Tuesday , November 28 2017
Home / သတင်း / ခရီးသွားလာရေးသတင်း (page 19)

ခရီးသွားလာရေးသတင်း

မြင်းလှည်းနှင့်ဆိုက်ကားဆရာများကို ဧည့်လမ်းညွှန်အဖြစ် အသုံးပြုများ ရှိနေသည့် ပုဂံဒေသ

ပုဂံရှေးဟောင်းယဉ်ကျေးမူနယ်မြေအတွင်း ဧည့်လမ်းညွှန်မလုံလောက်မူကြောင့် ဒေသခံမြင်းလှည်းနှင့် ဆိုက်ကားဆရာများအား ဧည့်လမ်းညွှန်အဖြစ် အသုံးပြုနေရကြောင်း ဒေသခံများထံက သိရသည်။ “ပုဂံမှာဒေသခံဧည့်လမ်းညွှန်က(၁၃၅)ယောက်ပဲရှိပါတယ်၊ အခုလိုဧည့်သည်တွေ အ၀င်များလာတော့ ဧည့်လမ်းညွှန် မလုံလောက်မှုတွေ ရှိလာတယ်”ဟု ပုဂံဒေသတွင်းဧည့်လမ်းညွှန် ဥက္ကဌ ဦးဇော်ဝင်းချို က ပြောသည်။ ယင်းကဲ့သို ဧည့်လမ်းညွှန်မလုံလောက်မှုကြောင့် နိုင်ငံခြားဘာသာစကားတက်ကျွမ်းစွာ ပြောဆို တက်သော ဒေသခံများကို ခေါ်ယူအသုံးပြုနေရကြောင်း ၄င်းက ဆက်ပြောဆိုသည်။ “ဧည့်သည်တွေက ၂၀၁၃ခုနှစ် နှစ်စမှာတောင် တော်တော်လေး ၀င်ရောက်နေတယ်၊ ပြီးခဲ့တဲ့ လတွေကလည်း လာပါတယ်၊ အခုကပိုပြီးတော့ ပိုပြီးများလာတာပေါ့၊ ဒီမှာ ဧည့်လမ်းညွှန် မလုံလောက်မှုတွေနဲ့ ဟိုတယ်မလုံတွေ ရှိနေပါတယ်”ဟု ပုဂံရှေးဟောင်းဦးစီးဌာမှ ဦးနိုင်ဝင်းက ပြောသည်။

Read More »

ပုဂံဒေသ၌ ခရီးသည်များအတွက် Tourist Police အရေးတကြီးလိုအပ်နေ

 ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမူနယ်မြေအတွင်း ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မူများပြားလာ ခြင်းကြောင့် ခရီးသွားများအတွက် လုံခြုံရေးလိုအပ်ချက်များရှိလာကြောင်း ဒေသခံတို့ကဆိုသည်။ “Tourist Police ပေါ့။ Tourist ရဲ့လုံခြုံရေး အရေးပေးမူတွေ ကျွန်တော်တို့ ပုဂံမှာ တော်တော်လေး အားနည်းနေတယ်။ Tourist Police တွေကို ချထားပေးသင့်တယ်။ ကျွန်တော်တို့ ပုဂံဒေသရဲ့ စီးပွားရေးက ကမ္ဘာလှည့် ခရီးသည်ပေါ်မှာ မူတည်နေကြတာလေ။ အဲဒါကြောင့် သူတို့ရဲ့လုံခြုံရေးကို ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးသင့်တယ်”ဟု ပုဂံယဉ်ကျေးမူထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကိုမင်းနိုင်အောင်က ပြောသည်။ ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မူများပြားလာခြင်းနှင့်အတူ ဟိုတယ်/တည်းခိုခန်းများ လုံလောက်မူ မရှိခြင်း၊ ခရီးသည်များ၏ သွားလာမူအတွက် ဧည့်လမ်းညွှန် အင်အားအားနည်းပါးခြင်း၊ စေတီပုထိုး များ၏ ကြံ့ခိုင်မူအားနည်းခြင်း စသည့်အချက်များကြောင့် ခရီးသည်များမှာ စိတ်အနှောက်အယှက် ဖြစ်ပေါ်လာနိုင်ပြီး ခရီးသည်ဝင်ရောက်မူ ကျဆင်းလာနိုင်ကြောင်း …

Read More »