Monday , June 5 2017
Home / သတင်း / ခရီးသွားလာရေးသတင်း (page 10)

ခရီးသွားလာရေးသတင်း

မိုးယွန်းကြီးအင်းသို့ ၂၀၁၅ အတွင်း ခရီးသွားဝင်မှုနည်း

မျိုးမြတ် (မြစ်မခ) ပဲခူး၊ ဇန်နဝါရီ(၂၅)ရက်။ မြန်မာနိုင်ငံရှိ ကမ္ဘာ့အရေးကြီးဆုံးရေတိမ်ဒေသ (Ramsar Site) အဖြစ်၂၀၀၅ ခုနှစ်တွင် သတ်မှတ်ခံရသော မိုးယွန်းကြီးအင်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောသို့ အပန်းဖြေ လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ခရီးသည် အရေအတွက်မှာ၂၀၁၅ ခုနှစ်တွင် လျော့နည်းခဲ့ကြောင်း သိရှိရသည်။ မိုးယွန်းကြီးအင်းသို့ လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသည် အရေအတွက်မှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး၂၀၁၄ ခုနှစ်အတွင်း ပြည်တွင်းခရီးသည်(၁၁၂၈၀)ဦးနှင့် နိုင်ငံခြားသား (၃၃၃)ဦးတို့ ရှိပြီး၂၀၁၅ ခုနှစ်တွင် ပြည်တွင်းခရီးသည်(၁၈၂၁၃)ဦးနှင့် နိုင်ငံခြားသား (၃၀၂)ဦးတို့ လာရောက်ခဲ့ကြောင်း သိရသည်။

Read More »

ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ နိုင်ငံခြားခရီးသွား ဝင်ရောက်မှုများလာ

ဇောင်းညီ(မြစ်မခ) ကျိုင်းတုံ၊ ဇန်နဝါရီ(၁၉)ရက်။ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု တိုးတက်လာကြောင်း ကျိုင်းတုံမြို့ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။ အဆိုပါ ဒေသသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တစ်ခုလုံးတွင် နိုင်ငံခြားခရီးသွား(၁.၄)သန်းဝင်ရောက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လကျော်ခန့်လိုသေးသည့် ဇန်နဝါရီလထိ ခရီးသွား(၁.၆)သန်းထိ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

Read More »

ရှေးဟောင်းမင်းလှခံတပ်သို့ မြစ်ကြောင်းမှ နိုင်ငံခြားသားခရီးသွား သုံးထောင်ကျော် ဝင်ရောက်

သီဟလွင် (မြစ်မခ) မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိသော ရှေးဟောင်းမင်းလှခံတပ်သို့ ၂၀၁၅ ခုနှစ်အ တွင်း ရေကြောင်းသွားလာရေးသင်္ဘောများမှ နိုင်ငံခြားသားခရီးသွားဧည့်သည်(၃၂၀၀)ကျော် ဝင်ရောက်ခဲ့ ကြောင်း မင်းလှမြို့အခြေစိုက် ရှေးဟောင်းသုတေသနဦးစီးဌာနမှ သိရှိရသည်။ အဆိုပါ ခရီးသွားများမှာ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ နယူးဇီလန်၊ ကနေဒါ စသည့် နိုင်ငံများနှင့် အာရှတိုက်တွင်းရှိ နိုင်ငံအချို့မှလာရောက်လည်ပတ်ကြခြင်းဖြစ်ကြောင်း သိရသည်။

Read More »

၂၀၁၆ ခုနှစ် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ခရီးစဉ်သစ်များ ဖော်ဆောင်ရန်လိုအပ်

ကြယ်စင်လင်း (မြစ်မခ) ရန်ကုန်၊ ဇန်နဝါရီ(၁၄) ရက်။ ၂၀၁၆ ခုနှစ်ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရန် ရှိပြီးသားနေရာများထက် တိုင်းရင်းသားဒေသများမှ သဘာဝ အလှများရှိသည့် ဒေသများသို့ ခရီးစဉ်သစ်များ ဖော်ဆောင်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံဧည့်လမ်းညွန်များ အသင်း အကြံပြုပြောဆိုချက်အရ သိရှိရသည်။ သဘာဝအလှများရှိသည့် တိုင်းရင်းသားဒေသများဖြစ်သော ပဒေါင်၊ ပလောင်၊ ဘိတ်၊ ကော့သောင်း၊ ထားဝယ် ဒေသများအနေဖြင့် သွားလာရေး၊ ခွင့်ပြုမိန့် အခက်အခဲရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွန်များအသင်းမှ ဗဟိုအလုပ်မှုဆောင် ဦးထွန်းမြတ်က ပြောသည်။

Read More »

ပုဂံယဉ်ကျေးမှုနယ်မြေကို လေ့လာနိုင်ရန် Buggy Car များဖြင့် ကားအစီးရေ တိုးမြှင့်ပြေးဆွဲ

ဝေဖြိုး(မြစ်မခ) မန္တလေး၊ ဇန်နဝါရီလ (၁၄) ရက်။ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှုနယ်မြေကို လေ့လာနိုင်ရန်အတွက် Buggy Car များ ငှားရမ်းမှု ပိုမိုမြင့်တက်လာခြင်းကြောင့် ကားအစီးရေ တိုးမြှင့်ပြေးဆွဲလာရကြောင်း Buggy Car  ငှားရမ်းသည့်  ကိုယ်စားလှယ်ထံမှ သိရှိရသည်။ “ကျွန်မတို့ဒီ Buggy Car တွေကို ဒီဇင်ဘာလမှစပြီး ပုဂံနန်းတော်ရာထဲမှာ ပြေးဆွဲတာပါ။ အခုတော့ ပုဂံ တစ်မြို့လုံးနီးပါး ပြေးဆွဲနေတယ်။ ငှားရမ်းမှုကတော့ အခုဇန်န၀ါရီလမှာ များလာပါတယ်။”ဟု Buggy Car ငှားရမ်းဌာနမှ ကိုယ်စားလှယ် ဒေါ်ဟန်နီက ပြောသည်။

Read More »