Tuesday , April 11 2017
Home / သတင်း / Transportation

Transportation

၂၀၁၇ သင်္ကြန်ကာလမတိုင်ခင် မန္တလေး-မူဆယ်လမ်းပိုင်းယာဉ်လိုင်းများ ယာဉ်စီးခတိုးမြှင့်ကောက်ခံမည် မဟုတ်

မင်းခန့် (မြစ်မခ) မန္တလေး၊ မတ် (၂၄) ရက်။ မန္တလေး-မူဆယ် ကားလမ်းပိုင်းတွင် ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်းများအနေဖြင့် သင်္ကြန်မတိုင်ခင် ကာလအတွင်း ယာဉ်စီးခများတိုးမြှင့်ကောက်ခံမည် မဟုတ်ကြောင်း ပြည်ကြီးမျက်ရှင်ကားဝန်းရှိ ယာဉ်လိုင်းများထံမှ သိရှိရသည်။

Read More »

ထားဝယ်-ရန်ကုန်-ကော့သောင်းပြေးဆွဲနေသည့် Apex Airlines ပျံသန်းချိန်နာရီ(၅၀၀၀)ပြည့်ပြီဖြစ်သဖြင့် ခရီးစဉ်ပြေးဆွဲမှု ခေတ္တရပ်နား

သီဟ(မြစ်မခ) ထားဝယ်၊ ဖေဖော်ဝါရီ (၁၆)ရက်။ ထားဝယ်-ရန်ကုန်-ကော့သောင်းပြေးဆွဲနေသည့် လေကြောင်းလိုင်းတစ်ခုဖြစ်သော Apex Airlines လေကြောင်းလိုင်းမှ ART 72 လေယာဉ်မှာ ပျံသန်းချိန်နာရီ(၅၀၀၀)ပြည့်သွားပြီဖြစ်သဖြင့် ခရီးစဉ် ပြေးဆွဲ မှုများကို ဖေဖော်ဝါရီ ၁၅ ရက်မှ မတ် လ ၆ ရက်အထိ ခေတ္တရပ်နားကာ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

Read More »

ပဲခူးတိုင်းအတွင်း ဧပြီ(၁)ရက်မှ စတင်၍ သတ်မှတ်တန်ချိန်ထက်ကျော်လွန် တင်ဆောင်လာသည့် ကားများအား တိုးဂိတ်များမှ ဖြတ်သန်းသွားလာခြင်း ခွင့်မပြုတော့

မျိုးမြတ် (မြစ်မခ) ပဲခူး၊ ဖေဖော်ဝါရီ (၉)ရက်။ ပဲခူးတိုင်းဒေသကြီးအတွင်း ဧပြီ (၁)ရက်မှ စတင်၍ သတ်မှတ်တန်ချိန်ထက်ကျော်လွန်ပြီး တင်ဆောင်လာသည့် ယာဉ်များအား လမ်းအသုံးပြုခွင့်ကောက်ခံသော တိုးဂိတ်များမှ ဖြတ်သန်းသွားလာခြင်း ခွင့်မပြုတော့ကြောင်း ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ဆောက်လုပ်ရေး၊ လမ်းဦးစီးဌာနမှ သိရှိရသည်။

Read More »

ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းပေါ်ရှိ ရာမောင်ကြိုးတံတား ဖြတ်သန်းသွားလာခွင့်ကို ဇန်နဝါရီ(၅)ရက်မှ စတင်ခွင့်ပြု

ပန်လှအောင် (မြစ်မခ) မင်းပြား၊ ဇန်နဝါရီ (၅)ရက်။ ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းပေါ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ရာမောင်ကြိုးတံတား ဖြတ်သန်း သွားလာခွင့်ကို ဇန်နဝါရီ(၅)ရက်မှ စတင်၍ ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

Read More »

လားရှိုးမြို့ရှောင်လမ်းမဖွင့်ပေးလိုက်သဖြင့် ကွတ်ခိုင်မြို့နယ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်

နောင် (မြစ်မခ) လားရှိုး၊ ဒီဇင်ဘာ (၁၉)ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေး-မူဆယ်သွားပြည်ထောင်စုလမ်းမကြီးပေါ်တွင် လားရှိုးမြို့ရှောင်လမ်းကို ဒီဇင်ဘာ ၁၈ ရက်တွင် စတင်ဖွင့်လှစ်ပေးလိုက်သော်လည်း ကွတ်ခိုင်မြို့နယ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

Read More »