Friday , September 22 2017
Home / သတင်း / Transportation (page 5)

Transportation

ခန္တီး-မုံရွာ တိုက်ရိုက်ရေယာဉ်ပြေးဆွဲမှု ခွင့်ပြုပေးရန် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင်တင်ပြမည်

မင်းခန့်(မြစ်မခ) မန္တလေး၊ စက်တင်ဘာ(၂၆)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စီးပွားရေးကုန်စည်စီးဆင်းမှု မြန်ဆန်လွယ်ကူစေရန် အောက်တိုဘာလအ တွင်းကျင်းပမည့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းမေးမြန်းသွားမည်ဖြစ် ကြောင်း ခန္တီးမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၂) ဦးသိန်းလှိုင်ဝင်းက ပြောဆိုလိုက်သည်။

Read More »

မုံရွာ-မန္တလေးသွားကားလမ်း မိုးချောင်း ချောင်းရေကြီးမှုကြောင့် ယာဉ်လမ်းကြောပိတ်ဆို့မှုဖြစ်ပေါ်

နန္ဒ (မြစ်မခ) မုံရွာ၊ စက်တင်ဘာ(၂၆)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ကင်းရွာအရှေ့ဘက် မုံရွာ-မန္တလေးသွားကားလမ်းအား ကန့်လန့်ဖြတ်၍ စီးနေသည့် မိုးချောင်းချောင်းရေကြီးမှုကြောင့် စက်တင်ဘာလ(၂၆)ရက်၊ နံနက်(၄)နာရီခန့်တွင် ယာဉ်ကြေပိတ် ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Read More »

ကျောက်တော်-ပလက်ဝကားလမ်း ပျက်စီးနေသဖြင့် ရေလမ်းခရီးမှ မော်တော်ဘုတ်ဖြင့်သာ သွားလာနေရ

ပန်လှအောင်(မြစ်မခ) ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်သို့ ဆက်သွယ်ရန် ဖောက်လုပ်ထားသော ကျောက်တော်-ပလက်ဝ ကားလမ်းမှာ မိုးရာသီတွင် သွားလာရခက်ခဲနေပြီး ဒေသခံများအနေဖြင့် ရေလမ်းအသုံးပြုကာ မော်တော်ဘုတ်ဖြင့်သာ သွားလာနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

Read More »

ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြားရှိ ဂုတ်တွင်းလမ်းပိုင်းပြုပြင်ချိန် လမ်းခတ္တပိတ်မည်

နောင် (မြစ်မခ) လားရှိုး၊ စက်တင်ဘာ (၁) ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြားရှိ ဂုတ်တွင်းလမ်းပိုင်းကို ပျက်စီးနေသည့်နေရာ များအား လိုက်လံပြုပြုနေခြင်းကြောင့် လမ်းပြင်ချိန်အတွင်း လမ်းခတ္တပိတ်မည်ဖြစ်ကြောင်း တာဝန်ယူ ပြင်ဆင်နေသည့် Oriental Highway Company မှ သိရှိရသည်။ အဆိုပါဂုတ်တွင်းလမ်းအား Oriental Highway Company မှ ဇွန်လပိုင်းမှ စတင်ကာ ပြုပြင်ထားသော်လည်း တွဲကားကြီးများ ကုန်တင်ကားကြီးများ နေ့စဉ်သွားလာမှုများကြောင့် ပျက်စီးသွားသည့် လမ်းပိုင်းများအား ပြန်လည် ပြုပြင်နေရခြင်းဖြစ်သည်။

Read More »

မန္တလေး-လားရှိုး ရထားလမ်းပိုင်းမှ ကျိုးကျသွားသည့် တံတားအား ပြန်လည်ပြင်ဆင်နေ

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ သြဂုတ် (၁၉) ရက်။ မန္တလေး-လားရှိုး ရထားလမ်းပိုင်း၊ သိုးခြံဘူတာနှင့် ထုံးဘိုဘူတာကြားတွင် ရေတိုက်စားမှုကြောင့် ကျိုးကျပျက် စီးခဲ့သည့် အရှည်ပေ(၅၀)ရှိ တံတားကို ပြန်လည်ပြင်ဆင်နေမှုမှာ သြဂုတ် ၂၆ ရက်တွင် ပြီးစီးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်း (မန္တလေးတိုင်း)ရုံးမှ သိရှိရသည်။ “မီးရထားအင်ဂျင်နီယာဌာနက ဖြစ်ဖြစ်ချင်းပြင်ဆင်နေပါတယ်။ တစ်ပါတ်လောက်တော့ ကြာမယ်။ ဒါပေမယ့် ခရီးစဉ်ကတော့ နေ့စဉ်မပျက် ပြေးဆွဲပေးမှာပါ။”ဟု မြန်မာ့မီးရထားလုပ်ငန်း (မန္တလေးတိုင်း)မှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးတင့်ဝေက ပြောသည်။  

Read More »