Friday , September 22 2017
Home / သတင်း / Transportation (page 10)

Transportation

 မုံရွာ – အလောင်းတော်ကဿပ ဘုရားဖူးယာဉ်လိုင်းများ ဒီဇင်ဘာ ၂၀ တွင် ပြန်လည်ပြေးဆွဲမည်

နန္ဒ(မြစ်မခ)   စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် အလောင်းတော်ကဿပဘုရားသို့ ပြေးဆွဲနေသော ဘုရားဖူး ခရီးသည်တင် ယာဉ်လိုင်းများ ဒီဇင်ဘာ(၂၀)ရက်တွင် ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက် လျှက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။ “စက်ယန္တရားတွေနဲ့ တုပ်ရိုက်တာတို့၊ မြေဖို့တာတို့ လုပ်နေတာ ပြာပုံတောင်အထိ ရောက်နေပြီ။ ဒီဇင်ဘာ(၂၀) ရက်လောက်မှာ စဖွင့်နိုင်အောင်ကြိုးစားနေပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက ပြောသည်။

Read More »

မန္တလေးမြို့ရှိ မရမ်းကန်နှင့် ဂေါဝိန်ဆိပ်ကမ်းများတွင် ရေလမ်းဖြတ်သန်းခ ဒီဇင်ဘာလ ၁ ရက်မှ စတင် ကောက်ခံမည်

ထက်မြက် (မြစ်မခ) မန္တလေး – နိုဝင်ဘာလ (၁၇) ရက်။ မန္တလေးမြို့ရှိ ဧရာဝတီမြစ်ဆိပ်ကမ်းများဖြစ်သည့် မရမ်းကန်ဆိပ်ကမ်းနှင့် ဂေါဝိန်ဆိပ်ကမ်းများတွင် မြစ်ကြောင်း သွားရေယာဉ်များအား ရေလမ်းဖြတ်သန်းခကို ဒီဇင်ဘာလ ၁ ရက်တွင် စတင်ကောက်ခံမည်ဖြစ်ကြောင်း အထက်မြန်မာပြည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရှိရသည်။ “ ရေလမ်းပြုပြင်ဆောင်ရွက်ခသဘောနဲ့ ဆောင်ရွက်တာပါ၊ အဓိက ရေလမ်းပြုပြင်ဖို့နဲ့ ရေယာဉ်တွေမှာ သတ်မှတ်ထားတဲ့ ရေစူးနဲ့မောင်း၊ မမောင်းစစ်ဆေးဖို့အတွက် လုပ်ဆောင်တာပါ။” ဟု အထက် မြန်မာပြည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဇော်က ပြောသည်။

Read More »

ရန်ကုန်မြို့ပတ်ရထားများ ပြေးဆွဲမှု (၉၃)ရာခိုင်နှုန်းထိ အချိန်မှန်လာ

ရန်ကုန်မြို့တွင်း မြို့ပတ်ရထားများပြေးဆွဲမှုမှာ နိုဝင်ဘာလ ပထမပတ်အတွင်း (၉၃) ရာခိုင်နှုန်းထိ အချိန်မှန်လာပြီး နောက်ကျသည့် မြို့ပတ်ရထားခရီးစဉ်(၁၅)ခေါက် ရှိခဲ့ကြောင်း မြန်မာ့မီးရထား လုပ်ငန်း၏ သွားလာရေးဌာနမှ သိရသည်။ “ခုရထားနောက်ကျတာတွေ လျော့ကျသွားပြီ။ ရုံးတက်ရုံးဆင်းချိန်တွေ အဓိကမှန်အောင် လုပ်နေ ပါတယ်။ ရထားမှန်လာတဲ့အတွက် ရထားကိုအားပေးကြပါ။ ဒီထက်အချိန်မှန်အောင်လည်း လုပ် ဆောင် သွားမှာပါ”ဟု မြန်မာ့မီးရထား သွားလာရေးဌာနမှ လက်ထောက်မန်နေဂျာ ဦးညီညီလွင်က ပြောသည်။

Read More »

ရေကြီးမှုကြောင့် ချင်းပြည်နယ် နတ်ဇံတံတားပျက်ဆီးသွားသဖြင့် ကျီခါးမြို့နယ်ခွဲနှင့် ဆက်သွယ်ရခက်ခဲနေ

Zomi Times (မြစ်မခ)   ချင်းပြည်နယ် တွန်းဇံနှင့်ကျီခါးကြားဆက်သွယ်ထားသည့်မဏိပူရမြစ် နတ်ဇံတံတားသည် ဩဂုတ်လအတွင်း မြစ်ရေတိုက်စားသွားပြီးနောက် ယခုအချိန်ထိပြန်လည်တည်ဆောက်ခြင်းမရှိသဖြင့် ကျီခါးမြို့နယ်ခွဲသည် တွန်းဇံနှင့် အဆက်အသွယ်ပြတ်တောက်ပြီး အခက်အခဲကြုံရသည်မှာ ၃ လ ရှိပြီဖြစ်ကြောင်း သိရှိရသည်။ “တွန်းဇံမြို့နယ်နှင့် ကျီခါးမြို့နယ်ခွဲ ဆက်သွယ်ရာတွင် မဏိပူရမြစ်ဖြတ်သန်းရန် ဒီတံတားတစ်ခုသာရှိတယ်။ တံတားရေတိုက်စားပြီးနောက်ပိုင်းတွန်းဇံသို့ ရုံးစာပို့လိုပါကအရင်ကကျီခါး – ကန်ဆောက် – စိန်ဂဲလ် – တွီးခီအန် – မွလ်ကွေး – နတ်ဇံ – တွန်းဇံသို့သွားရာယခုကျီခါး – မာအိုဝမ်- ဆိုင်ပီမွလ် – ဇမ်ပီးမှ တီးတိန် မြို့နယ်သို့ ဝင်ပြီး လလ်တာ – ဆွောင်စံ -တွီးထန် – …

Read More »

အများပိုင်ဘတ်စ်ကားယာဉ်လိုင်းစနစ် ရန်ကုန်တွင် လာမည့်နှစ်ဆန်းစတင်မည်

ယမုံ (မြစ်မခ) ရန်ကုန်မြို့တွင် အများပိုင်ဘတ်စ်ကားယာဉ်လိုင်း(BRT) စနစ်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် စတင် ပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း အများပိုင် ဘတ်စ်ကားယာဉ်လိုင်း ဖြစ်မြောက်ရေးကော်မတီမှ သိရှိ ရသည်။ “ရန်ကုန်မြို့မှာက နေ့စဉ်လူဦးရေ(၂)သန်းကျော်လောက်က ဘတ်စ်ကားကို အသုံးပြုနေကြတယ်။ အများပြည် သူတွေအတွက် ဘတ်စ်ကားက အရေးကြီးတယ်။ ရထားစီးတဲ့သူက တစ်သိန်းလောက်ပဲ ရှိတယ်။ လက်ရှိမှာက ကားအုံနာတွေက ဒရိုင်ဘာတွေကို ငွေရှာခိုင်းတဲ့ စနစ်ဖြစ်နေတယ်။ ဒရိုင်ဘာ တွေကလည်း ကားတွေကို သူတို့ ရပ်ချင်တဲ့နေရာမှာ ရပ်နေကြတယ်။ ဘေးကင်းလုံခြုံ စိတ်ချမှု လည်းမရှိဘူး။ ဆရာတို့ကတော့ တစ်ဦးတည်းပိုင် ဆိုင်မှုကနေ အများပိုင်ဆိုင်မှုကို ပြောင်းမှာပါ။ ဒရိုင်ဘာကို ပိုက်ဆံရှာခိုင်းတဲ့ စနစ်မဟုတ်ဘူး။” ဟု …

Read More »