Friday , September 22 2017
Home / သတင်း / Transportation (page 3)

Transportation

ရှမ်းမြောက် နောင်ချိုနှင့် ကျောက်မဲမြို့ကြားရှိ ဂုတ်တွင်းလမ်းပိုင်းပြုပြင်မှု နိုဝင်ဘာ (၇) ရက်တွင် ပြီးစီးမည်

နောင် (မြစ်မခ) ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုနှင့် ကျောက်မဲမြို့ကြားရှိ ဂုတ်တွင်းလမ်းပိုင် ပြုပြင်ခြင်း လုပ်ငန်းမှာ ရာသီ ဥတုကောင်းမွန်ပါက နိုဝင်ဘာ ၇ ရက်ဝန်းကျင်တွင် ပြီးဆုံးနိုင်မည်ဖြစ်ကြောင်း Oriental Hiway ကုမ္ပဏီမှ သိရှိရသည်။

Read More »

ကလေးမြို့နှင့် သိုင်းငင်းရွာကြား ကားလမ်းပေ(၁၅၀)ခန့် မြေပြိုကျမှုကြောင့် ကားလမ်းများ(၂)ရက်ခန့် ပိတ်မိနေ

ကျော်သူစိုး (မြစ်မခ) တီးတိန်၊ အောက်တိုဘာ(၃၁)ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ကြား ကားလမ်းပိုင်း တစ်နေရာသည် အောက်တိုဘာ(၂၉)ရက်၊ နေ့လည်(၁၂း၀၀)နာရီခန့်မှ စတင်ကာ အလျားပေ(၁၅၀)ခန့်မြေပြို ကျမှုကြောင့် အောက်တိုဘာ(၃၁)ရက်အထိ ကားများလမ်းပိတ်မိနေကြောင်း တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

Read More »

မော်လမြိုင်-ချောင်းဆုံပြေးဆွဲနေသည့် ရေယာဉ်များကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရှိ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးလျှက်ရှိ

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ အောက်တိုဘာ (၂၄)ရက်။ မွန်ပြည်နယ်၊ မော်လမြိုင်-ချောင်းဆုံပြေးဆွဲနေသည့် ရေယာဉ်များ အန္တရာယ်ကင်းရှင်းစေရန် မွန်ပြည်နယ် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ရေယာဉ်များကို အစဉ်အမြဲ စစ်ဆေးလျှက်ရှိကြောင်း အဆိုပါဌာနမှ သိရှိရသည်။

Read More »

တောင်ကြီး-နမ့်စန် ခရီးစဉ် ပိတ်သိမ်းပြီးနောက် တောင်ကြီး-ထိရိ ခရီးစဉ်အား ခရီးသည် (၄၀)ဝန်းကျင်ဖြင့်သာ နေ့စဉ် ပြေးဆွဲနေရ

သီဟ(မြစ်မခ) တောင်ကြီး၊ အောက်တိုဘာ(၂၀)ရက်။ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးဘူတာမှ ပြေးဆွဲနေသည့် ရထားခရီစဉ်များအတွင်း တောင်ကြီး-နမ့်စန် ခရီးစဉ် ပိတ်သိမ်းပြီးနောက် လက်ရှိ ပြေးဆွဲပေးလျှက်ရှိသည့် တောင်ကြီး-ထိရိ ခရီးစဉ်အား ခရီးသည် (၄၀)ဝန်းကျင်ဖြင့်သာ နေ့စဉ် ပြေးဆွဲနေရကြောင်း တောင်ကြီးဘူတာရုံမှ သိရှိရသည်။

Read More »

နောင်ချိုနှင့် ကျောက်မဲမြို့ကြားရှိ ဂုတ်တွင်းလမ်းပိုင်းကို အောက်တိုဘာ ၁၉ ရက်နေ့တွင် စတင်ပြုပြင်မည်

နောင်(မြစ်မခ) လားရှိုး၊ အောက်တိုဘာ (၁၈) ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုနှင့် ကျောက်မဲမြို့ကြားရှိ ဂုတ်တွင်းလမ်းပိုင်းအား ယာဉ်ကြောပိတ်ဆို့ပြီး ယာဉ်မတော်တဆမှုများမှ ကင်းဝေးစေရန်အတွက် Oriental Hiway ကုမ္ပဏီမှ လမ်းပြုပြင်ခြင်းကို အောက်တို ဘာ ၁၉ တွင်စတင်မည်ဖြစ်ကြောင်း သိရှိရသည်။  

Read More »