Friday , September 22 2017
Home / သတင်း / Transportation (page 20)

Transportation

၁၀၅မိုင်ကုန်သွယ်ရေးစခန်အား ရှောင်ကွင်းဝင်ရောက်နေသည့် မှောင်ခိုပစ္စည်းများရှိလာ

မူဆယ်-၁၀၅မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းအား ရှောင်ကွင်း၍ တရုတ်နိုင်ငံမှအချိုမှုန့်နှင့်ဆပ်ပြာမှုန့်များမှာ ရှမ်းပြည်မြောက်ပိုင်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ လိုက်ထရပ်ကားများနှင့် မှောင်ခိုတင်သွင်းလျှက် ရှိကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများထံမှသိရသည်။ `များသောအားဖြင့် ဆပ်ပြာနဲ့အချိုမှုန့်တွေ များတယ်၊ ခုနောက်ပိုင်းဆို ဟန်းဆက်တွေရယ်၊ ဆိုင်ကယ် အပိုပစ္စည်းတွေရယ်၊ စောင်တွေ အ၀တ်တွေပေါ့၊ ကျယ်ဂေါင်-မူဆယ် ကနေ ၁၀၅ မိုင်စစ်ဆေးရေး ဂိတ်အလွန်ထိ ပစ္စည်းထည့်ထားတဲ့ ဂျပ်ဖာတွေကို ဂိတ်ကွင်းလမ်းအတိုင်း ဆိုင်ကယ်နဲ့တင်လာတယ်၊ ဂိတ်ကို လွန်တာနဲ့ လိုက်ထရပ်နဲ့ပြောင်းပြီးပြန်တင်ကြတာ´ဟု မူဆယ်မြို့မှ ကယ်ရီသမားတစ်ဦး က ပြောသည်။

Read More »

၁၀၅မိုင်နှင့်အေရှားဝေါလ်ဂိတ်ကြားမှ ယာဉ်ကြောပိတ်ဆို့မှုအား ထိရောက်စွာဖြေရှင်းပေးစေလို

ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၅ မိုင် အေးရှားဝေါလ်စစ်ဆေးရေးဂိတ်နှင့် မူဆယ်အေးရှားဝေါလ် စစ်ဆေးရေးဂိတ် ကြားတွင် ကားမဆင်မခြင် ရပ်နားမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုမှာ တစ်နေ့ တခြားပိုမိုဆိုးရွားလာကြောင်း ယာဉ်မောင်းသူများထံက သိရှိရသည်။ အေးရှားဝေါလ် စစ်ဆေးရေးဂိတ်နှင့် မူဆယ်အေးရှားဝေါလ် စစ်ဆေးရေးဂိတ်အကြား၌ ဇန်န၀ါရီလ(၁၇)ရက်နေ့ နေ့လည် (၂)နာရီမှ ယာဉ်ကြောပိတ်ဆို့မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီလ(၂၀)ရက်နေ့ နံနက်အထိ ယာဉ်အစီးပေါင်း (၁၀၀၀)၀န်းကျင် ရပ်တန့်ခဲ့ရကြောင်း သိရသည်။

Read More »

လေယာဉ်ခ အနည်းငယ်မြင့်တက်ပြီးနောက် လက်မှတ်ရရန် အရင်လို မခက်ခဲ

စစ်တွေ-ရန်ကုန် လေကြောင်းခရီးစဉ်များအတွက် လေယာဉ်လက်မှတ်ဝယ်ယူရာ၌ ယခင်က တစ်ပတ်ကျော် ကြာသည့်အခါများရှိခဲ့သော်လည်း နောက်ပိုင်းတွင် လက်မှတ်ဝယ်ယူရန်ကြန့်ကြာမှု မရှိတော့ကြောင်း ဒေသခံတို့က ဆိုသည်။ ယခင်က စစ်တွေ-ရန်ကုန် လေကြောင်းခရီးစဉ်များအတွက် လက်မှတ်များကိုကြိုတင်ဝယ်ယူရာတွင် ကြန့်ကြာမှု များ ရှိခဲ့သည်။

Read More »

ပုသိမ်-ရန်ကုန် ကားခများ၌ ကုန်သွယ်ခွန်တိုးမြှင့် ကောက်ခံမည်

ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ နေ့စဉ်ထွက်ခွာနေသော ခရီးသည်တင်လိုင်းကားခများကို ဇန်န၀ါရီလ အတွင်း တိုးမြင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ပုသိမ်ကားလက်မှတ်အရောင်းဌာနများထံမှ သိရှိ ရသည်။ ပုသိမ်-ရန်ကုန်ကားလက်မှတ်နှုန်းခမှာ သုံးထောင် ကျပ်ဖြစ်ပြီး ထပ်မံတိုးမြှင့်မည့် နှုန်းထားမှာ ကုန်သွယ်ခွန်(၁၅၀)ကျပ် အသက်အာမခံ(၁၀၀)ကျပ် နှင့် အခြားဝန်ဆောင်မှုအတွက် (၂၅၀)တိုးမြှင့် မည်ဖြစ်၍ ခရီးသည်တစ်ဦးတစ်တွက် (၃၅၀၀)ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။

Read More »

သွားလာပို့ဆောင်ရေး ဥပဒေသစ်ရေးဆွဲ တင်ပြမည်

သွားလာပို့ဆောင်ရေးနှင့် သက်ဆိုင်သည့် ဥပဒေတစ်ရပ်အား အသစ်ရေးဆွဲမည်ဖြစ်ပြီး အတည်ပြု ပြဌာန်းနိုင်ရန် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ဥက္ကဌ ဦးကြည်သိန်းက ဆိုသည်။ “ကျွန်တော်တို့ အခုအစည်းအဝေးမှာ တိုင်ပင်မှာပါ ပြီးတော့ ကိုယ်တိုင်ရေးဆွဲပြီးတော့ လွှတ်တော်ကို တင်ပြမှာပါ” ဟု ရန်ကုန်မြို့တော် အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ ဥက္ကဌ ဦးကြည်သိန်းက ပြောသည်။ အဆိုပါ အာဏာပိုင်အဖွဲ့အနေဖြင့် ပို့ဆောင်ရေးနှင့်ဆိုင်သော ဥပဒေကို ကိုယ်တိုင်အသစ် ရေးဆွဲ ရခြင်းမှာ ပြည်သူများအနေဖြင့် လက်ရှိဥပဒေအပေါ်လိုက်နာမှု အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟုလည်း သိရသည်။

Read More »