Friday , September 22 2017
Home / သတင်း / Transportation (page 21)

Transportation

တရားမ၀င်ကုန်သွယ်မှု လျှော့ချရန် Mobile Teamအဖွဲ့မှ ဆောင်ရွက်နေ

မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းဂိတ်များအား လျှော့ချပြီးနောက် ပြည်ပ၌နိုင်ငံများနှင့်ကုန်စည် ကူးသန်းရောင်းဝယ်ရာတွင် တရားမ၀င် တင်သွင်းမှု၊ တင်ပို့မှုများများပြားလာသည့်အတွက် ပင်လယ်ရေကြောင်းကုန်သွယ်ကဏ္ဍအား ထိခိုက်မှုများရှိလာကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။ “ တချို့သောကုန်သည်လုပ်ငန်းရှင်တွေကတော့ တရားမ၀င်ကုန်သွယ်မှုလုပ်ငန်းတွေ ဆောင်ရွက် လာတာကြောင့် တရားမ၀င်ကုန်သွယ်မှု လုပ်ငန်းတွေ ကြီးထွားလာတယ် ကြီးထွားလာတဲ့အခါ ကျတော့ ပုံမှန်ပင်လယ်ရေကြောင်းတွေက သွင်းနေတဲ့ ကုန်ပစ္စည်းတွေက ပင်လယ်ဆိပ်ကမ်း ကနေ မလာတော့ဘဲနဲ့ မြ၀တီလမ်းကြောင်းကနေပြီးတော့ တရားမ၀င်တင်သွင်းလာတယ်၊ ဒီနယ်စပ်ကနေ တရားမ၀င်ကုန်သွယ်မှုတွေဟာ ပင်လယ်ရေကြောင်းကုန်သွယ်မှုတွေကိုပါ ထိခိုက်လာတဲ့ အနေ အထားမျိုး ကျွန်တော်တို့ တွေ့ရှိရပါတယ်။” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန မှညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး ပြောသည်။

Read More »

မန္တလေးနှင့်နေပြည်တော်သို့ တိုးချဲ့ပြေးဆွဲနိုင်ရန် MAI စီစဉ်

နိုင်ငံတကာသို့ ပျံသန်းပြေးဆွဲနေသော MAI (Myanmar Airways International) လေကြောင်းလိုင်း မှပြည်တွင်းခရီးစဉ်လေကြောင်းလိုင်းသစ်များ တိုးချဲ့ပြေးဆွဲနိုင်ရန် မြန်မာ့လေကြောင်းဦးစီးဌာနသို့ ခွင့်ပြု မိန့်တင်ထားကြောင်း သိရှိရသည်။ “ပြည်တွင်း ခရီးစဉ်တွေ ပျံသန်းခွင့်ရဖို့အတွက် သက်ဆိုင်ရာကို ခွင့်ပြုမိန့် တောင်းထားပါတယ်၊ ခွင့်ပြု မိန့်ကျတာနဲ့ တစ်ပြိုင်နက် ပြည်တွင်းခရီးစဉ်တွေကို ပြေးဆွဲသွားမှာပါ”ဟု MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူ ဒေါ်အေးမရသာက ပြောသည်။ လက်ရှိတွင် MAI လေကြောင်းလိုင်းသည် ခရီးသည် ၁၀၀ ကျော်ဆံ့ AirBus လေယာဉ် (၈)စီးဖြင့် နိုင်ငံတကာခရီးစဉ်များကို ပျံသန်းလျက်ရှိပြီး လေယာဉ်နှင့်ခရီးသည်လုံခြုံမှုအပိုင်းကို နိုင်ငံတကာမှ သတ်မှတ်ထားသည့် စံနှုန်းအတိုင်း လိုက်နာလုပ်ဆောင်နေသည့် လေကြောင်းလိုင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။

Read More »