender Study မှ သိရှိရသည်။ “အခု သဘာဝပတ်ဝန်းကျင်ဒဏ်ကို တော်တော်ခံစားနေရတယ်။ နိုင်ငံတကာမှာဆိုရင် Environmental Science ဘာသာရပ်ကို သီးသန့်သင်တယ်။ ပြီးရင် Environmental Scientists တွေ မွေးထုတ်ပေးတယ်။ ကျွန် မတို့နိုင်ငံမှာလည်း လိုအပ်တယ်။ ပြီးတော့ ကျား၊ မရေးရာနဲ့ပြောရင် အမျိုးသမီးပညာရှင်တွေ ပိုလိုအပ်ပါတယ်။” ဟု Myanmar Institute of Gender Study မှ အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်မမမျိုးကပြောသည်။

Read More »

အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်ပိုမိုပါဝင်လာစေရေး တိုင်းရင်းသားပါတီများ အလေးပေးဆောင်ရွက်နေ

ဝင်းဇော်နိုင် (မြစ်မခ) လာမည့်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ၏ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို ၂၀၁၀ ရွေးကောက်ပွဲထက် ပိုမိုပါဝင်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း တိုင်းရင်းသားပါတီများထံမှ သိရှိ ရသည်။ ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း၏ အဖွဲ့ဝင်တိုင်းရင်းသားပါတီ ၂၀ ကျော်တွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ပိုမိုပါဝင်နိုင်ရေးအတွက် စိစစ်ရွေးချယ်နေကြ သော်လည်း နိုင်ငံရေးပါတီငယ်များအတွက်မူ အမျိုးသမီးကိုယ်စားလှယ်ရရှိရေးမှာ အခက်အခဲရှိနေကြောင်း သိရသည်။

Read More »

အမျိုးသမီးသီးသန့် နိုင်ငံရေးပါတီတည်ထောင်ခွင့် မရရှိသေးသော်လည်း မွန်အမျိုးသမီးထု၏ စိတ်ဝင်စားမှုမြင့်တက်

မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးသီးသန့် နိုင်ငံရေးပါတီမှာ တည်ထောင်ခွင့် မရရှိသေးသော်လည်း မွန်အမျိုးသမီးထု၏ စိတ်ပါဝင်စားမှုပိုမိုရရှိလာကြောင်း အမျိုးသမီးပါတီ ဦးဆောင်တည်ထောင်သူများထံမှ သိရှိရသည်။ အမျိုးသမီးပါတီကို အောက်တိုဘာ (၂၄)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ တည်ထောင်ခွင့်တင်ခဲ့ပြီဖြစ်သော်လည်း တစ်လကျော်ကြာသည့်အထိ ခွင့်ပြုချက်မရရှိသေးကြောင်း သိရသည်။

Read More »

ဝေါမြို့နယ် ရှမ်းကိုင်းကျေးရွာ၌ အမျိုးသမီးတစ်ဦး အနိုင်မဲအပြတ်ဖြင့် အုပ်ချုပ်ရေးမှူးဖြစ်လာ

 ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာတွင် လစ်လပ်လျက်ရှိသည့်  အုပ်ချုပ်ရေးမှူးနေရာ အတွက် မဲစနစ်ဖြင့် ရွေးချယ်ရာ အမျိုးသမီးတစ်ဦးမှ အနိုင်မဲအပြတ်အသတ်ရရှိကာ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် အရွေးချယ်ခံရကြောင်း သိရှိရသည်။ နိုဝင်ဘာလ (၅) ရက်နေ့ နေ့လည် (၁၂း၃၀)နာရီအချိန်ခန့်တွင် ရှမ်းကိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဝေါမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယ ဦးစီးမှူး ဦးသန်းဝင်းနှင့် အဖွဲ့လာရောက်၍ တရားမျှတမှု ရှိစေရေး နည်းဥပဒေများကို ရှင်းလင်းခဲ့ပြီး ကျေးရွာမှ ကြီးကြပ်ရေးမှူး(၅)ဦးတို့က ဦးစီး၍ ဆယ်အိမ်စုမှူးများမှ ထောက်ခံအဆိုတင်သွင်းသူ (၂)ဦးကို မဲစနစ်ဖြင့် ယှဉ်ပြိုင်ရွေးချယ်ရာတွင် ဒေါ်သိန်းသိန်းနွယ် (၃၅)မဲ၊ ဦးမင်းအောင် (၁၇)မဲ၊ ပယ်မဲ(၅)ဖြင့် ရွေးချယ်အတည်ပြုခဲ့ခြင်းဖြစ်သည်။

Read More »