Friday , September 29 2017
Home / သတင်း / ခရီးသွားလာရေးသတင်း (page 18)

ခရီးသွားလာရေးသတင်း

နိုင်ငံခြားသား ခရီးသွားလုံခြုံရေး ကယားပြည်နယ်ဝန်ကြီး အကြံပေး

နိုင်ငံခြားသားခရီးသွားများမှာ ကယားပြည်နယ်အတွင်းလာရောက်လေ့လာလိုပါက လေ့လာလိုသည့်နေရာများ၌ရှိသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ခွင့်ပြုချက် ကြိုတင်တောင်းခံပါရန် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောသည်။ ကယားပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးစကားပြောဆိုဆဲကာလ ဖြစ်သည့်အလျောက် မလိုလားအပ်သော ပြဿနာဖြစ်ပွားမှုများမှ ကာကွယ်နိုင်ရန်အတွက် ယခုကဲ့သို့ပြောရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

Read More »

ခရီးသွားဝန်ဆောင်မှုကဏ္ဍအတွက် နံပါတ်အပြာ သုံးရမည်ဖြစ်သော်လည်း နံပါတ်နက် အသုံးပြုမှုများနေ။

ပြည်တွင်းနိုင်ငံခြားသားခရီးသွားလာရေးဝန်ဆောင်မှု ကဏ္ဍအတွက် မြန်မာ့ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဋ္ဌာနတွင် လိုင်စင်လျှောက်ပြီး နံပါတ်အပြာ များကိုသာ အသုံးပြုခွင့်ပြုပေးထားသော်လည်း၊ တရားဝင် အသိမှတ်ပြု ထားခြင်းမရှိသည့် နံပါတ်အနက်နှင့် အနီရောင်များကိုပါ အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။ မြန်မာ့ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဋ္ဌာနက နိုင်ငံခြားသား ခရီးသွားလာရေး ၀န်ဆောင်မှု ကဏ္ဍတွင် အသုံးပြုရမည့် ကားများကို လိုင်စင်လျှောက်ထားပြီး နံပါတ် အပြာများနှင့် တရားဝင်သတ်မှတ်ပေးထားကြောင်း ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အဆိုပါတရားဝင်သတ်မှတ်ထားသော ကားများကိုသာ သုံးစွဲသင့်ကြောင်း၊ သုံးစွဲကြရန်လည်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများနှင့်ဟိုတယ်ဇုန်များ အလိုက် ပညာပေးထားပြီး ဖြစ်ကြောင်း မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဋ္ဌာန၊ မြန်မာ့ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဋ္ဌာနမှ ပြောဆိုချက် အရ သိရှိရသည်။

Read More »

ရွှေတိဂုံဘုရားသို့ ထိုင်းလူမျိုး အများဆုံးဝင်ရောက်ချိန် ပါကစ္စတန်နိုင်ငံသား အနည်းဆုံးဖြစ်နေ

ယခုနှစ်အတွင်း ရွှေတိဂုံဘုရားသို့ နိုင်ငံခြားသားခရီးသွား ၀င်ရောက်မှုတွင် ထိုင်းနိုင်ငံသား အများဆုံး ၀င်ရောက်လျက်ရှိပြီး ပါကစ္စတန်နိုင်ငံမှ အနည်းဆုံး ၀င်ရောက်ခြင်း ဖြစ်သည်ဟု ဘုရားဂေါပကအဖွဲ့မှ သိရသည်။ နှစ်လအတွင်း ရွှေတိဂုံဘုရားသို့ နိုင်ငံခြားသား လာရောက်လည်ပတ်မှုမှာ ၄သောင်းကျော် ရှိသည့်အနက် ထိုင်းနိုင်ငံမှ ၅၆၀၀ (ငါးထောင် ခြောက်ရာ) ဦး အများဆုံးလာရောက်ဖူးမျှော်ခဲ့ခြင်းဖြစ်ကာ အနည်းဆုံး လည်ပတ်သည့် ပါကစ္စတန်နိုင်ငံမှ၂ (နှစ်)ဦး လာရောက်ခဲ့ကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့မှ သိရသည်။

Read More »

နိုင်ငံခြားသားခရီးသွားများအတွက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်သင့်တဲ့ အချိန်

နိုင်ငံခြားသားခရီးသွားများအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သီးခြားလုံခြုံရေးအဖွဲ့ (Tourism Police) များအား ဖွဲ့စည်းထားသော်လည်း ၎င်းအဖွဲ့မှာနိုင်ငံခြားသားများအတွက် ထိရောက်စွာ ဆောင်ရွက် ပေးနိုင်ခြင်းကြောင်း ခရီးသွားကုမ္ပဏီများနှင့် ဧည့်လမ်းညွှန်များကဆိုသည်။ ထို့ကြောင့် သီးခြားလုံခြုံရေးအဖွဲ့ (Tourism Police)များအား အရေအတွက်သာမက အရည် အချင်းကိုလည်း ယခုထက်ပို၍ တိုးမြှင့်ပေးသင့်ကြောင်းကိုလည်း ခရီးသွားကုမ္ပဏီများက အကြံပြုပြောဆိုသည်။

Read More »

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ထိုက်တန်သောဝန်ဆောင်မှုပေးနိင်ရေးအတွက် ကြိုးပမ်းသင့်

လာမည့် ၂၀၁၃-၂၀၁၄ ခရီးသွားနှစ်အတွက် ဆောက်လက်စဟိုတယ်အသစ်များ၌ပင် အခန်းကြိုတင် မှာယူမှုများ ပြည့်နေသောကြောင့် ခရီးသွားကုမ္ပဏီများအနေဖြင့် အခက်ကြုံနေရသည်။ “ဟိုတယ်ကြီးတွေဆို ၂၀၁၄ ခုနှစ် ထိ အခန်းလုံးဝမရတော့ဘူး။ကြိုတင်မှာထားတဲ့အခန်းတွေ ပြည့်နေလို့ ဆောက်လက်စ ဟိုတယ်တွေမှာ အခန်းကြိုတင် ယူနေရတယ်။ အရင်လာတုန်းက ကြယ်ငါးပွင့်၊ကြယ်လေးပွင့် လို ဟိုတယ်တွေမှာတည်းခဲ့တဲ့ ဧည့်သည်တွေကို အရင်ကျွန်တော်တို့ မသုံးတဲ့ သူထက်နိမ့်တဲ့ ဟိုတယ်တွေကို ပြောင်းပေးရတယ်။ ဒီတော့ သူတို့က မနေချင်ဘူး။ ဒီလိုပဲ ဟိုတယ်နဲ့ နိုင်ငံခြားသားဧည့်သည်တွေကြား အဆင် ပြေအောင် ညှိယူနေရတယ်။” ဟု Myanmar Tourism Service မှ ကိုအောင်မွန်ထွေးက ပြောသည်။

Read More »