Monday , June 5 2017
Home / သတင်း / ခရီးသွားလာရေးသတင်း (page 2)

ခရီးသွားလာရေးသတင်း

ထားဝယ်မြို့ရှိ ဟိုတယ်များ သင်္ကြန်ကာလအတွက် ကြိုတင်မှာယူထားမှုများကြောင့် အခန်းပြည့်

သီဟ (မြစ်မခ) ထားဝယ်၊ မတ် (၂၉) ရက်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ဟိုတယ်များတွင် အခန်းကြိုတင်မှာယူထားမှုကြောင့် သင်္ကြန်ကာ လအတွက် အခန်းများအားလုံးနီးပါးပြည့်နေပြီဖြစ်ကြောင်း ဒေသတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရှိရသည်။ အခန်းများကြိုတင်မှာယူမှုကြောင့် ပြည့်နေပြီဖြစ်သော်လည်း အခန်းခနှုန်းထားများကို ပိုယူထားခြင်းမရှိဘဲ ညစာ (ဘူဖေး)အတွက် တစ်ဦးလျှင်ငွေကျပ်(၁၀၀၀၀) မယူမနေရသတ်မှတ်ထားကြောင်း ထားဝယ်မြို့ရှိ Diamon Crown ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အများစုကတော့ ခရီးသွားကုမ္ပဏီတွေကနေတစ်ဆင့် ကြိုမှာကြတာများတယ်။ အခန်းကတော့ အားလုံးပြည့် နေပြီ။”ဟု Diamond Crown ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးပြောသည်။

Read More »

ထားဝယ်ခရိုင်အတွင်းသို့ နိုင်ငံခြားသားခရီးသွားများ ထီးခီးနယ်စပ်မှ အဖွဲ့လိုက်ဝင်ရောက်မှုများလာ

  သီဟ (မြစ်မခ) ထားဝယ်၊ မတ် (၂၈) ရက်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းသို့ ထီးခီးနယ်စပ်မှ တဆင့် နိုင်ငံခြားသားခရီးသွားများ အဖွဲ့ လိုက်ဝင်ရောက်မှု ယခုနှစ်အတွင်းများပြားလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးတပ်ဖွဲ့ (ထားဝယ်)မှ သိရှိရသည်။ ၂၀၁၆ ခုနှစ်အတွင်း ခရိုင်သို့ ထီးခီးနယ်စပ်မှ အဖွဲ့လိုက်ပြည်ပခရီးသွားဝင်ရောက်မှုအရေအတွက်မှာ တစ်နှစ်လုံးတွင် (၈)ဖွဲ့ခန့်သာရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ဇန်နဝါရီလမှ မတ်လအတွင်းထိဝင်ရောက်မှုမှာ (၅)ဖွဲ့အ ထိရှိလာကြောင်း သိရသည်။

Read More »

မြတ်မော်တင်စွန်းဘုရားပွဲတော်သို့ လာရောက်သူများ လေ့လာနိုင်ရန် ဆင်စခန်းဖွင့်လှစ်ထား

  မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ မတ်လ(၁၀)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရား ပွဲတော်သို့ ကုန်းလမ်းခရီးဖြင့် လာရောက်သည့် ဘုရားဖူးများအတွက် ပုသိမ်-မော်တင်ကားလမ်းမဘေး ငရုတ်ကောင်း တောင်အနီးရှိ ဆင်(၃)ကောင်ကို လေ့လာနိုင်ရန် ယာယီစခန်းဖွင့်ထားပေးပြီး လာရောက်သူများပြားလျှက် ရှိကြောင်း သိရှိရသည်။ ပုသိမ်-မော်တင်ကားလမ်း ၅၁ မိုင်၊ ၂ ဖာလုံရှိ တင်းချောင်းကျေးရွာအနီး ထန်းတပင်ဆင်ဝိုင်းတွင် စွယ်စုံဆင်(၂) ကောင်၊ ဆင်မ(၁)ကောင်ထားရှိပြီးထန်းတပင်ရွာအတွင်းနှင့် ငရုတ်ကောင်းတောင် ပတ်ဝန်းကျင်သို့ ဆင်စီး နိုင်ခြင်း၊ ဆင်အစာကျွေးနိုင်ခြင်း၊ ဆင်နှင့်အတူ ဓါတ်ပုံရိုက်နိုင်ခြင်းများကို ပြုလုပ်နိုင်အောင် စီစဉ်ထားကြောင်း ထန်းတပင်ဆင်ဝိုင်းတာဝန်ရှိသူများထံမှ သိရသည်။

Read More »

လားရှိုးမြို့နယ်အတွင်းရှိ ပန်ခေါ်ရေတံခွန်သို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်မှုများပြား

နောင် (မြစ်မခ) လားရှိုး၊ ဖေဖော်ဝါရီ (၂၂) ရက်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ ပန်ခေါ်ရေတံခွန်(ဒေသအခေါ်)ခြောက်ထပ်ရေတံခွန် သို့ နိုင်ငံခြားသားခရီးသွားများ လာရောက်ပတ်မှုများပြားနေကြောင်း ဒေသတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု အဖွဲ့မှ သိရှိရသည်။

Read More »

ဂျာမနီနိုင်ငံသားများ ပါဝင်သည့်အဖွဲ့ မြဝတီ-မဲဆောက်ဝင်ထွက်ဂိတ်မှ မြန်မာပြည်တွင်းသို့ လည်ပတ်ရန် ဝင်ရောက်လာ

ထိန်လင်းအောင် (မြစ်မခ) မြဝတီ၊ ဖေဖော်ဝါရီ  (၁၅) ရက်။ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီ-မဲဆောက်ဝင်ထွက်ဂိတ်မှ ဂျာမနီနိုင်ငံသားများပါဝင်သည့်အဖွဲ့ မြန်မာနိုင်ငံအတွင်း လည်ပတ်ရန် ဖေဖော်ဝါရီ ၁၄ ရက်က Diethelm Travel Myanmar Tourism ကုမ္ပဏီ၏ အစီအစဉ်ဖြင့် ဝင်ရောက်လာကြောင်း သိရှိရသည်။

Read More »